ဒါဆိုဘာလုပ်မလဲ

ဒါဆိုဘာလုပ်မလဲ
အကျဉ်းအကြပ်ကာလမှာ
ဒီမေးခွန်းဟာ သိပ်လေးနက်တယ် ။
ဒါဆိုဘာလုပ်မလဲ
လေးဘက်နံရံတွေကြားက လူတယောက်
ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေတယ် ။
ဒါဆိုဘာလုပ်မလဲ
ကျိုးနေတဲ့ ကလောင်သွားကိုကိုင်ရင်း
ကဗျာဆရာ စဉ်းစားနေတယ် ။        ။
ဒါဆိုဘာလုပ်မလဲ
မျက်လုံးတထောင်အောက်က
ခြေလှန်းတစုံ ရှေ့ တိုးမှာလား နောက်သို့ လား ။           ။
ဒါဆိုဘာလုပ်မလဲ
စွန့် အ နားမကြားသူတွေရဲ့ကြားမှာ
လွပ်လပ်ချင်းငတ်မွတ်သူတယောက်
လျှာအဖြတ်ခံ ထိသွားတယ် ။         ။

ခါးတမာ (Nov 18, 2011)

No comments: