ကတိက၀တ်အတိုင်း မြန်မာအစိုးရ ကြိုးပမ်းဖို့ AIPMC တိုက်တွန်း
2011-11-30
၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် မယူခင် ကတိက၀တ် အတိုင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု ရှိလာဖို့ မြန်မာ အစိုးရ ကြိုးပမ်းသင့်ကြောင်း AIPMC ခေါ် အာဆီယံ နိုင်ငံ ပါလီမန် အမတ်များ အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။AIPMC ခေါ် မြန်မာ့အရေး ဆောင်ရွက် နေသည့် အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့၏ အင်တာနက် စာမျက်နှာပုံ ဖြစ်ပါသည်။
AIPMC ရဲ့ အမှုဆောင် ဒါရိုက်တာ မစ္စက် အာဂွန်း ပူတရီ အက်စ်ထရစ် (Agung Putri Astrid) က “နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့နဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် လတ်တလော လိုအပ်ချက်တွေ ဖြစ်တယ်” လို့ ပြောပါတယ်။ လာမယ့် ၂၀၁၂ ခု အစောပိုင်းမှာ AIPMC အဖွဲ့က အမတ်တွေဟာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အစိုးရနဲ့တင် မဟုတ်ဘဲ နိုင်ငံရေး ပါတီတွေ လူမှု အဖွဲ့အစည်းတွေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံသွားဖို့ ပြင်ဆင်နေကြောင်း မစ္စက် အာဂွန်းက ပြောပါတယ်။ AIPMC အာဆီယံ အမတ်များ အဖွဲ့ဟာ အာဆီယံ အဖွဲ့ထဲက အစိုးရ အဖွဲ့ဝင် အမတ်တွေ အပြင် အတိုက်အခံ အမတ်တွေနဲ့ပါ ပူးပေါင်း ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေးတွေ အတွက် အာဆီယံ အဖွဲ့ကို အကြံပြုနေပါတယ်။
No comments:
Post a Comment