မြန်မာနိုင်ငံ အတွင်း အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ နှင့် စပ်လျှင်းသော သဘောထားထုတ်ပြန်ကြေညာချက်


  မြန်မာနိုင်ငံ အတွင်း အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ နှင့် စပ်လျှင်းသော သဘောထားထုတ်ပြန်ကြေညာချက်

စာအမှတ် ။  ။ မလအ/ အဖဝ/ ၀၅  / ၁၁
နေ့စွဲ       ။  ။   ၂၄. ၁၁. ၂၀၁၁

         ယနေ့ မြန်မာ့နိုင်ငံ အတွင်း အဖက်ဖက်မှ အစပြု ဖြစ်ထွန်းတိုးတက်ပြောင်းလွဲမှု့ များ ရှိနေခြင်းအပေါ် ၌ မြန်မာနိုင်ငံလူထုလှုပ်ရှားမှု့ အင်အားစု(မလအ) မှ ထောက္ခံကြိုဆိုသည်။ သို့ သော်လည်း နိုင်ငံဦးဆောင် အဖွဲ့ ၏ အကြီးအကဲး တာဝန်ယူထားသူ မှ နိုင်ငံရေးအကျဉ်းသား (၀ါ) ယုံကြည်ချက်ကြောင့်  အကျဉ်းကျခံနေရသူ မရှိဟု စာနယ်ဇင်း သတင်းဌာနများ သို့ ထုတ်ဖေါ်ပြောဆိုမှု့  အပေါ်တွင် ပြင်းထန်စွာကန့် ကွက်ရှုတ်ချလိုက်သည်။
 
  အနာဂါတ် တွင်  နိုင်ငံသားများ၏ အဓိကလိုအပ်ချက်ဖြစ်သော လူ့ အခွင့်အရေးကို လေးစားလိုက်နာသည့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများအား ဖိနှိပ်သည့်  ဥပဒေများကို  ဖျယ်ရှားပြောင်းလွဲပြီး ပြည်သူတို့ ၏ ငြိမ်းချမ်းမှု့ ကို ရှေ့ ရှု့ ဆောင်ရွက်ရန် အထူးလိုအပ်ပေသည်။ အစိုးရသစ် ၏ ပြည်သူ့ အသံနားထောင်နေပါသည်ဟု ဆိုခဲ့ သော စကားရပ် အရ ပြည်သူတို့ လိုလားတောင်းတနေသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် အထူးလိုအပ်ချက်တရပ်ဖြစ်နေသည်။ တိုင်းပြည်ပြန်လည် ထူထောင်ရေး နှင့်  ပြည်သူအကျိုးသည်ပိုးရန် အထူးလိုအပ်သောသူများပင်ဖြစ်ကြောင်း ပြည်သူများမှ  အလေးအနက်ယုံကြည်ထားသည်ဟု မလအ မှ သုံးသတ်သည်။ သို့ ပါသောကြောင့် အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ  နိုင်ငံဦးဆောင်အဖွဲ ၏ အကြီးအကဲး ပုဂ္ဂိုလ်မှ တာဝန်ခံထားသည့် အတိုင်း အမြန်ပြန်လည် လွတ်ပေးရန် အလေးအနက်တောင်းဆိုသည်။

  မလအ သည်မြန်မာနိုင်ငံ အတွင်း စစ်မှန်သောဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးလာနိုင်ရေး နှင့် ထာဝရရှင်သန်နိုင်စေရေး အတွက် ပြည်သူလူထု နှင့်  အတူဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း နှင့်  နောင်တွင် မည်သို့ သော အကြောင်းပြချက်ဖြင့် ဖြစ်စေ နိုင်ငံတော်အား စစ်အာဏာသိမ်းခြင်း နှင့်  စစ်အာဏာရှင်စနစ် ဖြင့်ပြန်လည် အုပ်ချုပ်ခြင်းကို ခုခံတော်လှန်သွားမည့် အဖွဲ့ ဖြစ်ကြောင်း ဤနေရာမှ အတိအလင်း ထုတ်ပြန် ကြေညာသည်။

No comments: