လေတပ်ပါ ပါရတော့မယ် ။

 
မှတ်ချက် ။ ဒီလိုမျိုးဖြစ်အောင်ဖန်တီးပြီး နောက်မှ တပ်မတော်က ဝင်ရောက်ကယ်တင်ခဲ့ရပါတယ် ဆိုတာရောမဖြစ်နိုင်ဘူးလား ။
မိတ္ထီလာ လေတပ်လည်း အသင့်အနေအထား ပြင်


Yangon Press International
နံနက်၊ ၀း၅၆ နာရီ၊ ဇွန်လ ၉ ရက်၊ ၂၀၁၂၊ YPI
မောင်တော နှင့် ဘူးသီးတောင်တို့တွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများ၊ မငြိမ်မသက်မှုများနှင့်အတူ နယ်စပ်လုံခြုံရေးအတွက် လိုအပ်လျင် အသုံးပြုနိုင်ရန် မိတ္ထီလာလေတပ်ကိုလည်း အသင့်အနေအထား ပြင်ဆင်ထားကြောင်း မိတ္ထီလာ လေတပ်အသိုင်းအ၀ိုင်းမှ သိရှိရသည်။ ။ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မောင်တောမြို့တွင်းသို့ ဘူးသီးတောင်နှင့် မောင်တောအကြား အခြေစိုက်သည့် တပ်ရင်းများမှ စစ်တပ်များ လွန်ခဲ့သည့် မိနစ်ပိုင်းအတွင်း ၀င်ရောက်လာပြီး မောင်တောမြို့တွင်းရှိ မြို့တွင်း နေအိမ်များ ရပ်ကွက်များအတွင်း ပိတ်မိနေသည့် ရခိုင်လူမျိုးများအား ရှာဖွေကယ်ထုတ်နေသည်ဟု မောင်တောမြို့ခံတဦးက ဆက်သွယ် ပြောဆိုသည်။ 
  • ယင်းတပ်များ ၀င်လာနေစဉ်မှာပင် ဗိုလ်မှူးရွာဘက်မှ ဘင်္ဂါလီလူမျိုး လူအုပ်စုလည်း မကွဲသေးပဲ တက်လာနေသည်ဟု ယင်းမြို့ခံက ပြောသည်။ သေနတ်သံများ လေးဘက်လေးတန်မှ ကြားနေရကာ ၎င်းတို့အနေဖြင့် မအိပ်နိုင်ပဲ အခြေအနေကို နားစွင့်နေကြရသည်ဟုလည်း ပြောသည်။ စစ်တပ်အသိုင်းအ၀ိုင်းမှ ရရှိသည့် ခိုင်လုံသည့် အခြား သတင်းတရပ်အရ ရခိုင်ပြည်နယ်ရှိ စစ်တပ်အင်အား အများစုမှာ ဘူးသီးတောင်၊ မောင်တော မြို့နယ်များသို့ လက်နက်ပြည့် ကျည်ပြည့်ဖြင့် ရောက်ရှိနေကြပြီဟု ဆိုသည်။ ယနေ့နေ့လည်ပိုင်းက အဖြစ်အပျက်နှင့် ယခုလတ်တလော ပစ်ခတ်မှုများတွင် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO Rohingya Solidarity Organization အဖွဲ့မှ ပါဝင်ပတ်သက်နိုင်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။ ယင်း RSO အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းတွင် အခြေစိုက်သည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။ 
  • ရိုဟင်ဂျာ စခန်းတွင် တာလီဘန်များ စစ်သင်တန်းပေးဖူးကြောင်း စီအန်အန် သတင်းတရပ်တွင် ဖေါ်ပြခဲ့ဖူးသည်။ မောင်တောမြို့ မြို့မကညင်တန်းကုန်း ရပ်ကွက်တွင် ဘင်္ဂါလီလူစုလူဝေးမှာ ယခုည ၁၁နာရီကျော်သည် အထိ မကွဲသေးပဲ သေနတ်ပစ်ဖေါက်သံများလည်း ကြားနေရသည်ဟု ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် ခိုလှုံနေသည့် မောင်တောမြို့ခံတဦးက YPI သို့ပြောသည်။
  •  စစ်တပ်အင်အား မလုံလောက်သည့်အနေအထားကို ည်း တွေ့မြင်နေရသည်ဟု ၎င်းက ပြောဆိုကာ တမြို့လုံးတွင် စစ်ကားတစီးသာ မြင်တွေ့ရသေးသည်ဟုလည်း ဆိုသည်။ယနေ့နေ့လည်ပိုင်းက စတင်သည့် မောင်တောမြို့ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖြစ်ပွားသည့် မငြိမ်မသက်မှုများကို ထိန်းသိန်းရန် ရဲတပ်ဖွဲဝင်များ ပြီးခဲ့သည့် မိနစ်ပိုင်းက စတင်ပစ်ခတ်နေကြပြီဟု မြို့ခံတဦးက YPI သို့ပြောသည်။ ရဲနှင့် ဘေးကင်းရာသို့ရွှေ့ပြောင်းသည့် လူအုပ်ကို ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ဆိုသူ၏ တိုက်အိမ် ၃ ထပ်မှ စတင်ပစ်ခတ်သည့်နောက် ရဲများက ၎င်းတို့အားပြန်လည်ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မောင်တောမြို့ပေါ်တွင် ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ၏ နေအိမ် သုံးထပ်ပေါ်မှ လူအင်အား ၁၀ ဦးခန့်ဖြင့် လူအုပ်ထဲသို့ သေနတ်ဖြင့်ပစ်ခတ်နေခြင်း ဖြစ်သည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။
  •  မောင်တောနှင့် ဘူးသီးတောင်အကြား ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်တွင် လက်နက်များ သိုဝှက်ထားသည့် သတင်းများ ယခင်ကတည်းက ရရှိထားသည်ဟု ဘူးသီးတောင် အခြေစိုက် တပ်ရင်းတရင်းမှ အမည်မဖေါ်လိုသူ တပ်အရာရှိ တဦးက ပြောသည်။ ယခုပစ်ခတ်မှုများမှာ ယင်းလက်နက်သိုဝှက်ထားမှုနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရှိရပါ။ ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိသူများလည်း ရှိပြီး မောင်တောဆေးရုံသို့ တင်ပို့ထားရသည်ဟု သိရသည်။ ဒဏ်ရာရသူအရေအတွက်ကိုမူ မသိရှိရသေးပါ။ လူမျိုးရေး အကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည့် အခြားအဖြစ်အပျက်တခုမှာ မောင်တောမြို့ရှိ ဆရာဝန်ဖြစ်သူ ဒေါက်တာဦးခင်မောင်လတ် နှင့် ဇနီးဖြစ်သူအား ဘင်္ဂါလီလူမျိုး အိမ်ဖေါ်ဖြစ်သူက ဓါးနှင့် ထိုးသဖြင့် ဇနီးဒေါ် သန်းသန်းရင်မှာ သေဆုံးသွားပြီး ဒေါက်တာ ဦးခင်မောင်လတ်အား ဆေးရုံသို့တင်ပို့ထားရသည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။ ။ 
  • စစ်တွေမြို့အနီးဆိုက်ကပ်ထားသည့် စစ်သင်္ဘောကို မောင်တောမြို့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင် စောင့်ရှောက်ဖို့ ယနေ့ညတွင်ပင် ထွက်ခွာရန်ပြင်ဆင်နေပြီဟု စစ်တွေမြို့ ရေတပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။ မောင်တောမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်ကြောင့် ဒဏ်ရာရသူ (၃၀ ) ကျော်ရှိသည်ဟု မြို့ခံများက ပြောသည်။ သမ္မတရုံး အရာရှိကြီးတဦးကမူ ယနေ့ညဦးပိုင်းထိ ရရှိသမျှသတင်းအရ ၄ ဦးသေ ၁ ဦးဒဏ်ရာရရှိသည်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။ ။ မောင်တောမြို့တွင် ယနေ့မွန်းလွဲပိုင်းမှ စတင် ဖြစ်ပွားခဲ့သည့် သည့် မီးရှို့မှုများ၊ လုယက်မှုများနှင့်အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် မောင်တောမြို့ စည်ပင်သာယာ နယ်နိမိတ်တွင် ည ၆နာရီမှ နံနက် (၆) နာရီထိ ညမထွက်ရ အမိန့်နှင့် လူ (၅) ယောက်ထက်ပို၍ စုဝေးခြင်း မပြုရဟု ပုဒ်မ (၁၄၄) အရ ထုတ်ပြန်လိုက်ပြီဖြစ်သည်။ 
  • ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် ခိုလှုံနေရသူ မောင်တောမြို့ခံ ကိုထူးက နောက်ဆုံး အခြေအနေကို ည၈နာရီခွဲတွင် YPI သို့ပြောဆိုရာတွင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ခြင်းကို ၎င်းအနေဖြင့် မကြားသိသေးကြောင်း ၊ စွန့်ပစ်ထားခဲ့သည့် နေအိမ်များမှ ပစ္စည်များအား လုယူသွားမှုရှိနေသဖြင့် ၎င်းတို့၏ နေအိမ်သို့ ပစ္စည်းယူဆောင်ရန် လူအုပ်စုဖြင့် သွားစဉ် ဘင်္ဂါလီလူမျိုး အကြမ်းဖက်သူများက ဒါးများ၊ ဒုတ်များဖြင့် လိုက်လာ၍ ပြန်လှည့်လာခဲ့ရသည်ဟု ဆိုသည်။ လမ်းပေါ်တွင် ရဲများကို မတွေ့ရတော့ပဲ လုံထိန်းရဲများကိုမူ တွေ့ခဲ့ရသည်ဟုလည်း ကိုထူးက ပြောသည်။ 
  • ၎င်းက “ကျွန်တော်တို့ ဘ၀တွေတော့ စုတ်ပြတ်သတ်သွားပါပြီ” ဟု ပိုင်ဆိုင်မှု ဆုံးရှုံးမည့်အရေးကို စိုးရိမ်စွာဖြင့် ပြောသည်။ မောင်တောမြို့ ရှိ INGO ၀န်ထမ်းများမှာ နေအိမ်မီးရှို့မှုများ အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် UNHCR ရုံးဝင်းအတွင်းသို့ ပြေးဝင်ခိုလှုံနေရကြောင်းလည်း သိရှိရသည်။ ယင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအတွင်းတွင် ခိုလှုံသူ ၅၀၀ ခန့်ရှိသည်ဟု အမည်မဖေါ်လိုသည့် အန်ဂျီအိုဝန်ထမ်းတဦးက ပြောသည်။ အချို့ဝန်ထမ်းမိသားစုများမှာ နီးစပ်ရာ မြန်မာဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသည်ဟုလည်း ယင်းဝန်ထမ်းက ပြောသည်။ ရခိုင်ရပ်ကွက်များတွင် အရပ်သားများက အလှည့်ကျ ကင်းစောင့်လျှက်ရှိပြီး ပြင်ပသို့ ဖုန်းပြောဆိုရာတွင်လည်း အသံတိုးတိုးသာ ပြောဆိုရဲကြသည်ဟု ခိုလှုံနေသူက ပြောသည်။ 
  • သမ္မတရုံး အရာရှိဖြစ်သူက ၎င်း၏ ဖေ့စ်ဘွတ်တွင် “မောင်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့် ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ၅ ဦး (သို့မဟုတ်) ၅ ဦးထက် ပိုသောသူများ စုဝေးခြင်း မပြုရန်နှင့် ညနေ(၁၈၀၀) နာရီအချိန်မှ နံနက်(၀၆၀၀) နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ အရ ထုတ်ဆင့်လိုက်သည်” ဟု အမိန့် ကြေညာချက် အပြည့်အစုံကို ဖေါ်ပြထားသည်ကို တွေ့ရသည်။ ။ မောင်တောမြို့ အခြေအနေကို ယင်းမြို့ ဗိုလ်မှူးရွာ မှ အသက် ၄၀ ၀န်းကျင် ရခိုင်အမျိုးသမီးတဦးက ပြောပြရာတွင် မြို့လည် သဇင်တည်းခိုခန်း မီးလောင်ကျွမ်းသွားကာ ယူနိုက်တက်တည်းခိုခန်းမှာ မီးရှို့ရန်ကြိုးစား သော်လည်း မီးမလောင်ပဲ ဖျက်ဆီးခံလိုက်ရသည်ဟု ဆိုသည်။ 
  • အချို့ရပ်ကွက်များတွင် လူနေအိမ်များမီးရှို့ခြင်း ရွှေထည်ပစ္စည်းများ လုယူခြင်းများရှိနေသဖြင့် ၎င်းအနေဖြင့် လုံခြုံသည့်နေရာတွင် ယခုလောလောဆယ် ပုန်းရှောင်နေရကြောင်း ၊ ရဲစခန်းနှင့် နီးသည့်နေရာ ရခိုင်လူမျိုးများသည့်နေရာများတွင် စုစည်းနေထိုင်နေကြသည်ဟု ၎င်းက ပြောသည်။ မောင်တောမြို့မှ စံပြရွာလည်း ဖျက်ဆီးခံရသည့်အထဲတွင် ပါဝင်ကြောင်း၊ ယခုအကြမ်းဖက် ပစ္စည်းလုယူခြင်းများကို ရဲများအနေဖြင့် ပစ်ခတ်နှိမ်နှင်းခြင်း ပြုသည်ကို မတွေ့ရဘဲ သေနတ်မိုးပေါ်ထောင်ဖေါက်ကာ လူစုခွဲခြင်းမျိုးသာ တွေ့မြင်ရသည်ဟု ဆိုသည်။ အထက်မှ ပစ်မိန့်မပေးသေးကြောင်းလည်း သိရသည်။ ဘူးသီးတောင်မြို့အနီးရှိ စစ်တပ်ရင်း တခုမှ အရာရှိတဦးက ၎င်းတို့တပ်ဖွဲ့များကို အနီရောင် အဆင့်အသင့်အနေအထားဖြင့် တပ်လှန့်ထားကြောင်း၊ အကြမ်းဖက်မှုများကို နှိမ်နှင်းခြင်းထက် ယခုလိုလူမျိုးရေး အဓိကရုဏ်းများဖြစ်ပွားခြင်းကြောင့် တဖက်နိုင်ငံမှ စစ်တပ်များ ၀င်ရောက်လာနိုင်သည့် အနေအထားအတွက် တပ်လှန့်ထားခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ နောက်ထပ် ရရှိသည့် သတင်းများအရ ဗိုလ်မှူးရွာတွင် လူနေအိမ် ၁၅ လုံးမီးလောင်ကျွမ်းခံရပြီး ၃ ဦးအသတ်ခံရသည်ဟု သိရှိရသည်။ 
  •  သေဆုံးမှု သတင်းကို သီးခြားအတည်မပြုနိုင်သေးပါ။ မောင်တောမြို့လူဦးရေ၏ ၉၈ ရာနှုန်းနှင့် ဘူးသီးတောင်မြို့ လူဦးရေ၏ ၉၀ ရာနှုန်းမှာ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီလူမျိုးများ ဖြစ်သည်။ နိုင်ငံတော် သမ္မတရုံးမှ အရာရှိတဦးဖြစ်သူ ကလောင်အမည် မှူးဇော် ၏ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ယခုအဖြစ် အပျက်နှင့်ပတ်သက်၍ အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံကို “ နိုင်ငံတော်အစိုးရအနေဖြင့် ယင်းသို့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရန် အမြန်ဆုံး ဆောင်ရွက်လျက် ရှိပါသည်။ ထိန်းမနိုင် သိမ်းမရ အနေအထားမျိုး မဖြစ်စေရန် လုံလောက်သော လုံခြုံရေး တပ်ဖွဲ့များဖြင့် အချိန်မီ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အထူးအလေး ထား ဆောင်ရွက်လျက် ရှိနေပါသည်။  
  •  မိဘပြည်သူများ စိတ်အေးအေးထားကြပါရန်နှင့် သက်ဆိုင်သော နီးစပ်သူများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းကြရန် တိုက်တွန်း ကြစေလိုပါသည်” ဟုဖေါ်ပြထားသည်ကိုတွေ့ရသည်။ ။

 We Fight We Win မှယူတယ်



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: