ကိုမင်းကိုနိုင် လယ်သမားတွေနဲ့ တွေ့ဆုံ

Published On: Mon, Jun 25th, 2012
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်း ကျေးရွာမှာရှိတဲ့ ကွင်းအမှတ် (၁၁၂၆-ခ)က လယ်ယာမြေတွေကို ပင်လယ်ကိုးသွယ် ကုမ္မဏီနဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး သိမ်းယူခဲ့တာကြောင့်
ဒေသခံ လယ်သမားတွေမှာ အခက် တွေ့နေကြတယ် ဆိုလို့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ဒဂုံဆိပ်ကမ်း မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာ မျိုးအောင် ဦးဆောင်
တဲ့ NLD အဖွဲ့ဝင်တွေနဲ့ ရှေ့နေ ကိုဖိုးဖြူ အပါအဝင် လူဦးရေ ၅၀ လောက်က ဒေသခံ လယ်သမားတွေကို ဇွန်လ ၂၂ ရက်နေ့က သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။ ကိုမင်းကိုနိုင်က ဒီ လယ်မြေ ပြဿနာကို
အမှန်တရားအတိုင်း ထုတ်ဖော် ပေးမယ်ဆိုတာကို ဒေသခံ လယ်သမားတွေအား ပြောဆိုခဲ့သလို ရှေ့နေ ကိုဖိုးဖြူကလည်း လယ်ယာမြေ ဥပဒေတွေနဲ့ ပတ်သက်လို့ ရှင်းပြ ပြောဆို သွားခဲ့ပါတယ်။
Burma VJ



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: