အမေရိကန်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ နောက်ကြောင်းကို မပြန်နိုင်တော့ပါဘူး - လို့ ဆိုဘဲဟ
Published on November 30, 2011 by နေသွင်
ရွေးကောက်ပွဲတွင် ကျောင်းသားအုပ်စုအတွက် ၅ နေရာသတ်မှတ်ပေးမည်
Published on November 29, 2011 by ရွှေအောင်
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်တဲ့အခါ ကျောင်းသား ကိုယ်စားလှယ်ငါးဦးအတွက် မဲဆန္ဒနယ် ၅ နေရာပေးဖို့ လျာထားတယ်လို့ သိရပါတယ်။
ကိုမောင်မောင်စိုးကွယ်လွန်
ကိုမောင်မောင်စိုး (တပ်ရင်း-၂၁၀ စောထစခန်း-A.B.S.D.F) သည်
ယမန်နေ့ည(၁၀း၀၀)နာရီတွင် fort Wayne (Indiana) ၌ bronchitis အဆုပ်ရောဂါဖြင့်ကွယ်လွန်သွားပါကြောင်း ၀မ်းနည်းကြေကွဲစွာဖြင့် ရဲဘော်အပေါင်းတို့ အား အကြောင်းကြားအပ်ပါသည်။
“ကိုမောင်မောင်စိုး ကောင်းရာသုဂတိလားပါစေ။”
(We Fight We Win မှယူပါတယ်)
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ သမိုင်းတွင် ခရီးစဉ်
ကိုဝိုင်း | အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၆ မိနစ်
ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမား ဒေါ်အောင်ဆန်းစုကြည်
ဝါရှင်တန်အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမား ၁၀၀ ရွေးချယ်ရာတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်း ဖော်ပြလိုက်သည်။
မြန်မာပြည်က အနုပညာရှင်များ လွတ်လပ်စွာထုတ်ဖေါ်ပြသခွင့် မရှိကြောင်း The Independent မှာ ဝေဖန်
အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၉၊ ၂၀၁၁
ဆီးချို ရောဂါရှင်များ ကိုလက်စထရော ကျစေရန်
ဆီးချိုရောဂါ ရှိသူများတွင် သွေးကြောတွင်း သကြားဓာတ်နှင့် အဆီဓာတ် (ကိုလက်စရော) ပမာဏ မြင့်တက် နေတတ်ကြ သည်။
သွေးတွင်း ကိုလက်စရော မြင့်မားခြင်းသည် သွေးတိုးရောဂါနှင့် နှလုံးသွေးကြော ကျဉ်း ရောဂါများ နှင့် ဆက် စပ်နေ၍ ဆီးချိုဝေဒနာရှင်များတွင် ဤရောဂါများကို ကာကွယ်ရန် လွယ်ကူသော ကိုလက်စရော ချပေးနိုင်သည့် အစား အစာ အချို့ကို ဖော်ပြလိုက်ပါသည်။
အုတ် (Oat)
၎င်းသည် ကိုယ်တွင်း အဆီဓာတ်ကို စုပ်ယူနိုင်သည်။ အာဟာရလည်း ကြွယ်ဝသည်။
သစ်ကြားသီး
၎င်းတွင် Vitamin E ကြွယ်ဝ၍ ခန္ဓာကိုယ်ကို ဥပါဒ်ပေးနိုင်သောအဆီ ဓာတ်ကို ထုတ်လုပ်ခြင်းမှ ဟန့်တားနိုင် သည်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူသည် အသည်းမှ အဆီထုတ်လုပ်မှုကို လျှော့ကျစေသည်။ အမျှဓာတ် အသီးအရွက် များများ စားခြင်းဖြင့် အူလမ်းကြောင်းတစ်လျှောက် အဆီစုပ်ယူ မှုကို လျှော့ကျစေသည်။
ပန်းသီး
ပန်းသီးအခွံတွင် ပါဝင်သော ဓာတုဗေဒဒြပ်တစ်မျိုးသည် သွေးကြော နံရံအတွင်းအဆီစုပုံခြင်းမှ ကာကွယ်နိုင် သောကြောင့် သွေးကြောကျဉ်းခြင်းကို လျှော့ကျစေသည်။
ပဲအမျိုးမျိုး
ပဲတွင် ပျော်ဝင် စုတ်ယူနိုင်သော အမျှင်ဓာတ် ပါရှိ၍ ၄င်းက အသည်းတွင်း အဆီဓာတ် ထုတ်လုပ်မှုကို ဟန့်တားနိုင် သည်။ ပဲပိစပ် ၄င်းသည် သွေးတွင်း ကိုလက် စရော ပမာဏကို ချေဖျက်နိုင်စွမ်းရှိသည်။
အာဏာရှင် သတ်မှတ်တဲ့ ဆူပူမှု့ 
Aung Htun
88 အာဏာသိမ်း စစ်ခေါင်းဆောင် စောမောင် ကနေစ တွက်ယင် ၂၃ နှစ် လုံးလုံး စစ်ကောင်စီရဲ့  စစ်အုပ်ချုပ်ရေး အောက်မှာပဲ ပိပြားဝတ်တွား ခစားခဲ့ရတဲ့  အခြေအနေတွေ နဲ့  ရပ်တည်ခဲ့ ရတယ်လို ဆိုယင်မှားမည် မထင်ပါ။ စစ်ကောင်စီ ဆိုတဲ့  နေရာမှာ သမတ တို့  ပါလီမာန်တို့  ဆိုတဲ အခေါ်အဝေါ်ပြောင်းလဲမှု့ ကိုလိုချင်လာတဲ့  အတွက် လုပ်ဆောင်ရမဲ့  အချက်အလက်တွေ ကို အန်ဝင်ဂွင်ကျ လိုက်လုပ်ယင်းမှ ပါလာတဲ့  အထိုက်အလျှောက် လွတ်လပ်ခွင့် ကို ခံစားခွင့်ရတဲ့  နိုင်ငံသားများနည်းတူ ပျော်ရွှင်ရပါသည်။ သို့ သော်လည်း အေးချမ်းသာယာသည့်  ဘ၀ တခုအတွက် အာမာ့ခံချက် မရှိသည့်  စစ်အာဏာရှင် ကြိုးကိုင် ဟန်ပြ ဒီမိုကရေစီစနစ်အောက် မှ လွတ်လပ်ရေး ရပြီဟု အော်နေလိုတော့  မပြီးပါ " အေးချမ်းမှု့ မရှိ၍ အေးချမ်းမှု့ ကို အေးချမ်းသောနည်းဖြင့် တောင်းခံခြင်းကို ဆူပူသည်" ဟု အယူရှိနေသော အာဏာရှင်များကို ဆက်လက်တော်လှန်နေရမည် မှာ သမိုင်းတာဝန်တရပ်ပင်ဖြစ်သည်။
အရှုံးတွေ ထွေးပွေ့ အမုန်းတရားတွေ တိုးဆင့်နေတဲ့ အကျိုးမဲ့နေသော မြန်မာနိုင်ငံ ပြည်တွင်းစစ်
by Ko Baloi on Saturday, November 26, 2011 at 4:45am
Depression (စိတ်ကျရောဂါ)
ပြောရမလားတော့မသိဘူး။တက်သစ်စ လူငယ်တွေမှာ တစ်ခုခုဆို "ငါတော့ Depression ၀င်နေပြီထင်တယ်ကွာ"" စိတ်ညစ်လိုက်တာ...” "ငါကဘာမှအသုံးမကျတဲ့လူပါ..သေတာမှကောင်းဦးမယ်" စတဲ့စကားတွေက အတော်ပဲ ရေပန်းစားလာပါတယ်။ ပါးစပ်က ပြောရုံပြောရင်တော့ ပြဿနာမရှိဘူးပေါ့ဗျာ။
အဓိက ပြဿနာကတော့ စိတ်ညစ်စိတ်ပျက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ဖို့မကြိုးစားတော့ပဲ မလုပ်သင့်တာတွေ လုပ်မိတဲ့အခါပါပဲ။ လူငယ်ဆိုတဲ့အသက်အရွယ်မှာ ကိုယ်စိတ်ထင်တာ ဖြစ်ချင်တာကို တဇွတ်ထိုးလုပ်တတ်တဲ့ ဥာဉ်လေးတွေရှိနေတတ်တော့ စိတ်ညစ်လာတဲ့အခါ မလုပ်သင့်တာတွေလုပ်မိရင်း မလိုလားအပ်တဲ့ အကျိုးဆက်တွေဖြစ်လာတတ်ပါတယ်။
ဒီလို ပြောနေလို့ ကျွန်တော်က လူကြီးလားဆိုတော့ မဟုတ်ပါဘူး ..ကျွန်တော်ကိုယ်တိုင်လဲ ဒီလူငယ်တွေထဲက လူငယ်တစ်ယောက်ပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ညစ်စရာတွေ စိတ်ပျက်စရာတွေကြောင့် တဇွတ်ထိုးလုပ်မိရင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာတွေကိုမြင်မိတဲ့အခါ ..လူငယ်အချင်းချင်းတကယ်ကိုနှမျောမိပါတယ်၊ အခိုက်အတန့်ခဏလေးမှာ ပေါ်လာတဲ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ ကိုယ့်စိတ်ညစ်တာတွေ အဆုံးသတ်သွားမယ်ဆိုပြီး ဘ၀ကိုအဆုံးသတ်သွားတာတွေတွေ့ရင် ခံစားရတဲ့လူက သူ့ခံစားချက်နဲ့သူဆိုပေမယ့် ကိုယ့်အနေနဲ့ကမဖြစ်သင့်ဘူးဆိုပြီး ရင်လဲနာမိတယ်၊ဒေါသလဲထွက်မိတယ်ပေါ့ဗျာ။ ဒါနဲ့ဒီစာလေးကို ရေးဖြစ်သွားတာပါ။
လူတွေကို ဒုက္ခပေးလေ့ရှိတဲ့ စိတ်ကျရောဂါ (သို့) Depression
စိတ်ကျရောဂါဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နှစ်ခုစလုံးပါဝင်ပတ်သတ်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ စိတ်ကျရောဂါ (Depression) တစ်ခုထဲကတင် တခြားသော စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြသနာ အတော်များများကိုဖြစ်စေနိုင်ပါတယ်။ စိတ်ကျရောဂါ (Depression) ကြောင့် ကိုယ်ရဲ့ လုပ်နေကျ လုပ်ငန်းဆောင်တာတွေမှာ နှောင့်နှေးမှုတွေဖြစ်လာတတ်တယ်၊ အရမ်းဆိုးလာတဲ့အခါမျိုးမှာ လောကမှာ နေရတာ အဓိပ္ပါယ်မရှိဘူးလို့ထင်လာတဲ့အထိ ဖြစ်လာစေပါတယ်။ စိတ်ကျရောဂါဟာ သာမန် နေမကောင်းဖြစ် ဆေးသောက် ပျောက်သွားတဲ့ရောဂါမျိုးမဟုတ်ပါဘူး သူက အချိန်ယူပြိး ကုရတဲ့ရောဂါမျိုးဖြစ်ပါတယ်။
ဘယ်လိုရောဂါလက္ခဏာမျိုးတွေ တွေ့ရတတ်လဲ?

(1) အမြဲဝမ်းနည်းပြီး မပျော်မရွှင်ဖြစ်နေတတ်ခြင်း
(2) ပြဿနာ အသေးအမွှားကိုပင် စိတ်တိုင်းမကျ စိတ်ညစ်ညူးနေတတ်ခြင်း
(3) လုပ်နေကျ လုပ်ငန်းဆောင်တာများတွင် စိတ်ဝင(3) လုပ်နေကျ လုပ်ငန်းဆောင်တာများတွင် စိတ်ဝင်စားမှုလျော့နည်းလာခြင်း
(4) အိပ်မပျော်ခြင်း (သို့) အအိပ်လွန်ခြင်း
(5) အစားသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန် သိသိသာသာကျသွားခြင်း
(6) စကားပြောဆိုခြင်း၊လှုပ်ရှားခြင်း၊တွေးခေါ်ခြင်းများ နှေးကွေးလာခြင်း
(7) ဆုံးဖြတ်နိုင်စွမ်းများ ကျဆင်းလာခြင်း
(8) ပင်ပန်းလွယ်ခြင်း၊ ခွန်အားများကုန်ခန်းနေသည်ဟု ခံစားရခြင်း
(9) မိမိကိုယ်ကိုယ် တန်ဖိုးမရှိဘူး အသုံးမကျဘူး ဟု ခံစားလာရခြင်း
(10) ပြင်းထန်စွာခေါင်းကိုက်ခြင်း ကိုယ်လက်နာခြင်းများ ခံစားလာရခြင်း
(11) ဘ၀ကို အဆုံးသတ်ပစ်ဖို့ မကြာခဏတွေးတောပြောဆိုလာခြင်း စတဲ့ လက္ခဏာတွေ ကို ခံစားလာရတတ်ပါတယ်။ ဒီလက္ခဏာတွေက ယေဘုယျအားဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေဖြစ်ပါတယ်။
ဘာကြောင့် စိတ်ကျရောဂါ(Depression) ဖြစ်ရလဲ?
စိတ်ကျရောဂါဟာ ဘယ်အရင်းအမြစ်ကြောင့်ဖြစ်ရတယ်ဆိုတာ သေချာ မသိရသေးပါဘူး။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ရောဂါတွေတော်တော်များများမှာတော့ ဦးနှောက်ထဲမှာရှိတဲ့ ဓာတုဗေဒဖြစ်စဉ်တွေ ပြောင်းလဲတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုတွေဖြစ်လာတတ်ပါတယ်။ နောက်တစ်ချက်ကတော့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့်ပါ့။ တစ်ချို့ thyroid ဟော်မုန်း မညီမျှတဲ့အခါ အမျိုးသမီးတွေ သွေးဆုံးချိန်(Menopause)တွေမှာလဲ စိတ်ကျရောဂါကိုဖြစ်စေနိုင်ပါတယ်။ နောက်ထပ် အရေးပါတဲ့တစ်ချက်ကတော့ ရုတ်တရတ် ချစ်ခင်ရတဲ့လူ အားကိုးအားထားပြုရတဲ့လူတွေကို ဆုံးရှုံးသွားရတဲ့အခါ၊ ကိုယ့်အတွက် အသက်တမျှ အရေးပါတဲ့အရာတွေကို လက်လွှတ်ဆုံးရှုံးရတဲ့အခါ ရည်မှန်းချက်ကြီးကြီးထားပြီးမှ အကုန်ပျက်စီးသွားရတာ ဖျက်ဆီးခံရတာ စတဲ့ လက်ရှိဘ၀အခြေအနေ ပြောင်းလဲမှုတွေကလဲ စိတ်ကျ ရောဂါကိုဖြစ်စေနိုင်ပါတယ်။
စိတ်ကျရောဂါ (Depression) ဟာ ဘယ်လိုလူတွေမှာဖြစ်နိုင်သလဲ?
Depression ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ် အဓိက အားဖြင့်တော့ အသက်နှစ်ဆယ် နောက်ပိုင်းတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ စိတ်ကျရောဂါ ဖြစ်နိုင်စွမ်းက အမျိုးသားတွေထက် နှစ်ဆပိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးထု တော်တော်များများဟာ စိတ်ခံစားမှုလွယ်တတ်ကြလို့ပါ။ ဖြစ်တတ်တဲ့ အခြေအနေတွေကတော့…..
(1) ကိုယ့်မိသားစုဝင်ထဲမှာ ဒါမှမဟုတ်နီးစပ်ရာမှာ စိတ်ကျရောဂါ ခံစားနေရတဲ့လူရှိခြင်း
(2) အမျိုးသမီး ဖြစ်နေခြင်း
(3) ငယ်ရွယ်စဉ်အခါက စိတ်အနာတရဖြစ်ခဲ့ဖူးခြင်း
(4) မိသားစုဝင်ထဲမှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင် သွားခဲ့သူများရှိခဲ့ဖူးခြင်း
(5) စိတ်ဖိစီးမှုများသော ပတ်ဝန်းကျင်တွင်ရှင်သန်နေရခြင်း
(6) လူမှုဆက်ဆံရေးတွင် အားနည်းခြင်းနှင့် အပေါင်းအသင်းမိတ်ဆွေနည်းပါးခြင်း
(7) ကုသရန်ခက်ခဲသော ရောဂါများခံစားနေရခြင်း
(8) အရက် (သို့မဟုတ်) ဆေးစွဲနေခြင်း
(9) အလွန်အမင်း ဆင်းရဲချို့တဲ့လာခြင်း
(10) မိမိသောက်သုံးနေသော ဆေးများမှ ဘေးထွက်ဆိုးကျိုးအနေနဲ့ စိတ်ကျရောဂါ ခံစားလာရခြင်း တို့ပဲ ဖြစ်ပါတယ်။
စိတ်ကျရောဂါရဲ့ နောက်ဆက်တွဲ ပြသနာများ
(1) မူးယစ်ဆေးဝါးများ စွဲလာခြင်း
(2) အလွန်အမင်းစိတ်ပူပန်ခြင်း စိတ်ဖိစီးတစ်နေ့တစ်ခြားများလာခြင်း
(3) နှလုံးရောဂါနှင့် အခြားသော ရောဂါများဖြစ်လာခြင်း
(4) မိသားစုနှင့်ပတ်ဝန်းကျင်တွင် မကြာခဏ အချင်းများခြင်း
(5) မိမိချစ်သူခင်သူများနှင့် တဖြည်းဖြည်းဝေးကွာလာခြင်း
(6) တစ်ယောက်တည်းအထီးကျန်တတ်လာခြင်းနဲ့
(7) ဘ၀ကိုအဆုံးသတ်သည် အထိ ဖြစ်ခြင်း စတဲ့ ပြဿနာတွေအထိ ဆိုးရွာလာနိုင်ပါတယ်။
စိတ်ကျရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲ?
Depression မဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာရယ် ဖြစ်လာရင်တော့ ဘယ်လိုမျိုးကိုယ့်ကိုယ်ကိုယ်ပြုပြင်နေထိုင်သင့်တယ်ဆိုတာတွေက စိတ်ကျရောဂါကို အတတ်နိုင်ဆုံးနဲ့အဆိုးဆုံးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကတော့ မိမိကိုယ်တိုင် ခံစားလာရတဲ့အခါ ဒါမှမဟုတ် မိမိပတ်ဝန်းကျင်မှာ တစ်စုံတစ်ယောက်က စိတ်ကျရောဂါလိုမျိုးခံစားလာရတဲ့အခါမျိုးတွေမှာ အဆိုးရွားဆုံးဖြစ်မလာအောင် ထိန်းချုပ်ကူညီပေးဖို့အတွက် အထောက်အကူပြုမှာဖြစ်ပါတယ်။
(1) ကိုယ်လုပ်ကိုင်နေတဲ့အလုပ်နဲ့ နေထိုင်မှု ဘ၀ပုံစံညီမျှအောင်ကို ညှိယူပါ ( work-life balance)
(2) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ စိတ်ပိုင်းဆိုင်ရာ အနားပေးမှုတွေကို မကြာခဏ ပြုလုပ်ပေးပါ။ ဒါတွေက ကိုယ့်မှာစိတ်ကျရောဂါဖြစ်နေရင်တောင် ရောဂါလက္ခဏာနဲ့ ခံစားနေရတာတွေကို သက်သာသွားစေပါတယ်။
(3) အရက်သောက်ခြင်း အိပ်ဆေးများအလွန်အမင်းသောက်သုံးခြင်း၊ ဆေးဝါးသုံးစွဲခြင်းများကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။
(4) အိပ်ရေး၀၀အိပ်ပါ။ စိတ်ညစ်ညူးလာတဲ့အခါ စိတ်ပျက်လာတဲ့အခါတွေမှာ အိပ်မရတာမျိုးတွေဖြစ်တတ်ပါတယ်။ အဲ့ဒီအခါမျိုးတွေ အိပ်ဆေးတွေ မူးယစ်ဆေးဝါးတွေရဲ့အကူအညီကို ယူပြီးအိပ်ပျော်အောင်ကြိုးစားတာထက် ပုံမှန်အတိုင်း အိပ်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ကြိုးစားယူကြည့်ပါ၊ ဥပမာ မအိပ်ခင် စိတ်ငြိမ်အောင် တရားထိုင်ခြင်း၊ နွားနို့သောက်ခြင်း အစရှိတာလေးတွေနဲ့ မိမိစိတ်ညစ်ညူးမှုကို ထိန်းချုပ်နိုင်အောင် နဲ့အိပ်စက်ချိန်ကိုမထိခိုက်အောင်ကြိုးစားကြည့်ပါ။
(5) မိမိအားလပ်တဲ့အချိန်လေးတွေမှာ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ မိမိနှစ်သက်တဲ့ အားကစားတစ်ခုခု ပြုလုပ်ခြင်း အစရှိတဲ့ အလေ့အကျင့်လေးများရအောင် မိမိကိုယ်ကိုယ် ပြုပြင်ပေးပါ။
(6) စိတ်ညစ်လာတဲ့ အထီးကျန်တယ်လို့ခံစား၇တဲ့အခါ သူငယ်ချင်းတွေ မိမိခင်မင်ရင်းနှီးသူတွေနဲ့ မကြာခဏစကားပြောပေးပါ။ မိမိမှာရှိတဲ့အခက်အခဲတွေကို တိုင်ပင်ကြည့်ပါ။ ဒီနည်းဟာ စိတ်ကျရောဂါမှာ အတော်လေးအထောက်အကူပြုတဲ့နည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကျရောဂါခံစားနေရတဲ့လူတွေတော်တော်များများဟာ အပြင်ပန်းက ကြည့်ရင် သီးသန့်ဆန်နေတတ်ပေမယ့် သူတို့ရဲ့စိတ်ထဲမှာ သူတို့ကို ဂရုစိုက်မဲ့ ခံစားချက်ကိုနားလည်ပေးမဲ့ ခင်မင်ရင်းနှီးတဲ့လူတွေကိုတောင့်တနေမိတတ်ပါတယ်။
(7) ကိုယ်နဲ့ လိုက်လျောညီထွေရှိမဲ့ ကိုယ်တကယ်လုပ်ဆောင်နိုင်မဲ့ ရည်မှန်းချက်မျိုးထားပြီးလုပ်ဆောင်ပါ။ မိမိမလုပ်နိုင်တဲ့အရာကို မျှော်မှန်းမိတဲ့အခါ အလိုဆန္ဒကြီးမားလာပြီး မရတဲ့အခါမှာ စိတ်ကျရောဂါ ကိုဖြစ်စေနိုင်ပါတယ်။
(8) ဒေါသထွက်လာတာ စိတ်ညစ်လာတာ ၀မ်းနည်းလာတတ်တဲ့အခါမျိုးတွေမှာဆိုရင် စာအနေနဲ့ချရေးပစ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်တိုင်ရေး ဒိုင်ယာရီလိုပုံစံမျိုးပဲဖြစ်ဖြစ် ထားကြည့်ပြိးရေးကြည့်ပါ။ ဒါဟာ စိတ်ထွက်ပေါက်ရစေတဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။
(9) တစ်ယောက်တည်း သီးသန့်ခွဲထွက်နေတာမျိုးမလုပ်ပါနဲ့။ နီးစပ်ရာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မိသားစုနဲ့ပဲ အမြဲ နီးနီးကပ်ကပ် နေပါ။ အခက်အခဲတွေကို တိုင်ပင်ပြီး အတူတူဖြေရှင်းပါ။
(10) အစားအသောက်မှန်မှန်စားခြင်း၊ အိပ်ချိန်မှန်မှန်အိပ်ခြင်း၊ နဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့်ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သေချာ ဂရုစိုက်ပါ။
(11) အချိန်ကို စီစဉ်ကျနစွာ ခွဲဝေသုံးစွဲတတ်တဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားကြည့်ပါ။ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့အရာတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။
(12) စိတ်ညစ်ညူးနေတဲ့အခါမျိုးတွေ စိတ်ဓာတ်ကျနေတဲ့ အခါမျိုးတွေမှာ မိမိဘ၀အတွက်အရေးကြီးမဲ့ ဆုံးဖြတ်ချက်မျိုးတွေ လုပ်ခြင်းကို ရှောင်ကြဉ်ပါ။စိတ်ဓာတ်ကျနေတဲ့အချိန်မှာ လူတစ်ယောက်ဟာ ပုံမှန် အမှားအမှန်ကို ခွဲခြားဆုံးဖြတ်နိုင်စွမ်းမရှိတော့ပါဘူး။ အဲ့ဒီအချိန် ဆုံးဖြတ်ချက်ဟာ မှားယွင်းနေတတ်ကြပါတယ်။
စိတ်ကျရောဂါဆိုတာ ကိုယ်ကြုံတွေ့နေရတဲ့ပတ်ဝန်းကျင်နဲ့ ဘ၀အခြေအနေပေါ် မူတည်ပြီးဖြစ်ပေါ်လာတတ်တဲ့ အရာဆိုတော့ ကာကွယ်ထားလို့မရပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်ဖိစီးမှုကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိတဲ့အခါ၊ စိတ်ဓာတ်ကျနေချိန် ထပ်ပြီိးဆိုးရွားမလာအောင် ထိန်းချုပ်နည်းလေးတွေ လုပ်သင့်လုပ်ထိုက်တာလေးတွေ ကိုယ့်ဦးနှောက်ထဲမှာ မှတ်မိနေတတ်တဲ့အခါမှာ ဆိုးရွားမလာအောင် ထိန်းထားရာကနေ တဖြည်းဖြည်းပျောက်သွားအောင်အထိ ကုသလို့ရပါတယ်။
လူဆိုတာကိုယ်တိုင်လက်တွေ့ကြုံနေရတာမဟုတ်တဲ့အခါကျရင် သိပ်ပြီးစိတ်မ၀င်စားကြပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီစာလေးကို ဖတ်ပြီးတဲ့အခါ … မိမိကိုယ်တိုင်ပဲဖြစ်ဖြစ် မိမိပတ်ဝန်းကျင်က လူတွေပဲဖြစ်ဖြစ် စိတ်ကျရောဂါခံစားလာရတဲ့အခါ ဒါမှမဟုတ် ခံစားနေရတယ်လို့ သတိပြုမိတဲ့အခါ အဆိုးရွားဆုံးအခြေအနေထိမဖြစ်အောင် ၀ိုင်းဝန်းကာကွယ်ပေးနိုင်ကြပါစေ။
စူးရှအိမ် (12:15am, 27/11/2011, Sunday)

အာဇာနည်တွေ နေတဲ့ တိုင်းပြည်
နိုင်ငံရေးအကျဉ်းသား ကိုဒီငြိမ်းလင်း လွတ်ငြိမ်းချမ်းသာခွင့် မမျှော်လင့်
2011-11-27
မုံရွာထောင်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ် ထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၂ဝဝ၇ မျိုးဆက်ခေါင်းဆောင် ကိုဒီငြိမ်းလင်းက အစိုးရအနေနဲ့ သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ လွှတ်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက် မရှိကြောင်း မိခင်ဖြစ်သူက အာအက်ဖ်အေကို ပြောပြပါတယ်။RFA
“လွတ်မယ်ပြောတိုင်း မျှော်လင့်ချက်တွေ သိပ်ပြီး မထားနဲ့ပေါ့။ နောက် အခြေအနေတွေ ဘယ်လောက်ပဲ အကောင်းဘက်ကို ဦးတည်နေနေ အချိန်မရွေး အဆိုးဘက်ကို ရောက်သွားနိုင်တယ်ပေါ့။ ယုံကြည်ချက်ကြောင့် နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ သမ္မတက ပြောထားတယ်လေ။ အဲဒါကြောင့် ပြန်လွတ်ဖို့ဆိုတာ လတ်တလော မဖြစ်နိုင်သေးဘူးပေါ့”
မုံရွာထောင်မှာ ရှိနေတဲ့ သားဖြစ်သူ ကိုဒီငြိမ်းလင်းကို ပြီးခဲ့တဲ့ သီတင်းပတ်က ထောင်ဝင်စာတွေ့ခွင့် ရခဲ့တယ်လို့ မိခင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောပါတယ်။ တဆက်တည်းမှာပဲ တောင်ငူထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရတဲ့ ခင်ပွန်းဖြစ်သူ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဇော်ဇော်မင်းကိုလည်း ထောင်ဝင်စာတွေ့ခွင့် ရတယ်လို့ ဆိုပါတယ်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီ ပြန်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်တွေအတွက် သူ့အနေနဲ့ နားလည်ထောက်ခံကြောင်း ဦးဇော်ဇော်မင်းက ပြောလိုက်တယ်လို့ ဇနီးဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောပါတယ်။
ဒီအတောအတွင်း ထောင်ဒဏ် ၆၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ ကသာအကျဉ်းထောင်ရောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအံ့ဘွယ်ကျော်ရဲ့ ဒီကနေ့ ကျရောက်တဲ့ (၄၅) နှစ်မြောက် မွေးနေ့အခမ်းအနားကို မိသားစုနဲ့အတူ ၈၈ မျိုးဆက်ကျောင်းသားတွေ စုပေါင်းကျင်းပခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြတ်သူက ပြောပါတယ်။
“ကိုဘွယ်ကြီးကို ချစ်တဲ့ မိသားစုတွေက လာပြီး ကိုဘွယ်ကြီးအတွက် လာပြီး အားပေးတဲ့သဘောပေါ့။ မွေးနေ့ရှင် မပါတဲ့ မွေးနေ့ပွဲတွေ ကျင်းပရတာဆိုတော့ စိတ်လည်း မကောင်းကြဘူးပေါ့”
ကိုအံ့ဘွယ်ကျော် နေအိမ်မှာကျင်းပတဲ့ မွေးနေ့ပွဲကို နိုင်ငံရေးအကျဉ်းသား မိသားစုတွေလည်း တက်ရောက် အားပေးခဲ့တယ်လို့ ကိုမြတ်သူက ပြောပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.
မြန်မာ့အရေး အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ နည်းလမ်း NLD ဆွေးနွေးမည်
2011-11-27
မြန်မာနိုင်ငံကို လာရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီဇင်ဘာလ ၂ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ သွားရောက် တွေ့ဆုံမယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အာအက်ဖ်အေကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။AFP
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖြစ်မယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
“ကျနော်တို့ NLD နဲ့ ဆွေးနွေးတဲ့နေရာမှာတော့ မြန်မာနိုင်ငံနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေး တိုးတက်လာတာနဲ့အညီ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်ဖို့၊ ဒါတွေ ပါမှာပေါ့”
အခုလာမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဆင့် မြန်မာနိုင်ငံ ခရီးစဉ်ဟာ နှစ်ပေါင်း ၅ဝ အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်သမ္မတ အိုဘားမားက သူ့ရဲ့ အထူးလေယာဉ်ပေါ်ကနေ တယ်လီဖုန်းနဲ့ မိနစ် ၂ဝ ကျော် စကား ပြောဆိုပြီးတဲ့နောက် မစ္စက်ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို သမ္မတကိုယ်တိုင် ကြေညာခဲ့ပါတယ်။
အခုလို အမေရိကန် ပြည်ထောင်စုက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် အားရ ကျေနပ်မိကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကောင်စီက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ရေးအတွက် အပြုသဘောဆောင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် အစိုးရကတော့ ဒီခရီးစဉ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမို ကောင်းမွန်လာမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု ကိုတော့ ရုပ်သိမ်းပေးဦးမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံ အတွင်း အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ နှင့် စပ်လျှင်းသော သဘောထားထုတ်ပြန်ကြေညာချက်
မြန်မာနိုင်ငံ အတွင်း အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ နှင့် စပ်လျှင်းသော သဘောထားထုတ်ပြန်ကြေညာချက်
စာအမှတ် ။ ။ မလအ/ အဖဝ/ ၀၅ / ၁၁
နေ့စွဲ ။ ။ ၂၄. ၁၁. ၂၀၁၁
ယနေ့ မြန်မာ့နိုင်ငံ အတွင်း အဖက်ဖက်မှ အစပြု ဖြစ်ထွန်းတိုးတက်ပြောင်းလွဲမှု့ များ ရှိနေခြင်းအပေါ် ၌ မြန်မာနိုင်ငံလူထုလှုပ်ရှားမှု့ အင်အားစု(မလအ) မှ ထောက္ခံကြိုဆိုသည်။ သို့ သော်လည်း နိုင်ငံဦးဆောင် အဖွဲ့ ၏ အကြီးအကဲး တာဝန်ယူထားသူ မှ နိုင်ငံရေးအကျဉ်းသား (၀ါ) ယုံကြည်ချက်ကြောင့်  အကျဉ်းကျခံနေရသူ မရှိဟု စာနယ်ဇင်း သတင်းဌာနများ သို့ ထုတ်ဖေါ်ပြောဆိုမှု့  အပေါ်တွင် ပြင်းထန်စွာကန့် ကွက်ရှုတ်ချလိုက်သည်။
အနာဂါတ် တွင် နိုင်ငံသားများ၏ အဓိကလိုအပ်ချက်ဖြစ်သော လူ့ အခွင့်အရေးကို လေးစားလိုက်နာသည့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများအား ဖိနှိပ်သည့်  ဥပဒေများကို ဖျယ်ရှားပြောင်းလွဲပြီး ပြည်သူတို့ ၏ ငြိမ်းချမ်းမှု့ ကို ရှေ့ ရှု့ ဆောင်ရွက်ရန် အထူးလိုအပ်ပေသည်။ အစိုးရသစ် ၏ ပြည်သူ့ အသံနားထောင်နေပါသည်ဟု ဆိုခဲ့ သော စကားရပ် အရ ပြည်သူတို့ လိုလားတောင်းတနေသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် အထူးလိုအပ်ချက်တရပ်ဖြစ်နေသည်။ တိုင်းပြည်ပြန်လည် ထူထောင်ရေး နှင့်  ပြည်သူအကျိုးသည်ပိုးရန် အထူးလိုအပ်သောသူများပင်ဖြစ်ကြော င်း ပြည်သူများမှ အလေးအနက်ယုံကြည်ထားသည်ဟု မလအ မှ သုံးသတ်သည်။ သို့ ပါသောကြောင့် အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ နိုင်ငံဦးဆောင်အဖွဲ ၏ အကြီးအကဲး ပုဂ္ဂိုလ်မှ တာဝန်ခံထားသည့် အတိုင်း အမြန်ပြန်လည် လွတ်ပေးရန် အလေးအနက်တောင်းဆိုသည်။
မလအ သည်မြန်မာနိုင်ငံ အတွင်း စစ်မှန်သောဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးလာနိုင်ရေး နှင့် ထာဝရရှင်သန်နိုင်စေရေး အတွက် ပြည်သူလူထု နှင့်  အတူဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း နှင့်  နောင်တွင် မည်သို့ သော အကြောင်းပြချက်ဖြင့် ဖြစ်စေ နိုင်ငံတော်အား စစ်အာဏာသိမ်းခြင်း နှင့်  စစ်အာဏာရှင်စနစ် ဖြင့်ပြန်လည် အုပ်ချုပ်ခြင်းကို ခုခံတော်လှန်သွားမည့် အဖွဲ့ ဖြစ်ကြောင်း ဤနေရာမှ အတိအလင်း ထုတ်ပြန် ကြေညာသည်။

ငါတို့ လယ်ယာ ပြန်ပေးပါ ။
ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသမှာ လွန်ခဲ့သော ၁၉၉၀ ခုနှစ်မှ ယနေ့ အထိ လယ် ယာမြေ အဓမ္မ သိမ်းဆည်းခံ၇ မှု တွေနဲ့ ပါတ်သက်ပြီး တအင်းကျောင်းသားနဲ့  လူငယ်များအစည်းအရုံး TSYO မှ လေ့လာစစ်တမ်း ကောက်ယူမှု ကို အစီရင်ခံသာတစောင် ထုတ်ပြန်လိုက်ပါတယ် ။ ၁၉၉၉ ဝန်းကျင် လောက်မှ နေပြီး ယခုအချိန်အထိ ပလောင်ဒေသအတွင်း လယ်ယာမြေ လေးသောင်းကျော် သိမ်းဆည်းခံခဲ့ရတယ် လို့  အစီရင်ခံစာရေးသူ မိုင်းပါင်လက BBC ကိုပြောပါတယ် ။
နိုင်ငံရေးအကျဉ်းသားကိစ္စ တွန့်တိုမနေသင့်ကြောင်း ဇာဂနာပြောကြား
2011-11-22
နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ အခုလို အပြောင်းအလဲ လုပ်ဆောင်နေပြီလို့ ပြောဆိုနေတဲ့ ကာလမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး စဉ်းလဲတွန့်တို မနေသင့်ဘူးလို့ ဟာသသရုပ်ဆောင် ဦးသူရ ခေါ် လူရွှင်တော် ကိုဇာဂနာက မနေ့က ပြောဆိုလိုက်ပါတယ်။Zaganar Photos Album
ထောင်ကလွတ်ဖို့ ကိုမင်းကိုနိုင် မျှော်လင့်ထားပုံမရ
2011-11-22
ပြီးခဲ့တဲ့ရက်ပိုင်းက ကျိုင်းတုံ ထောင်ကနေ သရက်ထောင်ကို ရွှေ့ပြောင်းခံရတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ထောင်ကလွတ်ဖို့ မျှော်လင့်ထားပုံ မရကြောင်း မိသားစုဝင်တွေက ပြောဆိုတယ်လို့ သိရပါတယ်။RFA
မနေ့က သရက်ထောင်မှာ မိသားစုနဲ့ မိနစ် ၂၀ ကြာ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တယ်လို့ မိသားစုနဲ့အတူ လိုက်ပါသွားတဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုမြတ်သူက အာရ်အက်ဖ်အေကို ပြောပါတယ်။ ထောင်ဒဏ် ၆၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ ကိုမင်းကိုနိုင်ဟာ ကျိုင်းတုံ အကျဉ်းထောင်မှာ ကျန်းမာရေး ချို့တဲ့ခဲ့ပါတယ်။ အခုလက်ရှိ အခြေအနေမှာလည်း လမ်းလျှောက်တဲ့အခါ လူကောင်းတစ်ယောက်လို မလျှောက်နိုင်ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ကိုမင်းကိုနိုင်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အရှိန်အဟုန်မြှင့် လှုပ်ရှားသွားမယ်လို့ သိရပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
ကုလသမဂ္ဂဆုံးဖြတ်ချက် လူရော ခွေးရော လေးစားဖို့ လို
တနင်္လာ, 21 နိုဝင်ဘာ 2011
မြန်မာ့လူ့အခွင့်အရေး ဆုံးဖြတ်ချက် ကုလအတည်ပြု
အမှတ် (၃)ပြည်သူ့ပြောက်ကျားတပ်ဦး
ကြေညာချက် အမှတ် (၃)
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် မြန်အောင်ရေနံမြေနှင့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ လ ၂၀ ရက်နေ့ မြန်အောင်မြို့ရှိ ကြံ့ဖွံ့ရုံးအား ဖောက်ခွဲတိုက်ခိုက်မှုများသည် မိမိတို့ ပြည်သူ့ ပြောက်ကျားတပ်ဦး (PGF) ၏ တိုက်ပွဲဝင်မှုတခုဖြစ်သည်။
၁။ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးရေး၊
၂။ ကချင်ပြည်နယ်အပါအဝင်တိုင်းရင်းသားဒေသများအတွင်း လုပ်ဆောင်နေသောထိုးစစ်များ ချက်ချင်းရပ်ဆိုင်းပြီး တတိုင်းပြည်လုံးထိုးစစ်များရပ်စဲရေး၊
၃။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ တန်းတူရည်တူဖြေရှင်းရေး-
တို့ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရန် တောင်းဆိုလိုက်သည်။
ပြည်သူ့ ပြောက်ကျားတပ်ဦး
ရက်စွဲ ။ ။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။
စစ်တပ်ကြိုးဆွဲတာ မခံသည့် အီဂျစ်ပြည်သူများ
တနင်္လာ, 21 နိုဝင်ဘာ 2011
အီဂျစ် အဓိကရုဏ်း သေဆုံးသူ ၂၀ ကျော်အထိရှိ
ဦးခွန်ထွန်းဦးနှင့် ကိုမင်းကိုနိုင် ကို မိသားစုတွေ့ခွင့်ရ
Published on November 21, 2011 by နော်နိုရင်း
အခုလ ၁၆ ရက်နေ့တုန်းက ထောင်ပြောင်းရွှေ့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ကို မိသားစုဝင်တွေက ဒီနေ့ ထောင်ဝင်စာ သွားရောက် တွေ့ဆုံပါတယ်။
အသက် ကြီးသူများ အဆီ များများ ပါသည့် ငါးကို စားသင့်
အသက်အရွယ် ကြီးရင့်သူ များသည် အဆီပေါသည့် ငါးကို အများဆုံး စားသင့်ကြောင်း အစာ အာဟာရဆိုင်ရာ ပညာရှင် များက ဆိုသည်။ အဆီ ပေါသည့် ငါးများတွင် ဖက်တီး အက်ဆစ်ဓာတ် အများအပြား ပါဝင် သဖြင့် မကြာခဏ စားသုံးပါက အသက်အရွယ် ကြီးရင့်၍ အိုမင်းရင့်ရော်လာမှုကို အထိုက် အလျောက် လျော့နည်းစေ နိုင်သည်ဟု ဆို ကြသည်။
ထို့အပြင် လူ့ဦးနှောက်အတွင်း သွေးစီးဆင်းမှုကို ပိုမိုဖြစ်ထွန်းစေသဖြင့် အသက်အရွယ်ကြီးရင့်မှုကြောင့် ခံစားရသည့် Dementiaခေါ် သတိမေ့လျော့ တတ်ခြင်း၊ ငယ်မူပြန်ခြင်း စသည့် ဝေဒနာများကို သက်သာစေသည်ဟု သုတေသီများက ပြောသည်။ “လူကြီးတွေ အဆီများတဲ့ ငါးကို မှန်မှန်စားရင် သတိမေ့တဲ့ရောဂါ၊ စိတ်ပိုင်း ဆိုင်ရာ ချို့ယွင်းပြီး ငယ်မူပြန်တဲ့ရောဂါ စတာတွေကို သက်သာစေပါတယ်။ ဦးနှောက်အတွင်း သွေးစီးဆင်းမှု ပိုလာပြီး လူကြီးရောဂါမျိုးစုံကို ကာကွယ်ပေးနိုင် တယ်”ဟု သုတေသီတစ်ဦးက ပြောသည်။
အမျိုးသားအောင်ပွဲ နေ့ နှင့် ကျွန်တော်(ဇော်ဂျီ)
နွေဦးကျက်သရေ ………နှင့် ကျွန်တော် (ရသ စာတမ်းငယ်များ) စာအုပ်မှ
အမျိုးသားနေ့ သည် မောင်းကဲ့သို့ ဟည်း၍ စည်ကဲ့သို့ ဟိန်းခဲ့သည်။ တစ်နှစ်လျှင်ခြေတစ်လှမ်း တစ်လှမ်းလှမ်း၍ နှစ်ဆယ့် ခုနှစ်လှမ်းဖြင့် လွတ်လပ်ရေးကို လက်ရသိမ်းပိုက်ခဲ့သည်။
၁၉၂၁ ခုနှစ်တွင် ပထမ ခြေလှမ်းကို လှမ်း၍ ချီတက်ခဲ့သည်။
ဒါဆိုဘာလုပ်မလဲ
ဒါဆိုဘာလုပ်မလဲ
အကျဉ်းအကြပ်ကာလမှာ
ဒီမေးခွန်းဟာ သိပ်လေးနက်တယ် ။
ဒါဆိုဘာလုပ်မလဲ
လေးဘက်နံရံတွေကြားက လူတယောက်
ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေတယ် ။
ဒါဆိုဘာလုပ်မလဲ
ကျိုးနေတဲ့ ကလောင်သွားကိုကိုင်ရင်း
ကဗျာဆရာ စဉ်းစားနေတယ် ။ ။
ဒါဆိုဘာလုပ်မလဲ
မျက်လုံးတထောင်အောက်က
ခြေလှန်းတစုံ ရှေ့ တိုးမှာလား နောက်သို့ လား ။ ။
ဒါဆိုဘာလုပ်မလဲ
စွန့် အ နားမကြားသူတွေရဲ့ကြားမှာ
လွပ်လပ်ချင်းငတ်မွတ်သူတယောက်
လျှာအဖြတ်ခံ ထိသွားတယ် ။ ။
ခါးတမာ (Nov 18, 2011)
အချိန်ကျပါပြီ သခင်မ သူ့ လူ(ကာရိုလိုင်းနား) |
ပြည်သူတွေအပေါ် ပြုခဲ့သမျှ ခေါင်းဆောင်တွေရဲ့ အမှားအတွက်
မေ့ပျောက်ပစ်ကာ မထားသင့်ဘူးဆိုတာ သိပေမဲ့လဲ
ခွင့်လွှတ်ခြင်းတရားတွေကို ဆုပ်ကိုင်ကာထားတဲ့ သခင်မကို
အားလုံးက မြတ်နိုးစွာ လေးစားဆဲပါ။
လုပ်ငန်းမပြနိုင်တဲ့ နိုင်ငံရေးဒဿနသမားတွေကြောင့်
ဦးတည်ကာလျှောက်နေတဲ့ ငြိမ်းချမ်းတဲ့ ပန်းတိုင်ကို
လှမ်းကိုင်လု နီးနေတဲ့ ချိန်အခါကြတော့မှ
တွေဝေကာ နောက်ပြန်ဆုတ်မသွားလိုက်ပါနဲ့ ။
ဒဏ်ရာတွေ ရရှိထားကြတဲ့ ပြည်သူတွေဘဝ
ကုစားကာ ပေးနိုင်သူတစ်ယောက် ပြပါဆိုရင်
အစဉ်ထာဝရ သခင်မကိုသာပါပဲ။
မြန်မာတို့ ရဲ့ ခေါင်းဆောင်သာမက
ကမ္ဘာ့ခေါင်းဆောင်တွေအဆင့်တောင် ကျော်လွန်နေတဲ့
သခင်မပိုင်ထားတဲ့ အရည်အသွေးတွေကို
ဇရာအိုသဘာဝကြောင့်
အလိုလိုဆွေးမြေ့ကာ ကုန်ဆုံး မသွားစေချင်ပါဘူး။
သခင်မဟာ
ကြမ်းတမ်းလှတဲ့ နိုင်ငံရေးကန္တာရထဲမှာ
ကြိုးစားပွင့်လန်းလာတဲ့ ပန်းဆိုသော်လဲ
လှပတင့်ဆန်းဘိရုံတင်သာ မက
ရနံ့ ကလဲ သင်းပြန့် ကာ မွှေးကြိုင်နေတာပါလို့ ဆိုရင်
လွန်လိမ့်မည်တော့ မထင်။
ပြောင်းလဲမှုမြန်တဲ့ နေပြည်တော်ရဲ့ ရာသီဥတုဒဏ်
ကြံ့ကြံ့ခံနိုင်တယ် ဆိုရင်
သခင်မရဲ့ ပြည်သူပြည်သား
မင်္ဂလာများ တိုးပွားစေဖို့  အတွက်
ကျက်သရေတွေ မဲ့နေတဲ့ လွှတ်တော်ခန်းမကြီးထဲမှာ
နေရာတစ်ခု ယူထားဖို့ ရန်
အချိန်တန်ပါပြီ သခင်မ။
ဘာတတ်နိုင်သေးလဲ
အရှင်ဂမ္ဘီရ ၊ ကိုမင်းကိုနိုင် နှင့် နိုင်ငံရေးအကျင်းသားအချို့  အင်းစိန်ထောင်မှ နယ်ထောင်များသို့  ထပ်မံရွှေ့ ပြောင်း ကြောင်း VOA မှ သတင်းရရှိပါတယ် ။
ထောင်ပြောင်းခံရသူ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေး
2011-11-18
ထောင်ပြောင်းခံကြရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို မိသားစုတွေက ဒီကနေ့ တွေ့ဖို့ ကြိုးစားပေမဲ့ တွေ့ခွင့်မပေးတဲ့ အပြင် ထောင်ပြောင်းကြောင်း အတည်ပြု ပြောကြားတာ မရှိဘူးလို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။(Map: AAPP)
မနေ့က ကျိုင်းတုံ အကျဉ်းထောင် ကနေ ရန်ကုန်ကို ပို့လိုက်တယ် ဆိုတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို တွေ့ဆုံဖို့ မိသားစုက ဒီကနေ့ အင်းစိန် အကျဉ်းထောင်ကို သွားစုံစမ်းတဲ့ အခါမှာ ထောင်အာဏာပိုင်တွေကသာ သတင်းမရှိဘူးလို့ ဆိုပေမဲ့ အပြင်မှာ သတင်းတွေထွက်နေကြောင်း၊ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိရတဲ့အတွက် ခံစားရကြောင်း နှမတစ်ဝမ်းကွဲတော်သူက ပြောပါတယ်။ အလားတူပဲ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ပူတာအိုထောင် ကနေ တောင်ငူထောင် ရွှေ့ပြောင်းလိုက်တဲ့ သတင်း ထွက်နေပေမဲ့ ထောင်ပြောင်းတာကို မိသားစုကိုလည်း အကြောင်း မကြား၊ စာနယ်ဇင်းတွေ ကိုလည်း ရေးခွင့် မပေးတာကြောင့် မျှော်လင့်ချက် မရှိသလောက် ဖြစ်နေကြောင်း SNLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလိတ်က အာရ်အက်ဖ်အေကို ပြောပါတယ်။ ဒါ့အပြင် X2O သင်္ကြန် မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စွပ်စွဲ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကိုစည်သူဇေယျကို အင်းစိန်ကနေ ဟင်္သာတထောင်ကို ပြောင်းရွှေ့လိုက်တဲ့ အတွက် ထောင်ဝင်စာ သွားတွေ့ရတာ အခက်အခဲတွေ များသွားကြောင်း မိခင်ဖြစ်သူ ဒေါ်ရီရီတင့်က ပြောပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
အောက်ဈေး
အောက်ဈေး
ဈေးကစားခဲ့တယ် လို့ များ ထင်ရက်တယ်
တရက်ထဲပဲ၊
ဒီတရက်ထဲပဲ အကြီးအကျယ် အရှုံးကြီး ရှုံးတာ။
ဘ၀တွေနဲ့  ပုံအော ထပ်လောင်းခဲ့တာ
ယုံကြည်စရာ ဒီ့ထက်
ဘာရှိအုန်းမှာလဲ။
သူ့ ချိန်ခွင်က ပျံကျဈေးခေါင်းရုံးကထက် သမာဧိ ရှိပုံ။
ရဲရဲပစ် ယုံ ရာခိုင်နှုန်းပြည့် ယုံ။
အတိုးကြီးကြီးနဲ့  ပေါင်နှံထားတဲ့
ကံဇာတာတွေကိုရော ပြန်ရနိုင်မလား။
ဈာပနပြီးရင် အမွေလုမနေပါနဲ့ 
သေသော်မှတည့် အော်ကောင်း၏ပါပဲ။ ။
(မောင်လွမ်းဏီ )
၁၈ - ၁၁ - ၂၀၁၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန် နှင့် ရွေးကောက်ပွဲဝင်ရောက်ရန် ဆုံးဖြတ်ချက်ချမှတ်ခြင်း အပေါ် အမြင်သဘောထား
NLD ယနေ့  အခြေအနေအပေါ် ABSDF ၏သဘောထား (ကုတ်ပါ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန် နှင့် ရွေးကောက်ပွဲဝင်ရောက်ရန် ဆုံးဖြတ်ချက်ချမှတ်ခြင်း အပေါ် အမြင်သဘောထား
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ရှိ တိုင်း ပြည်နှင့် ပြည်သူလူထု အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဖြစ်စဉ်တခုအနေဖြင့် မှတ်ယူသည်။
သို့သော် ယနေ့ကာလ အခြေအနေအရပ်ရပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်း တွင် အတိုက်အခံ အင်အားစုများအားလုံး ပူးပေါင်းပါဝင်လာ စေရေးအတွက် ကြံ့ဖွံ့အစိုးရ၏ သိမ်းသွင်း စည်းရုံးနေမှု နည်းပရိယာယ်များသာဖြစ်နေသေးသည်။
ဤအခြေအနေအောက်တွင် -
- နိုင်ငံရေးအကျဉ်သားများကို ဆက်လက် ထိမ်းသိမ်းထားခြင်း၊ နိုင်ငံရေး အကျဉ်းသားများ တည်ရှိ နေမှုကို ဆက်လက် ငြင်းပယ်နေဆဲဖြစ်ခြင်း၊
- တိုင်းရင်းသားဒေသအသီးသီးသို့ ပြင်းထန်သောထိုးစစ်များဆင်နွှဲေ နခြင်း၊ တပြည်လုံး အတိုင်း အတာဆောင်သော အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် လက်မခံ ခြင်း၊
- လူ့အခွင့်အရေး ချိုးဖေါက်မှုများ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ဆက်လက် ကျူးလွန် နေခြင်း၊
- လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ စုဝေးခွင့်များအပါအ၀င် အခြေခံ ဒီမိုကရေစီအခွင့် အရေးများ ပိတ်ပင်ထားဆဲဖြစ်ခြင်း၊
- နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးပွဲအဆင့်သို့ မရောက်သေးခြင်း၊ ကျယ်ပြန့်သော နိုင်ငံရေး သဘော ထားအမြင်များကို စုစည်းပြီး ဖြစ်ပေါ်လာသော ဖြစ်စဉ်မဟုတ်သေးခြင်း၊
- ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုအသီးသီးတို့ ၏ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေမှုများကို နိုင်ငံရေး အရ အသိအမှတ်ပြုမှု မရှိသေးခြင်း၊
- လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲများကို ကျင်းပနိုင်သော နိုင်ငံရေး အခင်းအကျင်း မရှိသေးခြင်း - စသည့် အခြေအနေအရပ်ရပ်ကြောင့်
ယနေ့ကာလ ဖြစ်ထွန်းနေမှုများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု နိုင်ငံရေးဖြစ်စဉ်များ ဖြစ်ထွန်းရေး အတွက် ယုံကြည် စိတ်ချနိုင်သော အခင်းအကျင်းများ မဟုတ်သေးဟု မှတ်ယူသည်။ ထို့ကြောင့် အဓိပ္ပါယ် ပြည့်ဝသော နိုင်ငံရေးဖြစ်ထွန်းမှုများ ဖြစ်မဖြစ်ကို အလေးထား စောင့်ကြည့်သွားရန် လိုအပ်သည်ဟု ရှုမြင် သည်။
ဤအခြေအနေအောက်တွင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ တပြည်လုံး အတိုင်း အတာဆောင်သော အပစ်အခတ်ရပ်စဲမှုများ ဖြစ်ထွန်းလာစေရေးနှင့် နိုင်ငံရေးအရ တန်းတူရည်တူရှိသော တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေးတို့အတွက် ဘက်ပေါင်းစုံမှ ဆက်လက်တိုက်ပွဲဝင်သွားရန် ဆောင်ရွက်သွား ရမည်ဟု ခံယူသည်။
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)။
ရက်စွဲ။ ။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ လ ( ၁၈ ) ရက်။
အမေရိကန် မြန်မာ ဆက်ဆံရေး တရုတ် စိုးရိမ်ဖို့ မလိုဟု အမေရိကန် အရာရှိပြော
RFA
2011-11-18
အမေရိကန် အစိုးရနဲ့  မြန်မာ အစိုးရ အကြား ဆက်ဆံရေး တိုးမြှင့်မှုဟာ တရုတ်နိုင်ငံကို အနီးကပ် စောင့်ကြည့်ဖို့  ရည်ရွယ်ချက် မရှိတဲ့ အတွက် တိုးတက်မှု တစ်ရပ် အဖြစ် တရုတ် အစိုးရ ရှုမြင် ကြိုဆိုသင့်တယ်လို့  အမေရိကန် အစိုးရက ဒီကနေ့  ပြောလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Hillary Clinton ကို မြန်မာနိုင်ငံကို စေလွှတ်မယ်လို့  သမ္မတ ဘာရက် အိုဘားမားက ကြေညာလိုက်တဲ့နောက် အမေရိကန် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေက အခုလို ပြောတာပါ။ တစ်ဆက်တည်းမှာပဲ မြန်မာနဲ့ အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်တဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တရုတ် အစိုးရကိုလည်း တိုင်ပင် ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ အမည် မဖေါ်လိုတဲ့ အမေရိကန် အစိုးရ အရာရှိ တစ်ဦးကတော့ မြန်မာ အမေရိကန် ဆက်ဆံရေး တိုးမြှင့်တဲ့ ကိစ္စဟာ မြန်မာနိုင်ငံ အရေး ဖြစ်ပြီး တရုတ်နိုင်ငံ အရေး မဟုတ်ဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးနဲ့  နိုင်ငံတကာ အ၀န်းအ၀ိုင်းမှာ ပါဝင်လာနိုင်ရေးကို တရုတ် အစိုးရ အနေနဲ့  လိုလားသင့်ပါတယ်လို့ ဆိုပါတယ်။ နိုင်ငံရေး အကဲခတ်သူတွေ ကတော့ တရုတ်ရဲ့အိမ်နီးချင်း နိုင်ငံတွေ အပေါ် အမေရိကန် သြဇာ လွှမ်းမိုးလာမဲ့ အရေးကို တရုတ် အစိုးရ စိုးရိမ်မှု ကြီးမားလာတယ်လို့  ရှုမြင် သုံးသပ်နေကြပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
အိမ်စေ့တော့မည် ဝိုင်းစည်ပြီ
သောကြာ, 18 နိုဝင်ဘာ 2011
NLD မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည်
By မစုမြတ်မွန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မြန်မာနိုင်ငံမှာ တရားဝင်ပါတီတစ်ခုအနေနဲ့ ပြန်လည် မှတ်ပုံတင်ပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ပြည်နယ်နဲ့တိုင်း အသီးသီးက ဗဟိုဦးစီးအဖွဲ့ဝင်တွေ ဒီကနေ့ NLD ရုံးချုပ်မှာ စည်းဝေးပြီး အားလုံးသဘောတူ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ ခုလို NLD ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျန်တဲ့ နိုင်ငံရေးပါတီတွေကရော ဘယ်လို သဘောထားပါသလဲ။ ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က စုံစမ်းပြီး အပြည့်အစုံ တင်ပြထားပါတယ်။
“ဒါဟာ ကျမတို့ပါတီရဲ့ အနာဂတ်အတွက် လုပ်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီမိုကရေစီလှုပ်ရှားမှု တခုတည်းရဲ့ အနာဂတ်အတွက်လည်း ကျမတို့လုပ်နေတာမဟုတ်ပါဘူး။ ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် လုပ်နေတာဆိုတာကိုတော့ စွဲစွဲမြဲမြဲ ခေါင်းထဲမှာ ထားစေချင်ပါတယ်။”
ဒါကတာ့ ဒီကနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီအဖွဲ့ဝင်တွေရဲ့ ဆွေးနွေးပွဲမစခင်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့တာဖြစ်ပါတယ်။ ပြည်နယ်တဲ့တိုင်း ၁၄ ခုက ကိုယ်စားလှယ်ပေါင်း ၁၀၆ ယောက် တက်ရောက်ကြတဲ့ အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ မှတ်ပုံတင်မယ်၊ နောင်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ်လို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သဘောထား ဆုံးဖြတ်အပြီး ကြားဖြတ် ရွေးကောက်ပွဲကျရင် ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့ပါတယ်။
“ပထမအသုတ်မှာ ကျမတို့ စမ်းပြီးတော့ ထည့်လိုက်တာလို့ ပြောလို့ရပါတယ်။ စမ်းပြီးတော့ထည့်လိုက်တာ ဆိုတာ ကျမတို့အတွက် စမ်းတာမဟုတ်ဘူးနော်။ ပြည်သူကလည်း ကျမတို့ကို စမ်းမှာပဲ။ အစတုန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထပ်တလဲလဲ ပြောခဲ့တယ်။ ရွေးကောက် ခံခဲ့ရတယ်။ သို့သော်လည်း ဘာမှလုပ်ပိုင်ခွင့် မရခဲ့ဘူး။ အခု လုပ်ပိုင်ခွင့် ပိစိကွေးလေး ရတဲ့အချိန်မှာ ဘယ်လောက် လုပ်နိုင်သလဲ ဆိုတာကို ပြည်သူက ကြည့်နေမှာဖြစ်တယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်ကိုကြည့်ပြီးတော့ နိုင်ငံရေး လိုအပ်ချက်ကိုကြည့်ပြီးတော့ ကျမတို့ ဆုံးဖြတ်ပြီးတော့ သွားရမှာပါ။”
ခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်မယ်လို့ ဆုံးဖြတ်တာကို လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကြိုဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်စုကြည်က ဒီမိုကရေစီရရှိနိုင်ရေးကို ပိုပြီး လုပ်နိုင်မှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ အမျိုးသား လွှတ်တော်ရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်ရွှေက ခုလို မှတ်ချက်ပေးပါတယ်။
“welcome လုပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားဝင် ရွေးကောက်ပွဲဝင်၊ ၀င်ပြီးတော့ လွှတ်တောထဲ ဒါမှမဟုတ် နိုင်ငံတော်အစိုးရအဖွဲ့ထဲ ပါဝင်ပြောတာကတော့ အကောင်းဆုံးပဲ။ သာမှန်လူတစ်ယောက် လုပ်နိုင်တာထက်ကို အန်ကယ်တို့က ပိုလုပ်နိုင်တယ်။ အန်ကယ်တို့ထက်ကို သူ ပိုလုပ်နိုင်ပါတယ်။ ဒီမိုကရေစီ ရသွားအောင်လို့။”
အန်ကယ်တို့အနေနဲ့က ဒါ ပြိုင်ဘက်ပါတီတစ်ခု တိုးလာတယ်လို့ သတ်မှတ်ပါလား။ -
“ပြိုင်ဘက်ရယ်လို့ မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်လိုပဲ သတ်မှတ်မှာပဲ။”
၂၀၁၀ ရွေးကောက်ပွဲမှာ ဒုတိယအများဆုံး မဲအနိုင်ရခဲ့တဲ့ တစည ပါတီကလည်း ကြိုဆိုတယ်၊ ၀မ်းသာတယ်လို့ ပြောပေမဲ့ NLD ပါတီကို နိုင်ငံရေးလောကထဲမှာ ပြိုင်ဘက်ပါတီတစ်ခုလို သဘောထားတယ်လို့ တစည ပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေက ဆိုပါတယ်။
“ဘာလို့လဲဆိုတော့ NLD ပါတီအနေနဲ့ကလည်း ပါတီကြီးတစ်ခုပါ။ တတိုင်းပြည်လုံးကို ကိုယ်စားပြုပြီးတော့ ဖွဲ့စည်းထားနိုင်တဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ ကျနော်တို့ပါတီအနေနဲ့ကတော့ တတိုင်းပြည်လုံးကို ကိုယ်စားပြုတဲ့ ဖွဲ့စည်းထားတဲ့ပါတီ ဖြစ်ပါတယ်။ နောက်တခါ NLD ပါတီနဲ့လည်းပဲ ပြီးခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ပြည်သူလူထု ထောက်ခံမှု အများကြီးရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ကလည်းပဲ ဒီကနေ့ နိုင်ငံတော်မှာသွားနေတဲ့ လမ်းကြောင်းဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးလမ်းမှာ အတူတကွ လျှောက်လှမ်းဖော်တွေ အနေနဲ့ပဲ ကျနော်တို့ သဘောထားပါတယ်။ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အားလုံး ပြိုင်ပြီးတော့လုပ်ကြမယ့် ပြိုင်ဘက်ပါတီလို့ ကျနော်တို့ သဘောထားပါတယ်။”
လက်ရှိလွှတ်တော်မှာ ကိုယ်စားလှယ်တတိယအများဆုံး ကိုယ်စားပြုနေတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တဲ့အတွက် လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ အင်အားရှိလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ NDF ပြောခွင့်ရသူ ဦးခင်မောင်ဆွေ ပြောတာက -
“မှတ်ပုံတင်တာကိုလည်း ကြိုဆိုတယ်၊ မှတ်ပုံတင်ပြီးတဲ့အခါမှာ ရွေးကောက်ပွဲကိုလည်း အင်နဲ့အားနဲ့ပေါ့ဗျာ။ ၄၈ နေရာရှိတဲ့အထဲမှာ ၄၈ နေရာလုံး ၀င်နိုင်အောင် ကြိုးစားသွာမယ် ဆိုလို့ရှိရင် ကျနော်တို့ လွှတ်တော်ထဲမှာ မျက်နှာငယ်နေတဲ့ အင်အားစုတွေက အားရှိတာပေါ့ဗျာ။”
NLD နဲ့ ပြန်ပြီး ပူးပေါင်းမှာပါလားလို့ ဦးခင်မောင်ဆွေကို မေးတော့ -
“ကျနော်တို့ဘက်ကတော့ သိပ်ပြီးတော့ ငြင်းစရာအကြောင်း မရှိပါဘူး။ သူကသာ လိုလားတယ်ဆိုရင် ကျနော်တို့က ကမ်းတဲ့လက်တွေကို ဆက်ပြီးတော့ လှမ်းသွားမှာပါ။”
၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီပြီးရင် မဲဒုတိယအများဆုံး အနိုင်ရခဲ့သလို လက်ရှိမှာ ခေါင်းဆောင်တွေ အကျဉ်းကျနေလို့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မဝင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ သဘောထားသိရဖို့လည်း ပြောခွင့်ရသူ ဦးစိုင်းလိတ်ကို မေးကြည့်ပါတယ်။
“အခု NLD အနေနဲ့ မှတ်ပုံဆက်တင်တယ်၊ ရွေးကောက်ပွဲ ၀င်မယ်ဆိုတာကလည်း သူ့ရဲ့ ရပ်တည်ရေးအတွက် အရေးကြီးသလို ဒီမိုကရေစီ ရရာရကြောင်းအတွက်လည်း ကြိုးစားမှုတရပ်လို့ပဲ၊ မတူတာတွေကို ခွဲလုပ်ပြီး ဆက်လက်ပြီးတော့ မဟာမိတ်ပြုသွားဖို့ပဲ ရှိပါတယ်။”
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကရော NLD မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲဝင်မယ့် အတွက် ဘယ်လိုဖြစ်သွားမှာပါလဲ။
“အန်ကယ်တို့ကလည်း CRPP ရဲ့ အနေအထား ရှေ့ဆက်သွားမယ့် အန်ကယ်တို့ရဲ့ လုပ်ငန်း ရည်ရွယ်ချက် ဒါတွေကို ပြန်သုံးသပ်ဖို့ရှိပါတယ်။”
CRPP ပြောခွင့်ရ ဦးအေးသာအောင် ဖြစ်ပါတယ်။

ဝန်ကြီးကလင်တန် မြန်မာပြည်သွားမည်
သောကြာ, 18 နိုဝင်ဘာ 2011
By ဗွီအိုအေ (မြန်မာဌာန)
အခုအချိန်ထိ စစ်ဘက်က ကြီးစိုးထားတဲ့ မြန်မာအစိုးရဆီကနေ တိုးတက်မှုတွေ မှိန်ပျပျ မြင်တွေ့လာရတာကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ၀န်ကြီး ကလင်တန်ကို စေလွှတ်တာလို့ သမ္မတအိုဘားမားက ပြောပါတယ်။
မြန်မာသမ္မတဦးသိန်းစိန်နဲ့ ပြည်ထောင်စုလွှတ်တော်တို့ဟာ ပြုပြင်ပြောင်းလဲရေးကို ရှေ့ရှုတဲ့ခြေလှမ်းတွေကို လှမ်းခဲ့ပြီးတော့ မြန်မာအစိုးရနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု စတင်ခဲ့သလို တချို့သောနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာတွေ သတင်းမီဒီယာတွေအပေါ် တင်းကျပ်ထားတာကို လျှော့ပေးတာတွေနဲ့ မြန်မာ့နိုင်ငံရေးဝန်းကျင်ကို ဖွင့်ပေးနိုင်တဲ့ ဥပဒေတွေကို ပြဌာန်းပေးတာတွေ ရှိခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ်ကို ပိတ်ဆို့ထားဆဲဖြစ်နေတာ တိုင်းရင်းသား လူနည်းစုတွေအပေါ် ပြုမူဆောင်ရွက်နေတာ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်သေးဘဲထားတာနဲ့ မြောက်ကိုးရီးယားနဲ့ ဆက်ဆံနေတာတွေအတွက် မိမိ တို့ကတော့ စိုးရိမ်ပူပန်နေဆဲ ဖြစ်တယ်လို့ သမ္မတအိုဘားမားက မြန်မာအစိုးရကို အထူးပြု ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်ရေးအတွက် သမိုင်းက ပေးအပ်လာတဲ့ အခွင့်ကောင်းတရပ်ကို အမေရိကန်ပြည်ထောင်စုက ထိန်းသိမ်းထား လိုပြီးတော့ မြန်မာအစိုးရဟာ ဒီမိုကရေစီရေး ပြုပြင်မှုလမ်းကြောင်းကို ဆက်ပြီး လျှောက်လှမ်းနေသရွေ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးအသစ်တရပ်ကို ပုံဖော်နိုင်လိမ့်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးလိုတယ်လို့ သမ္မတအိုဘားမားက ပြောကြားသွားခဲ့ပါတယ်။
သူ့အနေနဲ့ ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစောပိုင်းက ဖုန်းဆက်စကားပြောတဲ့အခါမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်စေဖို့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံကြောင်းလည်း သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေးအခြေအနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး စတာတွေ တိုးတက်မှုဖြစ်ပေါ်ရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုက ကူညီပံ့ပိုးနိုင်ရေး အချက်အလက်တွေကို နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က မြန်မာနိုင်ငံမှာ စူးစမ်းရှာဖွေလိမ့်မယ်လို့လည်း သမ္မတအိုဘားးမားက ပြောကြားသွားခဲ့ပါတယ်။
ရှင်းရဲလား - ရိုးသားရင် ?
ကျုတ်သိပ်စိတ်ဆိုးနေတယ် ။ အနုမြူဗုံးသာ ကျုတ်လက်ထဲရှိရင် ကျုတ်ကိုယ်မှာချည်ပြီး နေပြည်တော်ဆိုလား အဲဒီမှာ သွားချလိုက်ချင်တယ် ။ ဘယ့်နှယ့်ဗျာ ပြောနေကြတာက - - - အာစီယံမှာ မြန်မာကို နေရာကောင်းပေးတယ်ဆိုဘဲ - ဒါသူတို့ ကိစ္စ ၊ လူ့ သိက္ခာဆိုတာ မသိတတ်တဲ့သူတွေအကြောင်းမပြောချင်ဘူး ။ နောက်တခု - NLD မှတ်ပုံတင်တာ မတင်တာ NLD ပါတီခေါင်းဆောင်တွေရဲ့ တိုင်းပြည်အပေါ်ထားတဲ့စေတနာ ဗျ - ကျုတ်ဘာမှဝင်မပြောချင်ဘူး ။ ဒါပေမဲ့ဗျာ -
ကိုယ့်လယ် ကိုယ့်ယာတောင်အစိုးမရတဲ့ ဓါးပြသာသာ အုပ်ချုပ်မှုအောက်ကပြည်သူ့ ဘဝ ၊ ကိုယ့်ညီအစ်ကိုရောင်းရင်းမောင်နှစ်မတွေနယ်မြေတွေမှာ မတရားအနိုင်ကြင့် မုဒိန်းကျင့် လူသတ်ခံနေရတဲ့ဘဝတွေ ၊ ယုံကြည်ချက်ကလေးပြောမိယုံနဲ့  ဘာမှန်းမသိတဲ့ပုဒ်မတွေနဲ့  ထောင်ချခံရတဲ့ ကျုတ်တို့ သူရဲကောင်းတွေရဲ့ဘဝတွေ ။ ဒါတွေကိုကြ ဘာမှလှည့်မကြည် - အာစီယံတွေ ၊ NLD မှတ်ပုံတင်ရေးတွေပြောနေကြတယ် ။ ဘာလဲဗျ လူ့ အခွင့်အရေး ။ ခင်ဗျားတို့ လုံးဝမတရားဘူး ။
ခါးတမာ
ပြည်သူကို ရိုးရိုးသားသားဆက်ဆံပါ ။
ထောင်ပြောင်းရွေ့ရုံမက လွှတ်ပေးသင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ တောင်းဆို
2011-11-17
ထိန်းသိမ်းခံထားရတဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ တကွ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ရုံ မဟုတ်ဘဲ ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်ကြောင်း (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့က တောင်းဆိုလိုက်ပါတယ်။(RFA)
မြန်မာအစိုးရက တောင်းဆိုထားတဲ့၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို အာဆီယံ ခေါင်းဆောင်တွေက ပေးအပ်လိုက်တာဟာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ လွှတ်ပေးလိမ့်မယ်ဆိုတဲ့ ယုံကြည် မျှော်လင့်ချက်ကြောင့် ဖြစ်ကြောင်း၊ အစိုးရအနေနဲ့ တည်ငြိမ်မှုကို အကြောင်းပြပြီး နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ထိန်းသိမ်း မထားသင့်တော့ကြောင်း (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင် ကိုစိုးထွန်းက ပြောပါတယ်။ ဦးသိန်းစိန် အစိုးရ အနေနဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးပြီး လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပြုဖို့သင့်တယ်လို့လည်း (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုစိုးထွန်းက ပြောပါတယ်။
မာထီယန်အရံဂြိုဟ်ပေါ်မှ မြေဆီလွှာရယူမည့် အာကာသယာဉ်
Friday, 18 November 2011 00:00
- Net Guide Journal
လွှတ်တင် ဖွယ်ရှိ အင်္ဂါဂြိုဟ် ၏ အရံဂြိုဟ် ဖြစ်သည့် မာ ထီယန် ပေါ်မှ ဖုန်မှုန့်များ ကို လေ့လာနိုင် ရန် အတွက် ရုရှား အာကာ သယာဉ် Phobos- Grunt ကို လွှတ်တင်ဖွယ်ရှိကြောင်း သိရှိရ သည်။ အဆိုပါယာဉ်သည် မာထီယန်ပေါ် သို့ဆင်းသက်ပြီး မြေဆီလွှာအချို့ကို သယ် ဆောင်၍ ကမ္ဘာမြေဆီသို့ ပြန်လာမည်ဟု ဆိုသည်။Phobos-Grunt သည် ၄င်း၏ ခရီး စဉ်နှင့်အတူ လုပ်ငန်း ၂ခုကို ဆောင်ရွက် မည်ဖြစ်သည်။ ပထမလုပ်ငန်းမှာ တရုတ် နိုင်ငံ၏ပထမဆုံး အင်္ဂါဂြိုဟ်လေ့လာရေး ယာဉ် yinghuo ဂြိုဟ်တုကို အင်္ဂါဂြိုဟ်ပတ် လမ်းကြောင်း၌ထားရှိမည်ဖြစ်ပြီး ဇီဝဗေဒ ဆိုင်ရာ စမ်းသပ်လေ့လာရေး Phobos LIFE ဓာတ်ခွဲခန်းကို အသုံးပြုလေ့လာရေးလုပ်ငန်း ဖြစ်သည်။ Phobos LIFE သည် အာကာသ ထဲ၌ ၃ နှစ်ကြာမျှ အချိန်ယူလေ့လာမည် ဖြစ်သည်။ ရှေးခေတ်က သက်ရှိများသည် ကမ္ဘာနှင့် အင်္ဂါဂြိုဟ်ကြားရှိ ဥက္ကာခဲများ ပေါ် လှည့်လည်သွားလာပြီး အာကာသထဲ ၌ ဆက်လက်ရှင်သန်နေပုံကို လေ့လာနိုင် မည်ဟု ဆိုသည်။ အင်္ဂါဂြိုဟ်အာကာသ ခရီးစဉ်မစ်ရှင်များ၏လုပ်ငန်းများမှာ ထွေ ပြားပြီး အများစုမှာအောင်မြင်မှုမရှိကြောင်း တွေ့ရသည်။
ဦးဂမ္ဘီရ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအချို့ အင်းစိန်ထောင်သို့ ခေါ်ဆောင်
မန္တလေးသံဃာတော်များ၏ပြည်တွင်းငြိမ်းချမ်းရေးတောင်းဆိုမှုကိုဝန်းရံထောက်ခံသော သဘောထားထုတ်ပြန်ချက် 0 Comments - 17 Nov 2011 AKSYU Statement Nov-16 2011(function() { var scribd = document.createElement("script"); scribd.type = "text/javascript"; scribd.async = true; scribd.src = "http://www.scribd.com/javascripts/embed_code/inject.js"; var s = document.getElementsByTagName("script")[0]; s.parentNode.insertBefore(scribd, s); })();... More Link |
လေယာဉ်ဖြင့် ကလေးထောင်နှင့် ကျောက်ဖြူထောင်များမှ ခေါ်ဆောင်လာသည့် ထောင်ပြောင်း နိုင်ငံရေး အကျဉ်းသားများအား ယနေ့ညနေ ၆ နာရီ ၃၈ မိနစ်တွင် မင်္ဂလာဒုံလေဆိပ်မှ တဆင့် အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။
ခေါ်ဆောင်လာသည့် နိုင်ငံရေး အကျဉ်းသားများအနက် ရွှေဝါရောင်သံဃာ့အရေး အခင်း ဦးဆောင်သူ ဦးဂမ္ဘီရ ၊ ဂွမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီပု၊ ကျောက်ဖြူထောင်မှ ကိုသူရိန်အောင် တို့ပါဝင်သည်ကို အတည်ပြုနိုင်သော်လည်း အခြား နိုင်ငံရေး အကျဉ်းသား ပါရှိသည် မပါရှိသည်ကိုမူ အတည်မပြုနိုင်သေးပါ။ဦးဂမ္ဘီရအား ကလေးမြို့ထောင်မှ ရွှေ့ပြောင်းမည်ဆိုသည့် သတင်းထွက်ပေါ်ပြီးနောက် ၎င်း၏ မယ်တော် ဒေါ်ရေးက ကလေးမြို့ လေဆိပ်တွင်သွားရောက် စောင့်ဆိုင်းသော်လည်း ၀င်ခွင့်မရပဲ လုံခြုံရေး တင်းကြပ်စွာဖြင့် မွန်းလွဲ ၄ နာရီဝန်းကျင်တွင် လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။
မိခင်ဖြစ်သူ ဒေါ်ရေးက “ မတွေ့ လိုက်ရဘူး၊ လေဆိပ်ထဲ ၀င်ခွင့်မပေးဘူး၊ လှမ်းလည်းမမြင်လိုက်ရဘူး၊ သူ့ပစ္စည်းတွေကိုတော့ ကားတစီးနဲ့ သယ်လာတာသိလိုက်တယ်” ဟုပြောသည်။
နိုင်ငံရေး အကျဉ်းသားများ လေယာဉ်ဖြင့် ခေါ်ဆောင်လာမည့် သတင်းကြောင့် ရန်ကုန်မင်္ဂလာဒုံ လေဆိပ်၌ သတင်းထောက်များနှင့် မိတ်ဆွေ ရဲဘောရဲဘက်များ သွားရောက်စောင့်ဆိုင်းနေကြသော်လည်း ပြောင်းရွှေ့လာသူများအား ရဲ လုံခြုံရေး တင်းကျပ်စွာဖြင့် ညနေ ၆ နာရီခွဲသာသာတွင် ခေါ်ဆောင်သွားကြောင်းသာ မြင်တွေ့လိုက်ရသည်။
ရန်ကုန် အင်းစိန်ထောင်သို့ ခေါ်ဆောင်လာသည့် နိုင်ငံရေး အကျဉ်းသားများအား အင်းစိန်တွင်ပင် ထားရှိမည် သို့မဟုတ် အခြားနယ်ထောင် တခုသို့ပို့ဆောင်မည်ဆိုသည်ကို အတည်မပြုနိုင်သေးပါ။ ကျိုင်းတုံထောင်တွင် အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကိုမူ သရက်ထောင်သို့ ပြောင်းရွှေ့ရန် ရှိပြီးမနက်ဖြန်တွင် ကျိုင်းတုံထောင်မှ ခေါ်ဆောင်လာမည်ဟု ယူဆကြောင်း မိသားစုဝင်များကပြောသည်။
ယနေ့ စတင်လိုက်သည့် နိုင်ငံရေး အကျဉ်းသားများအား ထောင်ပြောင်းရွှေ့ခြင်းတွင် သရက်ထောင်မှ မနီလာသိန်း (သာယာဝတီထောင် သို့) ၊ ပူတာအိုထောင်မှ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး (တောင်ငူထောင်သို့) တို့ပါဝင်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ က အတည်ပြုပြောဆိုသည်။
လွန်ခဲ့သည့် သီတင်းပတ်က ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း ဘန်ကောက်မြို့၌ ဗွီအိုအေ မြန်မာဋ္ဌာနနှင့် တွေ့ဆုံစဉ် နယ်ဝေးရောက်နေသည့် နိုင်ငံရေး အကျဉ်းသားများအား မိသားစုနှင့် နီးရာ အကျဉ်းထောင်များသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။
ယခုလို ထောင်ပြောင်းရွှေ့မှု ပြုလုပ်ချိန်သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အာဆီယံ ထိပ်သီးညီလာခံ ကျင်းပချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသား ၁၆၀၀ ကျော် ရှိနေသေးသည်ဟု ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေး အဖွဲ့က ထုတ်ပြန်ထားသလို၊ အစိုးရ ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကမူ အောက်တိုဘာ ၁၂ ရက်နေ့ လွှတ်ပေးပြီးနောက် ၃၀၀ ၀န်းကျင်သာရှိတော့သည်ဟု ယင်းအဖွဲ့၏ အိတ်ဖွင့်ပေးစာတွင်ဖေါ်ပြထားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သီးခြားကောက်ယူထားသည့် စာရင်းအရမူ နိုင်ငံရေး အကျဉ်းသား ၅၉၀ ကျော်သာရှိသည်ဟု ယခုပတ် တနင်္လာနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ။
Yangon PressInternational
ပြည်သူ့ရင်ခွင် ရွေးစေချင်
လက်ရှိမြန်မာ့နိုင်ငံရေးအခြေအေ နဟာ အတိုက်အခံအင်အားစုများအတွင်းမှာ သဘောထားကွဲပြားမှု အကြီး အကျယ်ဖြစ်ပေါ်နေပါတယ်။ ဒီတစ်ခါသဘောထားကွဲပြားမှုဟာ ၁၉၈၈ နောက်ပိုင်းမှာ အကြီးဆုံးသဘော ထားကွဲမှုဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလသဘောထားကွဲမှုထက် ပိုကြီးမားတဲ့ကွဲပြားမှုဖြစ်ဖို့ အလားအလာ ဖြစ်နေပါတယ်။ စစ်အုပ်စုက လိုင်းတစ်ခုချလိုက်တိုင်း အတိုက်အခံအင်အားစုများဘက်မှာ ထိုသို့ဖြစ်နေကျဖြစ် ပေမယ့် ဒီတစ်ခါကွဲပြားမှုဖြစ်ခဲ့ရင်တော့ မြန်မာ့နိုင်ငံရေးသမိုင်းအတွက် အရေးကြီးတဲ့ဖြစ်စဉ်တခုဖြစ်ပါလိ မ့်မယ်။ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုဝိုင်းရံေ ရး၊ အန်အယ်လ်ဒီကိုဝိုင်းရံရေးဆိုတဲ့ မူကို တလျှောက်လုံး ကိုင်စွဲလာခဲ့တဲ့ နိုင်ငံရေးအင်အားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီတို့ကိုယ်တိုင် သဘောထားကွဲပြားမှုဖြစ်လာနိုင်တာေ ကြာင့်ပါပဲ။
ကွဲပြားမှုရဲ့အခြေခံ အန် အယ်လ်ဒီအနေနဲ့ပါတီမှတ်ပုံတင်ရေး ၊ရွေးကောက်ပွဲဝင်ရေးကိစ္စမှာ ဘယ်လိုအခြေအနေမျိုးမှ ပြုလုပ်သင့် တယ်ဆိုတာနဲ့ပတ်သက်ပြီး သဘောထားကွဲကြတာဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကိုမပြုပြင်ဘဲ ရွေး ကောက်ပွဲဥပဒေကိုသာပြင်ပေးတဲ့အချ က်အပေါ်မှာပဲ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရန်ဖြစ်နိုင်ချေ ရှိ သည်ဟု အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ က သဘောထားပေးလာပြီး အချို့သောအတိုက်အခံအင်အားစုများ ကပါ ထောက်ခံလာတဲ့အပေါ်မှာ ကျန်အတိုက်အခံနိုင်ငံရေးအင်အား စုများက ၂၀၀၈ အခြေခံဥပဒေထဲက ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့  အချက်တွေကိုမပြုပြင်ဘဲ ပါတီမှတ်ပုံတင်၍ရွေးကောက်ပွဲဝင် ရန်မသင့်ဟူ၍ မှတ်ချက်ပေးလာသောကြောင့်ဖြစ်ပါ တယ်။
အတိုက်အခံအင်အားစုများအနေဖြင့် လည်း မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းကို ဆန့်ကျင်ကန့်ကွက် နေခြင်းမဟုတ်ဘဲ ၂၀၀၈ အခြေခံဥပဒေပြုပြင်ရေးကိုသာ တောင်းဆိုခြင်းဖြစ်ပါတယ်။
အားလုံးပြုပြင်ပေးစရာမလို ၂၀၀၈ အခြေခံဥပဒေပြုပြင်ရေးဆိုတာလည်း အားလုံးပြုပြင်စရာမလိုပါ။ အတိုက်အခံအင်အားစုများတောင်းဆို ထားသည်က ၂၀၀၈ အခြေခံဥပဒေထဲက ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့ အချက်များကို ပြုပြင်ပေးရန်သာဖြစ်ပါ တယ်။ ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့ အချက်ဟာ ၂၀ ခန့်ရှိသော်လည်း အရေးကြီးပြုပြင်ပေးရမယ့်အချက်ဟာ ချကြည့်လိုက်ရင် ၇ ချက် ၈ ချက်ခန့်သာရှိပါမယ်။ ထိုအရေးကြီးတဲ့ အချက်တွေမပြုပြင်ပေးဘဲ ကျန်အချက် ၂၀၀ လောက်ကိုပြုပြင်ပေးလည်း ထူးခြားမည် မဟုတ်ပါ။ ထို ၇ ချက် ၈ ချက်လုံးကို မပြုပြင်ပေးနိုင်ပါကလည်း အဓိကကျတဲ့ ၃ ချက်လောက်ကိုပြင်ပေးရုံနဲ့ အားလုံးကျေနပ်လက်ခံနိင်တဲ့ အခြေအနေတရပ်ကို ဖန်တီး နိုင်မှာဖြစ်တယ်လို့ စာရေးသူအနေနဲ့ ယုံကြည်ပါတယ်။
အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ြ ခင်းခေါင်းစဉ်အောက်က ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နဲ့(ခ)ကို ပြုပြင် ပေးရန်ဖြစ်ပါတယ်။ အဲဒီမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်များကို ပြင်ဆင်လိုလျင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်လက်ခံပြီးနောက် ဆိုတာမှာ ရာခိုင်နှုန်း လျော့ချပေးဖို့ဖြစ်ပါတယ်။
သို့မှသာ လွှတ်တော်အတွင်းကနေ အခြေခံဥပဒေပြင်ရေးကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သို့မဟုတ်ပါက လွှတ် တော်တွင်းကနေ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့နိုင် ငံရေးဟာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပါလိမ့်မယ်။
အခန်း(၅)၊ အုပ်ချုပ်ရေး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီဖွဲ့စည်းခြင်းခေါင်း စဉ်အောက်က ပုဒ်မ ၂၀၁ ကိုပြုပြင်ပေးရန် ဖြစ်ပါတယ်။ ကာ∕လုံ ကောင်စီ (၁၁) ဦးမှာ စစ်တပ်က အမြဲတမ်း (၆) ဦးနဲ့အသာစီး ယူထားတာကို လျော့ပေးဖို့ ဖြစ်ပါတယ်။
သို့မှသာ ကာ/လုံရဲ့လုပ်ပိုင်ခွင့်နဲ့ တဆိတ်ရှိ စစ်တပ်က (အခြေခံဥပဒေအရ) အာဏာသိမ်းခြင်းကို ကာကွယ်နိုင် မှာ ဖြစ်ပါတယ်။
အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများခေါင်း စဉ်အောက်က ပုဒ်မ(၂၀)၊ ပုဒ်မခွဲ(ဃ) နဲ့ အခန်း(၇)၊ တပ်မတော်ခေါင်း စဉ်အောက်က ပုဒ်မ(၃၄၀) ကိုဖျက်သိမ်းပစ်ရန်(သို့)ပြု ပင်ပေးရန်ဖြစ်ပါတယ်။ ထိုပုဒ်မ ၂ ခုဟာ အတူတူဖြစ်တဲ့ အတွက် ပေါင်းရေးရခြင်းဖြစ်ပါတယ်။
ပုဒ်မ(၂၀)၊ ပုဒ်မခွဲ(ဃ)။ ။ တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင် ရေးအတွက် စီမံဆောင်ရွက်ပိုင်ခွင့်ရှိသည်။
ပုဒ်မ(၃၄၀)။ ။ တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင် ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေး တွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။တပ်မ တော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရမည်။
ပေါ်တာဆွဲခြင်းနဲ့ အဓမ္မစစ်သားစုဆောင်းခြင်းတွေကို တရားဝင်ပြုလုပ်နိုင်ဖို့ပြဌာန်း ထားတာဖြစ်ပါတယ်။ လိုအပ် လာရင် အတိုက်အခံနိုင်ငံရေးအင်အားစုတွေ ကို ထိုအခြေခံဥပဒေများအသုံးချပြီး ချေမှုန်းလာနိုင်ပါတယ်။
ထိုပုဒ်မ ၂ ခုကို ဖျက်သိမ်း(သို့)ပြုပြင်ပေးခြင်း ဟာ ပြည်သူလူထုနဲ့နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို လူ့အခွင့် အရေးချိုးဖောက်မှုခံရမယ့်အန္တရာယ် က ကာကွယ်ပေးခြင်းပဲဖြစ်ပါတယ်။
ထိုအချက်တွေပြုပြင်ပြောင်းလဲခဲ့ မှသာ လွှတ်တော်တွင်းနိုင်ငံရေးဟာ အဓိပ္ပါယ်ရှိမှာပါ။
အလျော့အတင်း တွေ့ဆုံဆွေးနွေးရေးဆိုတာ နှစ်ဖက်အပေးအယူ အလျော့အတင်းလုပ်ရတာပဲဖြစ်ပါတယ်။ တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုဆိုတာ အင်္ဂလိပ်အက္ခရာ (V) ပုံသဏ္ဍန် နှစ်ဖက်စလုံးဟာ လျော့ချလာပြီး ဆုံချက်တခုမှာ ဆုံတွေ့ကြပြီး အဖြေရလာတာမျိုးပါ။ တဖက်ကအားကြီးပြီး တဖက်ကအားလျော့နေတဲ့အခြေအနေမျိုး မှာ ဖြစ် ပေါ်လာတဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အပေးအယူမျှမျှတတဖြစ်လာဖို့ဆိုတာ ကတော့ မလွယ်ပါဘူး။ ဒီလိုအခြေအ နေမျိုးမှာ အားကောင်းတဲ့ဘက်က တွေ့ဆုံဆွေးနွေးဖို့ကမ်းလှမ်းလာ တဲ့အခါ အားလျော့တဲ့ဘက်က ဘာလုပ် သင့်သလဲဆိုတဲ့ရွေးချယ်မှုဟာ ကိုယ့်အင်အားစုများအကွဲကွဲအပြား ပြားမဖြစ်ဖို့ အတတ်နိုင်ဆုံးရွေးချယ်နိုင်မှ အကောင်းဆုံးဖြစ်မှာ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးဟာ အပေးအယူ အလျော့အတင်းလုပ်ရတယ်ဆိုတာကို အားလုံးနားလည်ထားပေမယ့် ဘာပေးလို့ ဘာရသလဲဆိုတာကလည်း အဓိကကျတဲ့အကြောင်းအရာ ဖြစ်ပါ တယ်။ ပြည်သူလူထုအတွက် ကိုယ်စားပြုသူဟာ ကိုယ့်အတွက်၊ ကိုယ့်ပါတီအတွက်ဆိုတာထက် အများအကျိုး အတွက်မို့ ပိုအရေးကြီးပါတယ်။
မူမူချင်း နိုင်ငံရေး အကျဉ်းသားများအားလုံးချွင်းချက် မရှိလွှတ်ပေးခြင်းနဲ့ တနိုင်ငံလုံးအတိုင်းအတာအရ အပစ်အခတ်ရပ်စဲ ခြင်းဖြင့် လက်ရှိအစိုးရအနေနဲ့ တကယ်ပြုပြင်ပြောင်းလဲလိုတယ်ဆို တာကို လက်တွေ့ပြသနိုင်တယ်လို့ အတိုက် အခံများဘက်က ခံယူထားပါတယ်။ အာဏာ၊ စစ်တပ်နဲ့ တိုင်းပြည်ရဲ့သယံဇာတအဝဝကို အပြည့်အဝချုပ်ကိုင် ထားနိုင်တဲ့ စစ်အုပ်စုအနေနဲ့ထိုသို့လုပ်ပေး လိုက်ရုံနဲ့ အခြေအနေပျက်ယွင်းသွားမှာမဟုတ်ပါ ဘူး။ ဒါပေမဲ့ စစ် အုပ်စုဟာ နိုင်ငံရေးအကျဉ်းသားများကို ဓားစာခံသဘောမျိုး အပေးအယူလုပ်နေပါတယ်။ ဒါဟာ လူကို မူနဲ့အလဲ အလှယ်လုပ်ဖို့ ကြံစည်တာပဲဖြစ်ပါတယ်။ နိုင်ငံရေးသဘောအရတော့ မူကိုမူနဲ့သာ အပေးအယူလုပ်ရမှာဖြစ်ပါ တယ်။ ထောင်ကျနေသူဘယ်သူမဆို လွတ်ချင်တာသဘာဝပါပဲ။ ဒါပေမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေ သူ နိုင်ငံရေးအကျဉ်းသားများကတော့ ယုံကြည်ချက်နဲ့ လွတ်လပ်မှုကိုလဲမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆို တော့ ဒါဟာသူတို့ကျင့်တဲ့ ကိုယ်ကျင့်တရား၊ သူတို့ရဲ့ဂုဏ်သိက္ခာဖြစ်နေလို့ပါ ပဲ။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်နဲ့တော့ တိုင်းပြည်ကိုတသက် စစ်ကျွန်ပြုမယ့် ၂၀၀၈ အခြေခံဥပဒေကို တရားဝင်အသိ အမှတ်ပြုလက်ခံတာမျိုးမဖြစ်စေသင့် ပါဘူး။ ထိုကဲ့သို့လုပ်ခြင်းဟာ မူကိုမူနဲ့အပေးအယူလုပ်တာမဟုတ်ဘဲ လူနဲ့မူကိုအပေးအယူလုပ်တာပဲ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေးအကျဉ်းသားများ မှာလည်း ၂၀၀၈ အခြေခံဥပဒေ ဆိုတာကိုမကြည့်ဘဲ လွှတ်တော်တွင်းနိုင်ငံရေးနည်းကို သာ ယုံကြည်သူများရှိပါတယ်။ ထို့အတူ ၂၀၀၈ အခြေခံ ဥပဒေအောက်ကနေ တိုင်းပြည်အတွက်ဘာမှလုပ်လို့ရမှာမဟုတ်ဘူးလို့ ယုံကြည်သူများလည်းရှိပါတယ်။ ထိုသူ များဆန္ဒကိုလည်း အလေးထားသင့်တယ်လို့ထင်ပါတယ်။ သူတို့ဟာ ကိုယ်ပိုင်ဘဝလွတ်လပ်မှုတစ်ခုတည်း အတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြတာမဟုတ် ပါဘူး။ မိမိရဲ့လွတ်လပ်မှု၊ ဘဝတိုးတက်မှုတွေကို ယုံကြည်ချက် အတွက် စတေးခဲ့ကြသူတွေပါ။ သူတို့ဟာ မူမူချင်းသာ အပေးအယူလုပ်တဲ့နိုင်ငံရေးကိုပဲ ယုံကြည်သူများ ဖြစ်ပါလိမ့်မယ်။
တထစ်ပြီးတထစ် ၁၉၈၈ ကနေကြည့်ရင် အစဦးဆုံး ကြားဖြတ်အစိုးရဖြစ်မြောက်ရေးကနေ ရွေးကောက်ပွဲဖြတ်သန်းရေး၊ လွှတ် တော်ခေါ်ယူရေး၊ ၉၀ ရလဒ်အသိအမှတ်ပြုရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ၂၀၀၈ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး စသည်နဲ့ တထစ်ပြီးတထစ်လျော့လာလိုက်တာ ဘာမှမကျန်တော့ပါဘူး။ ခုတော့နောက်ဆုံးတထစ်ရောက်နေပါ ပြီ။ လျော့ပြီးရင် ပြန်တက်နိုင်ပါတော့မလားဆိုတာ စိုးရိမ်စရာပါပဲ။ နောက်တထစ်ဟာ ချောက်ပဲရှိပါတော့တယ်။
သားတရားစီရင်ခန်း တချို့ကတော့ မဟောသဓသုခမိန်ရဲ့ သားတရားစီရင်ခန်းနဲ့ ဥပမာပေးကြပါတယ်။ အမေအရင်းက ကိုယ့်သား လေးခံစားရတဲ့ဝေဒနာကြောင့် အတင်းမဆွဲတော့ဘဲ အလျော့ပေးလိုက်တာပါ။ ဇာတ်တော်မှာတော့ မဟောသဓ ရှိနေတော့ အမေအရင်းဟာ သားလေးကိုမဆုံးရှူံးဘဲ ပြန်ရခဲ့ပါတယ်။ ဒီဇာတ်တော်ကို ဖြန့်ကျက်စဉ်းစားကြည့်ရင် တကယ်လို့ မဟောသဓသာမရှိခဲ့ရင် သားလေးဘာဖြစ်မှာလဲ။ နောက် တဖက်ကဆွဲနေတဲ့သူဟာ ဘီလူးမ ဖြစ်မှန်း အမေရင်းက အစကတည်းကသိနေရင်ကော သားလေးအစားခံရမှာသေချာသိနေတဲ့ အတွက် လွှတ်ပေး ပါ့မလားဆိုတာ စိတ်ဝင်စားစရာပါ။
အနုတ်လက္ခဏာ စစ်အုပ်စုဟာ သူတို့ရဲ့ လက်ရှိဟန်ပြအစိုးရနဲ့လွှတ်တော်ကို နိုင်ငံတကာက အပြည့်အဝလက်ခံ အသိအမှတ် ပြုရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အား စုများကို အမြစ်ပြတ်ချေမှုန်းနိင်ရေးအတွက် ဒေါ်အောင်ဆန်းစု ကြည်ကို အသုံးချရန်ကြိုးစားနေခြင်းဖြစ် ပါတယ်။ သူတို့လိုချင်တဲ့ အတိုင်းအတာကိုရောက်ပါက ထိုနေရာမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လက်တွဲဖြုတ်ချန်ထားခဲ့မှာဖြစ်ပါ တယ်။သူတို့အားရအောင် ဒီမိုကရေစီအင်အားစု များအား အပြင်းအထန်အတိုက်အခံလုပ်ဝေဖန်ခဲ့ သော အေးလွင်တို့အုပ်စုကိုလည်း ထိုသို့အသုံးချခဲ့ပြီုးချန် ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုယုံကြည်ကိုးစားခံရမှုနဲ့ ပုဂ္ဂိုလ်ရေးအခန်းကဏ္ဍဟာ ကြီးမားလှသည်မှန်သော်လည်း လက်တွေ့ကျသော ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ် မလာပါက အယောင်ပြလုပ် ငန်းစဉ်များတွင် မျောပါနေသည်ဟူသောအမြင်ဟာ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ မှာ ဖြစ်ပေါ်လာနိုင် ပါတယ်။ ထိုအခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအင်အားစုများအကြား ကွာဟမှုဖြစ်လာနိုင်ပြီး ညီညွတ်ရေးထိခိုက်လာနိုင်သလို ဒေါ်အောင်ဆန်းစုကြည်အား ဝိုင်းရံမှုဟာလည်း လျော့ကျလာနိုင်ပါတယ်။ ဆယ်ရေးတရေး ကိုးရေးတစ်ရာ ထိုကဲ့သို့သာဖြစ်ခဲ့ပါက ဒီမိုကရေစီအင်အားစုများဘက်မှာ အနုတ် လက္ခဏာပြပြီး စစ်အုပ်စုအတွက်တော့ အမြတ်ထွက်မှာကျိန်းသေပဲဖြစ်ပါ တယ်။ နိုင်ငံရေးအင်အားစုများ အနေဖြင့်လည်း ဆယ်စုနှစ်များနှင့်ချီ၍ ဖြတ်သန်းလာခဲ့ရသော အတွေ့အကြုံများ၊ သင်ခန်းစာများအရ နိုင်ငံရဲ့ကံကြမ္မာအဝဝကို မည်သို့သော ပုဂ္ဂိုလ်ဦးတယောက်၊ အဖွဲ့အစည်းတစုတဖွဲ့တည်းကိုမှ ပုံအပ်ထား နိုင်မည်မဟုတ်ပါ။
ထပ်မံစော်ကားရတဲ့ပြည်သူ့ဆန္ဒ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဆိုတာ မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အန်အယ်လ် ဒီကို ထောက်ခံ ရုံသက်သက်၊ သတင်းစာထဲမှာဖော်ပြခံရရုံသက်သက် မဲပေးခဲ့ကြတာမဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ဖျက် သိမ်းရေးမှာ မဲမကွဲဖို့လိုအပ်တယ်ဆိုတာသိတြဲ့ ပည်သူတွေက တနိုင်ငံလုံးအတိုင်းအတာနဲ့ အသိစိတ်ဓာတ်ရှိရှိ လှုပ်ရှားခဲ့ကြတဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ တတိုင်းပြည်လုံးဆိုင်ရာပြည်သူ့နိုင်ငံရေးလှုပ်ရှားမှုကြီးကို ဂရုမစိုက်မျက်ကွယ်ပြုခဲ့တဲ့စစ် ဗိုလ်ချုပ်တွေဟာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါတယ်လို့ လက်တွေ့မပါ လေလုံးသက်သက်နဲ့ လွှတ်တော်ထဲမှာကြေညာတာဟာ ဒီလောက်လေးပြောပေးလိုက်ရင်ပဲ ကျေနပ်နှစ်သိမ့်သွားကြမယ့် ငတုံးငအတွေပါဆိုတဲ့ အထင်သေး အမြင်သေး ထပ်မံစော်ကားမှုပဲ ဖြစ်ပါတယ်။
ဒီရလဒ်ကို စစ်အာဏာရှင်တွေလက်ခံလာရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့၊ အကျဉ်းကျခဲ့ ရတဲ့၊ ဘဝပျက်ခဲ့ရတဲ့၊ မိသားစုပြိုကွဲခဲ့ရတဲ့သူတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ ဒီအပေါ်မှာ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့ အစည်းပဲဖြစ်ဖြစ် လွယ်လွယ်လေးတော့ သဘောမထားသင့်ပါဘူး။( ၉၀ ရလဒ်ကို မဖြစ်မနေ အကောင်အထည် ဖော်ရမယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ဂုဏ်သိက္ခာမဲ့စွာတဖက်သတ်လုပ် ဆောင်မှုကြောင့် အကောင်အထည်မဖော်နိုင်ခဲ့တာကို ရိုးသားစွာဝန်ခံဖို့ပါပဲ။)
အရှိအရှိအတိုင်း ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီတွေနဲ့ ယခုအခါ အန်အယ်လ်ဒီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကပါ အရှိကိုအ ရှိအတိုင်းလက်ခံရမယ်လို့ပြောလာ ပါတယ်။ ဘာကိုဆိုလိုချင်ပါသလဲ။ စစ်အုပ်စုကို ငါတို့မနိုင်တော့ဘူး။ သူတို့က အစစသာနေပြီလို့ပြောချင်တာလား။ ဘယ်သူလက်ခံလက်မခံ စစ်အုပ်စုက ဦးသိန်းစိန်အစိုးရအနေနဲ့ အာဏာ ကိုချုပ်ကိုင်ထားပြီလို့ပြောချ င်တာလား။ ဒီလိုသာအရှိကိုအရှိအတိုင်းလက်ခံ ရကြေးဆိုရင် ဦးနေဝင်းရဲ့မဆလ အစိုးရကို ဖြုတ်ချခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးလည်း ဖြစ်ပေါ်လာစရာမရှိဘူး။ ဒါဆိုရင် အန်အယ်လ်ဒီ ဆိုတာလည်းပေါ်လာစရာမရှိပါဘူး။
တိုင်းပြည်ကိုစစ်ကျွန်ပြုမယ့် ၂၀၀၈ ဥပဒေဟာလည်း တကယ့်အရှိတရားပဲဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်းမဲလိမ်ပြီး မတရားတက်လာတဲ့အစိုးရဆိုတာလည်း အရှိတရားပဲဖြစ်တယ်။ ခုချိန်ထိ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးနဲ့ဖိနှိပ်နေတာလည်း အရှိတရားပဲဖြစ်တယ်။ ထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသားတွေကို ခုချိန်ထိချုပ်နှောင်ထားတာလည်း အရှိတရားပဲဖြစ်တယ်။ ဒါတွေကိုလည်း အရှိအရှိအတိုင်း လက်ခံပြီး ဘာလုပ်သင့်သလဲလို့ဆုံးဖြတ်ချက် ချရမှာဟာလည်း တကယ့်တာဝန်တရပ်ဖြစ်ပါတယ်။
၁၈၊နိုဝင်ဘာ ၂ ၀၁၁ ခုနှစ်ရဲ့ လာမယ့် နိုဝင်ဘာ ၁၈ မှာ အန်အယ်လ်ဒီဟာ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနဲ့ ရွေးကောက် ပွဲဝင်ရေး၊ မဝင်ရေးကို ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ၁၈၊နိုင်ဝင်ဘာဟာ ဘယ်လို အဓိပ္ပါယ်သတ်မှတ်ချက်မျိုးနဲ့ကျ န်ခဲ့မယ်ဆိုတာကို အတိုက်အခံများဘက်ကကော၊ စစ်အုပ်စုဘက်ကပါ သိချင် ဇောနဲ့စောင့်နေကြပါတယ်။ မေးခွန်းကတော့ အန်အယ်လ်ဒီ ဘာလဲ၊ ဘယ်လဲ?
ရင်ထဲကဗကသ ဗမာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဆိုတဲ့အမည်ဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် အဆက် ဆက် ကြောက်ရွံ့ခဲ့ရတဲ့၊ မနှစ်မြို့ခဲ့ရတဲ့ အမည်ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီ တက်လာကတည်းက ဗကသဟာ မြေအောက်အဖွဲ့အစည်းဖြစ်ခဲ့တာပါ။ ၁၉၈၈၊ သြဂုတ် (၂၈) မှာ ဗကသဟာ ထင်ထင်ရှားရှားပြန်ပေါ်လာခဲ့ပါ တယ်။ ၂၀၀၇ မှာ မျိုးဆက်သစ်တွေက လက်ဆင့်ကမ်းခဲ့ကြတယ်။ စစ်အာဏာ ရှင်တွေအနေနဲ့ဘယ်လောက်ပဲ နှိပ်ကွပ် နှိပ်ကွပ်၊ ဘယ်လောက်ပဲ ဖိနှိပ် ဖိနှိပ် ခုချိန်ထိပျောက်ပျက်မသွားခဲ့ ပါဘူး။ ဘာကြောင့်ပါလဲ? ဗကသဟာ အာဏာရှင်တွေ အသိအမှတ်ပြုရေးထက် ပြည်သူတွေရင်ထဲက အသိအမှတ်ပြုရေးကိုသာ ဦးထိပ်ထားခဲ့လို့ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကြိုကာလ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို အတိုက်အခံအင်အားစုများနဲ့ ပြည်သူလူထုက လှိုက်လှိုက်လှဲလှဲထောက်ခံကြိုဆို ခဲ့ကြပါတယ်။ အန်အယ်လ်ဒီရဲ့ ပြတ်သားတဲ့နိုင်ငံရေးလမ်း ကြောင်းလို့လည်း ကိုးစားခဲ့ကြပါတယ်။ ပြည်သူလူထုနဲ့ နိုင်ငံရေးအင်အားစုများက ထောက်ခံရပ်တည်ခဲ့ကြလို့ လည်း စစ်အုပ်စုအနေနဲ့အန်အယ်လ်ဒီကို အပြီးတိုင်ပယ်ဖျက်လိုသော်လည်း မပယ်ဖျက်နိုင်ဖြစ်ခဲ့ရတာပါ။ အန်အယ်လ်ဒီဟာ မှတ်ပုံမတင်သော်လည်း ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ရပ်တည်နိုင်ခဲ့ပါတယ်။
ပါတီမှတ်ပုံတင်ခြင်းနဲ့ ရွေးကောက်ပွဲဝင်ခြင်းဟာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံခြင်းပဲဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့ အချက်တွေကို မပြုပြင်နိုင်ဘဲလက်ခံခြင်းဟာ တိုင်းပြည်အပေါ်စစ်ကျွန်ပြုမယ့် စစ်အုပ်စုရဲ့သဘောထားနဲ့ အတူတူပဲဖြစ်သွားပါလိမ့်မယ်။
စစ်အုပ်စုကအသိအမှတ်ပြုမှ ရပ်တည်ရတဲ့ အန်အယ်လ်ဒီဆိုတာထက် ပြည်သူတွေရင်ထဲက အန်အယ်လ်ဒီသာ ဖြစ်စေလိုပါတယ်။
ကိုမိုးကောင်း
၁၆၊ နိုဝင်ဘာ၊ ၂၀၁၁။
Subscribe to:
Posts (Atom)