နွေဦးကျက်သရေ ………နှင့် ကျွန်တော် (ရသ စာတမ်းငယ်များ) စာအုပ်မှ
အမျိုးသားနေ့ သည် မောင်းကဲ့သို့ ဟည်း၍ စည်ကဲ့သို့ ဟိန်းခဲ့သည်။ တစ်နှစ်လျှင်ခြေတစ်လှမ်း တစ်လှမ်းလှမ်း၍ နှစ်ဆယ့် ခုနှစ်လှမ်းဖြင့် လွတ်လပ်ရေးကို လက်ရသိမ်းပိုက်ခဲ့သည်။
၁၉၂၁ ခုနှစ်တွင် ပထမ ခြေလှမ်းကို လှမ်း၍ ချီတက်ခဲ့သည်။
၁၉၄၇ခုနှစ် တွင် နှစ်ဆယ့် ခုနှစ်ကြိမ်မြောက်ခြေလှမ်းဖြင့် လွတ်လပ်ရေးကို ခုန်ဖမ်းလိုက်သည်။လွတ်လပ်သော ၁၉၄၈
ခုနှစ်မှ နောက်သို့ ပြန်၍ ကြည့်သော် အမျိုးသားနေ့ သည် လွမ်းစရာ လည်းကောင်းသည်။
အံသြစရာ လည်းကောင်းသည်။ နောင်အခါတွင် အမျိုးသားနေ့ သည် မြန့် မာ့ယဉ်ကျေးမှုတစ်ခု အနေ ဖြင့် တည်တော့ မည် ဟု ထင်ဖွယ်ရာရှိလေသည်။
ဗြိတိသျှ အစိုးရ ၏ အာဏာကို ဖီဆန်လို သော သဘောဖြင့် ၁၉၂၀ ပြည့် နှစ်က ကျောင်းသား များသပိတ်မှောက်သည့် နေ့ ကို အကြောင်းပြု၍ ၁၉၂၁ ခုနှစ်တွင်
ထိုနေ့ ကို အမျိုးသားနေ့ ဟူ ၍ သတ်မှတ် လိုက်သည်။
ထိုသပိတ်ကြောင့် တစ်နိုင်ငံ လုံးအိပ်မောကျနေရာ မှ လန့် နိုးလာသည်။လူးလွန့် လာသည်။မျက်စိကို ပွတ်သပ် ကြည့်သည်။ လွတ်လပ်ရေးရ လိုစိတ်ပေါက်လာသည်။
ထိုသပိတ်၌ အကြောင်းခံ ရှိသော ထိုနေ့ သည် အမျိုးသားနေ့ ဖြစ်ထိုက်ပါပေသည်။
ထိုနေ့ ကို သတ်မှတ် လိုက်သည်မှ စ၍ လွတ်လပ်ရေးရ လိုစိတ်သည် တစ်နှစ်ထက်တစ်
နှစ်ထက်သန် ပွားများလာသည်။ ကျယ်ပြန့် လာသည် ။အဆောက်အအုံဖြစ်လာသည်။
အမှန်မှာ လွတ်လပ်ရေးရလို စိတ်သည်သာလျှင် အမျိုးသားနေ့ ၏ အသက် ဖြစ်ခဲ့လေ
သည်။
၁၉၂၁ ခုနှစ် မှ ၁၉၃၀ ပြည့် နှစ်လောက် အထိ ၀ံသာနု ၀ါဒ ဖြန့် ခဲ့သည်။ ထိုအခါ ကသော် ဒိုင်အာခီ အုပ်ချုပ်ရေးမှ တစ်ဆင့်စီ တစ်ဆင့်စီတက်သွားချင်သူ များလည်းရှိကြသည်။
ဟုမ္မရူုး အုပ်ချုပ်ရေး ကိုတစ်ခါ တည်း ခုန်ဖမ်းချင် သူ များလည်း ရှိကြသည်။ သို့ သော်လည်း ထိုသူ အားလုံးသည် ၀ံသာ နုချဉ်းသာ ဖြစ်ကြသည်။ ထိုဝါဒီများသည် လမ်းစဉ်
ကွဲနေ ကြသဖြင့် နွားကွဲ၍ ကျားကိုက်ခံနေကြရသည်။နေရာတကာ၍ ဗြိတိသျှ အစိုးရ ကို အရှုံးပေးနေကြရသည်။သို့ ရာတွင် အမျိုးသားနေ့ ကား အရှုံးပေးခဲ့ဖူးသည် မရှိ။နှစ်စဉ်မှန်မှန် ချီတက်ခဲ့သည်။ တစ်နှစ်ထက် တစ်နှစ် ခြေလှမ်းသွက်ခဲ့သည်။
၁၉၃၀ ပြည့် နှစ် အတွင်းတွင် ခြေလှမ်းသွက်လာ ရုံသာ မက အချအနင်း ပင် ပြင် လာသည်။
သခင် အစည်း အရုံးသည် လက်သီးလက်မောင်းတန်းလာသည်။အမျိုးသားနေ့ လည်း
လက်သီးလက်မောင်းတန်း လာသည်။ သခင် အစည်းအရုံးသည် ဗြိတိသျှ အစိုးရ နား
မခံသာအောင် အော်ဟစ် ကြွေးကျော်လာသည်။ ဤသို့ ဖြင့် အမျိုးသား နေ့ သည်
လွတ်လပ်ရေးစိတ်ကို လှုပ်ရာမှ သွက်လာစေ၍ သွက်ရာမှ ပြင်းထန် လာစေသည်။
အမျိုးသားနေ့ သည် လွတ်လပ်ရေး ရလို စိတ်ကို ထိုခောတ် နှစ်ခောတ် က မည်ကဲ့သို့ သရုပ်ဖော်ခဲ့ပါသနည်း ။ သရုပ်ဖော်ပုံက သင်းလှပေသည်။ မြန်မာ့ စိတ်ကြိုက် ဖြစ်သည် ဟု
ဆိုရာသည်။ အမျိုးသား နေ့ ဟု နေ့ တစ်နေ့ သတ်မှတ် လိုက်သော သဘောသည်။ အနောက် နိုင်ငံများက သဘော ဖြစ်တန်ရာသည်။ မြန်မာ များတွင် နေ့ ထူးနေ့ မြတ်သတ်
မှတ်သော သဘောရှိပါ ၏ ။ သို့ ရာတွင် ထိုနေ့ များသည် အများအား ဖြင့် ဘာသာ ရေးဆိုင် ရာ နေ့ များသာ ဖြစ်ကြသည်။ နိုင်ငံရေးလက်နက် သဖွယ် အသုံးပြုသော နေ့ ရှိခဲ့သည် ဟု ၍ မကြားဖူးချေ။ ၁၉၁၈ ခုနှစ် တွင် ပထမ ကမ္ဘာစစ်ကြီးပြီးခါ စက ဗြိတိသျှ အစိုးရသည် မိမိ တို့ စစ် နိုင်ကြောင်း ၊အောင်ပွဲရ ကြောင်း ၊တန်ခိုးကြီးသည် ထက်ကြီးလာကြောင်း ပြချင်သဖြင့် အာဝါဒေး( ခေါ် )ငါတို့ အောင်ပွဲနေ့ ဟူ ၍ မြန်မာ နိုင်ငံအနှံအပြားကျင်းပခဲ့သည်။ဤ ကားနိုင်ငံရေးလက်နက် သဖွယ် အသုံးပြုချင် သဖြင့်
နေ့ တစ်နေ့ သတ်မှတ် ကျင်းပခြင်း ဖြစ်သည်။အမျိုးသား နေ့ သတ်မှတ် သူ တို့ သည် ထိုသဘော ကို ယူ၍ ပြုကြသလောဟု တွေးတောဖွယ်ရာ ဖြစ်သည်။ သို့ ရာတွင် ကျွန်ုပ်
တို့ ၏ အမျိုးသားနေ့ သည် မြန်မာ ဆန်၍ မြန်မာ စိတ်ကြိုက်လည်း ဖြစ်ခဲ့သည် ကို သတိမူရာ သည်။ ထို့ ပြင် အနောက် နိုင်ငံ သဘောပင် ဖြစ်စေကာ မူ မြန်မာ့ မြေပေါ်တွင်
မြန်မာ မှု နှင့် ရော နှော ပေါင်းစပ် နိုင်သော ကြောင့် အနောက် နိုင်ငံ သဘောအခံရှိသော ကျွန်ပ် တို့ ၏ အမျိုးသားနေ့ အောင် မြင်လာသည် ကိုလည်း သတိ မူရာသည်။
မြန်မာ တို့ သည် သင်္ကြန် အခါများတွင် အိုးစည် ဗုံမောင်းများဖြင့် ရပ်တကာ ရွာတကာ လှည်ချင်ကြသည် ။ နွားလွှတ်ပွဲ ၊ ငါးလွှတ်ပွဲ များတွင် လည်း ထို နည်းလှည့် ချင်ကြသည်။
ကဆုန် ညောင်ရေသွန်း ပွဲတော် များတွင် လည်း ရေ အိုးကိုယ်စီရွက် ၍ ဆိုင်းနှင့် ဗုံ နှင့် လှည့် ချင်ကြသည်။ ဗြဟ္မာ ကဲ့သို့ ၊သကြားကဲ့သို့ ၊နတ်ကဲ့ သို့  ၀တ်ဆင်၍ လှည့်ခြင်ကြသည်။
ဆွမ်းတော်ကြီး အုပ်အစ်များ ကို ထီးမိုးကာ လှည့် ခြင်ကြသည် ။ဆွမ်းတော်ကြီး အုပ်အစ်များကို ထီးမိုးကာ လှည့် ချင်ကြသည် ။ အကအခုန် နှင့် လှည့် ချင်ကြသည်။
သံချပ်ထိုးကာ လှည့်ချင်ကြသည်။ ဤချင် ခြင်း မျိုးသည် မြန်မာ တို့ ၏ စိတ်ထဲ၌ ဆွဲနေသည်။
ထိုအစွဲကို အမျိုးသား နေ့ နှင့် ပေါင်းစပ်လိုက်သည်။ရှုလော့ ၊အမျိုးသားနေ့ နံနက်ခင်း ၊
နေခြည် ၀ါဝင်းလာသော အခါ စည်တော်သံများကို ကြားရပြီ ။ ရှေ့ ဆုံးက ဘားမင်းနီးယား
ခေါ် အမိ မြန်မာ ပြည် သဏ္ဌန် ၀တ်ဆင်ထားသော အမျိုးသမီးသည် ပန်းရ ထား နှင့် ထွက်လာပြီ ။ပန်းရထားတွင် ဒေါင်း အလံ ထိုးထားသည်။ ထိုနောက်မှ လွတ်လပ်ရေးစာပန်းကြီးပါ လာသည်။ အိုးစည် – ဗုံမောင်း အက အခုန် ပါလာသည်။
ကျောင်းသူ ကျောင်းသားများပါ လာကြသည်။ ထို့ နောက် ၀ံသာနု ခေါင်းဆောင်များပါလာကြသည်။
တစ်ခါ တစ်ရံ အမျိုးသားနေ့ လူတန်းကို ရဲတပ်က ဘင်ခရာ ဖြင့် ခေါင်းဆောင် လာသည်။ထိုနောက် ဘုရားတစ်ဆူဆူမှာ သွားရောက် စုဝေးကြသည်။ဒေါင်းလံကို လွှင့်ထူကြသည်။ ဒေါင်းလံ ကို အလေးပြုကြသည်။ ထိုနောက် လွတ်လပ်ရေးရစေကြောင်း ဆုတောင်းကြသည်။ ဤ သဘောကား မြန်မာ့ သဘော ဖြစ်သည်။ မြန်မာ့ အကြိုက်ဖြစ်သည် ။အဘယ်မှာ လျှင် အမျိုးသားနေ့ မအောင်မြင်ပဲ ရှိအံ့ နည်း။အဘယ်မှာလျှင် အမျိုးသားနေ့ သည် လွတ်လပ်ရေးကို ရှေ့ရှုသော ခြေလှမ်းကို
နှစ်စဉ် နှစ်တိုင်း မှန်မှန် မလှမ်း ဘဲ ရှိနိုင်ပါ အံ့ နည်း။
ကျန်ရှိ နေသေးသည့် စာပိုဒ် အား မနက် ဖြန် ဆက်လက် ဖတ်ရှုပါ။
အမျိုးသားနေ့ သည် မောင်းကဲ့သို့ ဟည်း၍ စည်ကဲ့သို့ ဟိန်းခဲ့သည်။ တစ်နှစ်လျှင်ခြေတစ်
လှမ်း တစ်လှမ်းလှမ်း၍ နှစ်ဆယ့် ခုနှစ်လှမ်းဖြင့် လွတ်လပ်ရေးကို လက်ရသိမ်းပိုက်ခဲ့သည်။
၁၉၂၁ ခုနှစ်တွင် ပထမ ခြေလှမ်းကို လှမ်း၍ ချီတက်ခဲ့သည်။ ၁၉၄၇ခုနှစ် တွင် နှစ်ဆယ့် ခုနှစ်ကြိမ်မြောက်ခြေလှမ်းဖြင့် လွတ်လပ်ရေးကို ခုန်ဖမ်းလိုက်သည်။လွတ်လပ်သော ၁၉၄၈

ယခင်က အသက် အရွယ် နှစ်ဆယ်ကျော် ၊ ယခု အခါ အသက် အရွယ်လေးဆယ် ကျော်
တို့ သည် လည်းကောင်း ၊ယခင်က လူမမည် ၊ ယခုအခါ လူရွယ်ရွယ် တို့ သည် လည်းကောင်း ယခင့် ယခင် အမျိုးသား နေ့ များတွင် သူတို့ ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ကြသည် တို့ ကို သတိရ အောင့်မေ့ ကြပေလိမ့်မည်။ စည်တော်က ၊ကခဲ့ကြသည်ကို သတိရကြ ပါသေးသလော။ သံချပ် ထိုးခဲ့သည် ကို သတိရကြပါသေးသလော ။ဘင်ခရာ ဖြစ်ရဲတပ်လှည့် ခဲ့သည် ကို သတိရကြပါသေးသလော။ပျော်စရာကြီး မဟုတ်ပါလော။လွမ်းစရာ လည်း မဟုတ်ပါလော။
တစ်ဖန် အမြင် အားဖြင့် ပျော်စရာ လွမ်းစရာ တို့ နှင့် ရော၍ လွတ်လပ် လိုဇော လည်း ကိုယ်မှာ တွယ်ကပ် ပါလာ ခဲ့ကြသည် မဟုတ်ပါလော။ယခု အခါ လွတ်လပ် ရေးလည်း ရနေပြီ ဖြစ် သဖြင့် အံ့သြစရာ လည်း မဟုတ်ပါ တုံ လော။
No comments:
Post a Comment