တွံတေးကျူရှင်ဆရာရဲ့ တကိုယ်တော်ဆန္ဒပြပွဲ


၉၁ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့မှာ ရန်ကုန်တိုင်း တွံတေးမြို့ နယ်က ကျုရှင်ဆရာဦးအောင်ဖေ တစ်ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ ဆရာဦးအောင်ဖေကို ဘားမားဗီဂျေမှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

 မေး - တွံတေးမြို့နယ်မှာ ဆန္ဒပြတာတွေဖြစ်တယ်လို့ကြားတယ်ခင်ဗျ ဆရာပြောပြပေးပါ။

ဖြေ - ဟုတ်ကဲ့ပါ။ ဒီနေ့မနက်ရှစ်နာရီမှာ ကျနော်ရဲ့ဆန္ဒကို ကျနော်ထုတ်ဖော်တာပါ။ ဒီလိုထုတ်ဖော်တာက ဘယ်လိုလဲဆိုရင် ကျနော့်ရဲ့ နှစ်ပေတစ်ပေခွဲခန့် စာရွက်ပေါ်မှာ စစ်မှန်သော တွေ့ဆုံဆွေးနွေးခြင်းကသာ စစ်မှန်သောဒီမိုကရေစီကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ဆိုတဲ့ စာတန်းကို ဆော့ပင်နဲ့ ရေးတယ်။ ကျနော်ရဲ့ ရှပ်အင်္ကျီအဖြူကျောကုန်းမှာလဲ အဲဒီစာတန်းမျိုး ရေးတယ်။ ပြီးတော့တခါ အဲဒီစာတန်းမျိုးကို စာရွက်ရေ ၂၀၀ နဲ့ရေးပြီးတော့ အဲဒီစာရွက်တွေကို လက္ဘရည်ဆိုင်တွေ၊ ဈေးအပါအ၀င် ပြည်သူပြည်သားတွေကို လိုက်ဝေတယ်။ ရပ်ကွက်တော်တော်များများ ပတ်တဲ့အခါ တစ်နာရီကျော်ကျော်ကြာသွားပါတယ်။
 
မေး - ဆရာ့အနေနဲ့ ဒီတစ်ခါဆန္ဒပြတာနဲ့ဆို ဘယ်နှခါမြောက်လဲခင်ဗျ

ဖြေ - ကျနော်အကြိမ်မနဲတော့ဘူးဗျ။ ကျနော်ထင်တယ်။ အကြိမ်သုံးဆယ်ထက်မနဲရှိမယ်။ တစ်ကိုယ်ရေ ဆန္ဒပြတာတော်တော်များတယ်ခင်ဗျ။

မေး - ဆရာ့အနေနဲ့ ဖြည့်စွက်ြပီးပြောပေးချင်တာ ရှိရင်ပြောပေးပါခင်ဗျာ

ဖြေ - ကျနော် ပြောစရာရှိတာကတော့ဗျာ အခုတည်ဆဲအစိုးရကို ပြောချင်တယ်ခင်ဗျ။ တည်ဆဲအစိုးရအနေနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးတဲ့အခါမှာ အမှန်တကယ် သူတို့ရဲ့ဖွဲ့စည်းပုံအခြေဥပဒေထဲပါသွားအောင် မဆွေးနွေးဘဲနဲ့ အမှန်တကယ်မျိုး ပြည်သူ ကလိုလားနေတဲ့ ပြည်သူ့ရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ပြည်သူ့ခေါင်းဆောင်ကို တကယ်တမ်း တန်းတူညီတူ တန်ဖိုးထားပြီးတော့ အသေအချာ ဆွေးနွေးစေချင်တယ်။ အခုလိုမျိုး တစ်ဖက်စောင်းနင်းဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေါ်ပေါက်လာတဲ့ တစ်ဖက်စောင်းနင်း ရွေးကောက်ပွဲကြီးထဲကို ထည့်ပြီး အန်အယ်ဒီကို ဘာမှလုပ်လို့ မရအောင် လုပ်တာမျိုးကို ကျနော်တို့မကြိုက်ဘူး။ တစ်ကယ်တမ်းပဲ စစ်မှန်တဲ့ဒီမိုကရေစီကို လွှတ်တော်ထဲ မှာ မဖန်တီးနိုင်ဘူးလို့ ကျနော်အပါအ၀င် တော်တော်များများကလဲ ယုံကြည်ကြတယ်။ ပြင်ပမှာပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပွင့်လင်းတဲ့တွေ့ဆုံဆွေးနွေးရေးကို လုပ်စေချင်တယ် ဒီထက်ပိုပြီးတော့ မှန်မှန်ကန်ကန်လေးပေါ့ဗျာ။

By ဇာဏီ (Burma VJ Media Network)

No comments: