(မှတ်ချက် - ကချင်မပါသေး)
2011-11-21
မြန်မာအစိုးရရဲ့ အပစ်ခတ်ရပ်စဲရေး ကိုယ်စားလှယ် အဖွဲ့ဟာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ထိုင်း မြန်မာ နယ်စပ် ဒေသမှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင်တွေက အာရ်အက်ဖ်အေကို အတည်ပြု ပြောဆိုပါတယ်။ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း  ဦးဆောင်တဲ့ မြန်မာအစိုးရရဲ့ အပစ်ခတ်ရပ်စဲရေး ကိုယ်စားလှယ် အဖွဲ့နဲ့ RCSS  SSA ရှမ်းပြည် တပ်မတော် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွတ်စစ် နဲ့ အဖွဲ့တို့  ၂၀၁၁ နိုဝင်ဘာလ အတွင်း အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးနေစဉ်။  ဒီရက်ပိုင်းအတွင်းမှာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ  ဖြစ်တဲ့ KNU, KNPP, CNF တို့နဲ့လည်း မြန်မာအစိုးရရဲ့ အပစ်ခတ်ရပ်စဲရေး  ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့ပါတယ်။ (Photo courtesy of Tai Freedom)
KNU ကရင် အမျိုးသား အစည်းအရုံး အပြင် SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်း  အဖွဲ့တွေနဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ်တွေ နိုဝင်ဘာလ ၁၉ ရက်က ထိုင်း  မြန်မာနယ်စပ်မှာ တစ်ဖွဲ့ချင်းစီနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာလို့ သိရပါတယ်။  KNU နဲ့ မြန်မာအစိုးရကြား အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးမှုဟာ ပဏာမ  အဆင့်လို့ KNU ကရင် အမျိုးသား အစည်းအရုံး ခေါင်းဆောင် တစ်ဦး ဖြစ်သူ Naw  Zippora Sein က ပြောပါတယ်။  အလားတူ RCSS SSA ရှမ်းပြည် တပ်မတော် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွတ်စစ် နဲ့  အဖွဲ့ဟာ အစိုးရ ကိုယ်စားလှယ်အဖွဲ့ နဲ့ ဆွေးနွေးခဲ့ကြောင်း  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောင်ဆိုင်းက အခုလို ပြောပါတယ်။  “နဂိုကတည်းက ငြိမ်းချမ်းရေး ရအောင် မကျေလည်သေးတဲ့ နိုင်ငံရေး ပြဿနာတွေကို  နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြဖို့  ကျွန်တော်တို့လည်း ကြေညာခဲ့ပြီးသားပါ။ အစိုးရကလည်း ကမ်းလှမ်းလာတဲ့ အတွက်  ကျွန်တော်တို့ကလည်း သမ္မတကြီးထံ အကြောင်း ပြန်ကြားခဲ့ပါတယ်”  SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းအနေနဲ့ လာမဲ့ ဒီဇင်ဘာလ အစောပိုင်းမှာ  အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း  အာရ်အက်ဖ်အေ ကို ပြောပါတယ်။  မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့မှာ ရထား ပို့ဆောင်ရေး ၀န်ကြီး  ဦးအောင်မင်း၊ ရန်ကုန် အခြေစိုက် EGRESS အဖွဲ့က ဒေါက်တာ နေ၀င်းမောင်၊  ဒေါက်တာ ကျော်ရင်လှိုင်၊ ငါးလုပ်ငန်းက ဦးတင်မောင်သန်းတို့ ပါဝင်တယ်လို့  သိရပါတယ်။  အခုလို တိုင်းရင်းသား အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ဖြစ်မြောက်လာအောင်  ၀ိုင်းဝန်း ကူညီပေးသူက မြန်မာနိုင်ငံရဲ့ပထမဆုံး သမ္မတ စပ်ရွှေသိုက်ရဲ့သား   ဥရောပ အခြေစိုက် Euro-Burma Office တာဝန်ခံ ဦးဟန်ညောင်ဝေ ဖြစ်တယ်လို့  သိရပါတယ်။  မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ KNU နဲ့ SSA တောင်ပိုင်း အပြင် KNPP  ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ CNF ချင်းအမျိုးသား လွတ်မြောက်ရေး တပ်ဦး  အဖွဲ့တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။              
No comments:
Post a Comment