အရှုံးတွေ ထွေးပွေ့ အမုန်းတရားတွေ တိုးဆင့်နေတဲ့ အကျိုးမဲ့နေသော မြန်မာနိုင်ငံ ပြည်တွင်းစစ်

by Ko Baloi on Saturday, November 26, 2011 at 4:45am

ကျနော်တို့မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲနှင့်ပတ်သက်ပြီး အနည်းငယ် ကျနော့်အမြင် အနည်းငယ်တင်ပြရေးသားလိုပါသည်။

ကျနော်တို့တိုင်းရင်းသားများစွာအမှီတဟဲပြု၍ နေထိုင်လာခဲ့ကြသည့် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာဖြစ်ပွါးနေသော ပြည်တွင်းစစ်သည် အများအထင် သူနိုင်- ကိုယ်နိုင် အနိုင်အရှုံးတိုက်နေသည့် ပြည်တွင်းစစ်ပွဲဟု ထင်ယောင်ထင်မှား ဖြစ်တန်ကောင်းပါသည်။ အမှန်မှာကျနော့်အမြင် ဤ-သို့မဟုတ်...ပြည်တွင်းစစ်ကိုမီးမွေးနေကြပြီး သူမနိုင်- ကိုယ်မနိုင် အပြတ်မတိုက်နေသည့် ပြည်တွင်းစစ်မျှလောက်သာဖြစ်သည်။
ကျနော်တို့နိုင်ငံ၏ ပြည်တွင်းစစ်သည် အခြားနိုင်ငံပြည်တွင်းစစ်တွေနဲ့ မတူပါ၊  တမြေထဲနေ တရေထဲသောက်နေကြသည့် ကျနော်တို့တိုင်းရင်းသားများကို နှစ်ဖက်ခေါင်းဆောင်များက   ဝါဒမှိုင်းများတိုက်ကာ   တိုင်းရင်းသားအချင်းချင်း   အမုန်းတရားတွေတိုးဆင့်ပြီး   နှစ်ပေါင်းများစွာ   ပြည်တွင်းစစ်ကိုဖန်တီးထားကြသည်။        နှစ်ဖက်ခေါင်းဆောင်များဖန်တီးနေသော       ပြည်တွင်းစစ်ကြောင့် တောနေလူတန်းစားများသည် ရွာပုန်းရွာရှောင်ဖြစ်ကာ....မိတကွဲ- ဖတကွဲ၊ သားတကွဲ- မယားတကွဲနှင့် ဒုက္ခပေါင်းမြောက်များစွာတို့ကို ဆိုးဆိုးရွားရွား ခါးတီးစွာ ယနေတိုင် ခံစားနေခဲ့ကြရသည်။
ရန်သူကိုထိုးစစ်မဆင်ပဲ ခုခံစစ်နဲ့ တရားသောစစ်ပွဲကို ဆင်နွဲနေ၍မရ၊ ရန်သူကိုထိုးစစ်ဆင်ပြီး ပြည်သူနဲ့လက်နက်ကိုင်အင်အားပေါင်းစည်း၍ ရန်သူကိုတိုက်ခိုက်ချေမှုန်းကာ အောင်ပွဲကိုအရလှမ်းယူနိုင်ရမည်။ ထို- မူဝါဒကို မကိုင်စွဲသ၍ လက်နက်ကိုင်လမ်းစဉ်သည် အောင်ပွဲနှင့်အလှမ်းဝေးနေကြဦးမည်ဖြစ်သည်။
ကျနော်တခုတွေးမိသည်  စစ်တပ်မှ နိုင်ငံတော်အာဏာကိုသိမ်းပိုက်ပြီး....ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ပြည်သူများအပြည့်အဝထောက်ခံထားသည့်၈၈မျိုးဆက်များတည်ထောင်ထားသည့်မြန်မာတစ်နိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော်၏ အားကိုမယူပဲ...ဘာကြောင့်
အာဏာသိမ်းစစ်အစိုးရကို တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ဝေ့လည်ကြောင်ပတ်လုပ်ပြီး ထိုးစစ်မဆင်နွဲခဲ့ပါလဲ၊  ABSDF ကိုဘာကြောင့်ပွဲမထုတ်ပဲ ချောင်ထိုးထားခဲ့သလဲဟု ပြန်တွေးတောမိသည်။
၈၈ တောခိုစဉ်တုန်းက လက်နက်ကိုင်လူမျိုးစုများမှ ကျောင်းသားနှင့် လူငယ်များကို လက်နက်တပ်ဆင်ပြီး ပြည်တွင်းကို တမုဒ်ခြင်းထိုးစစ်ဆင်လျှင်....ရန်သူကို  ကျိန်းသေတော်လှန်နိုင်သည်။   ဘာကြောင့်လို့လည်းဆိုရင်....အဲဒီတုန်းက     တောခို ၈၈ ကျောင်းသားများနဲ့ လူငယ်တွေများ၏    နောက်တွင် ရဟန်း၊ ရှင်၊ ကျောင်းသား၊ ပြည်သူတွေ အပြည့်အဝထောက်ခံ ရပ်တည်ထားပြီး...ပြည်သူ့ရဲဝန်ထမ်းအချို့နဲ့   ပြည်သူ့  စစ်သည်တော်များ၏ ထောက်ခံမှုများကိုရရှိထားသည့် အချိန်ကောင်းကာလဖြစ်သည်။ အဲဒီအချိန်တုန်းကလက်နက်ကိုင်လူမျိုးစုခေါင်းဆောင်များအနေနဲ့ ၈၈ ကျောင်းသား-   လူငယ်များ၏   အင်အားကို အသုံးမချတတ်၍လော....တော်လှန်ရေးကြီး
ပြီးဆုံးသွားတဲ့အခါနေရာမရမှာစိုးရိမ်၍လော...တောဘုရင်ဘဝနဲ့ပဲပျော်မွေ့နေ၍လော...တလောလောတော့ ဖြစ်မည်အမှန်ပေ။
အဲဒီတုန်းက (နဝတ) အာဏာသိမ်းစစ်အစိုးရမှာ   ဖွဲ့စည်းပုံလည်းပျက်  သွေးလည်းပျက်နေသည့်အချိန်ကာလဖြစ်သည်။ အခုချိန်မှာအင်အားတောက်တင်းပြီး    တရုတ်အစိုးရကို ကျောထောက်နောက်ခံပြုထားတဲ့ စစ်တပ်ကို တိုက်ဖို့ဆိုတာ ဖြစ်နိုင်ချေအရ အရမ်းနည်းလွန်းနေသည်ဟု သုံးသပ်မိပါသည်။
အမှန်မှာ  မြန်မာနိုင်ငံတွင်ဖြစ်ပွါးနေသောပြည်တွင်းစစ်သည်     တဖက်နဲ့ တဖက် အနိုင်မရှိပဲ ဆိုးကျိုးတွေနဲ့သာ အရှုံးသံသရာထဲမှာလည်နေပြီး  တဖက်နဲ့ တဖက်  အရှုံးတွေကို ထွေးပွေ့  အမုန်းတရားတွေတိုးဆင့်နေတဲ့ အကျိုးမဲ့နေသော  ပြည်တွင်းစစ်သာဖြစ်ကြောင်း
ကျနော့်အမြင်ကိုရေးသားတင်ပြလိုက်ပါသည်။

No comments: