ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် မြောက်ကိုးရီးယားထံမှ လက်နက်မျိုးစုံဝယ်ယူနေ။



ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် မြောက်ကိုးရီးယားထံမှ လက်နက်မျိုးစုံကွန်တိန်နာ အလုံး၄၀ကျော်ဝယ်ယူရရှိထားကြောင်းနယ်စပ်သတင်းရပ်ကွက်ကဆိုပါသည်။ ၂၀၁၁ မှ ၂၀၁၂ အတွင်း ဝတပ်မတော်မှ လက်နက်ကြီးငယ်မျိုးစုံကို မြောက်ကိုးရီးယားထံမှ လက်နက်ကုန်သည် (ထိုင်း ၊ မြန်မာ ၊ လော သုံးနိုင်ငံသားခံယူထားသူ )မှတဆင့်ဝယ်ယူထားပါတယ်လို့  ဝတပ်ဖွဲ့ နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။
ကွန်တိန်နာတလုံးအပေါ် အမြတ်ငွေ အနည်းဆုံး ဒေါ်လာ၃သိန်းခန့် ရရှိကြောင်း ကိုးရီးယား ဗီယက်နမ် လာအို့  အစိုးရအရာရှိများ နှင့် အခြားဒေသအတွင်း အရာရှိများပေးအပြီး အမြတ်ငွေ ဒေါ်လာ ၃သိန်းကျန်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောသည်။
မတ်လ ၂၈ ရက်နေ့ က မိုင်းခပ်အခြေစိုက် ဗျူဟာမှုးဗိုလ်မှုးကြီးသက်နိုင်ဝင်း က မိုင်းလားနှင့် ဝတပ်ဖွဲ့  အား စစ်အင်မတိုးချဲ့ ရန်နှင့် နိုင်ငံခြားမှ လက်နက်မဝယ်ရန် အစိုးရတပ်ကို ယှဉ်နိုင်မည် မဟုတ် ( ကျိုင်းတုံ ဒေသခံတွေမှ အသံကြားရတဲ့ အချိန်မှာ ပန်ဆမ်းကို ဗုံးကြဲနေပြီ ။ ထိုမျှ တိုက်ခိုက်နိုင်စွမ်းအားရှိ လေယာဉ်များ အစိုးရတပ်မှာ ရှိကြောင်း)
ဟု ပြောဆိုခြိမ်းခြောက်ခဲ့ ကြောင်း ဝခေါင်းဆောင် မိုင်းလားခေါင်းဆောင် တို့ နှင့်နီးစပ်သူတဦးကသျှမ်းသံတော်ဆင့်သတင်းဌာနသို့ ပြောပါသည် ။





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: