
ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို မဂ္ဂဇင်း၏ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများစာရင်း အမှတ်စဉ် ၃၁ တွင် တွေ့ရသည်။
အာရပ်နွေဦးတော်လှန်ရေး ခေါင်းဆောင်များဖြစ်သည့် အီဂျစ်နိုင်ငံမှ Mohamed ElBaradei and Wael Ghonim တို့ကို အမှတ်စဉ် ၁ တွင် ဖော်ပြထားသည်။ အမေရိကန် သမ္မတ အိုဘားမားက အမှတ်စဉ် ၁၁ တွင် ရှိနေသည်။
Foreign Policy မဂ္ဂဇင်းက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကရေစီအရေးအတွက် အနှစ် ၂၀ ကျော် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ထိုကာလအတွင်း ထိန်းသိမ်းခံရသည့် ကာလ ၁၅ နှစ် ရှိခဲ့သည်ဟု ရေးထားသည်။
ယမန်နှစ်က အချုပ်အနှောင်မှ ပြန်လွတ်လာသော်လည်း ဒီမိုကရေစီရေး ကြိုးပမ်းမှုများကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း၊ နှစ် ၅၀ နီးပါး စစ်အုပ်ချုပ်မှုအောက်ရောက်ခဲ့သည့် မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရှေ့သို့ တက်လှမ်းနေပုံ ရှိကြောင်း ဖော်ပြထားသည်။
အစိုးရသစ်၏ သမ္မတ ဦးသိန်းစိန်သည် စာနယ်ဇင်းချုပ်ကိုင်မှုများ ဖြေလျှော့ပေးခဲ့ပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့ကြောင်းလည်း Foreign Policy မဂ္ဂဇင်းက မှတ်ချက်ပြုထားသည်။
No comments:
Post a Comment