Published on November 30, 2011 by နေသွင်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ နှစ်ရက်တာ ခရီးအဖြစ် မြန်မာပြည်ကို ဒီနေ့ ရောက်ရှိလာပါတယ်။
ဒီခရီးစဉ်ဟာ ရာစုနှစ်ဝက်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတယောက် ပထမဆုံး မြန်မာပြည် လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။
အ မေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကနေ၊ မြန်မာပြည်ရဲ့  နိုင်ငံရေး၊ စီးပွားရေးအပေါ် အကျိုးသက်ရောက်လာနိုင်တာတွေ၊  နိုင်ငံတကာ ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်နိုင်တာတွေနဲ့ ပတ်သက်လို့  သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးလည်းဖြစ်၊  နိုင်ငံတကာဆက်ဆံရေး လေ့လာသူလည်းဖြစ်တဲ့ ဦးနေဇင်လတ်ကို  မေးမြန်းထားပါတယ်။

ဦးနေဇင်လတ်
“ပိတ်ဆို့အ ရေးယူမှုတွေကြောင့်မို့လို့ ကျနော်တို့ နိုင်ငံက အနောက်ကမ္ဘာ နဲ့  ကျနော်တို့က အလုပ်ကောင်းကောင်း လုပ်လို့ မရခဲ့ဘူးပေါ့နော်။  ကမ္ဘာမှာလည်း အမေရိကန်က ခေါင်းဆောင်မှုနေရာမှာ ဆက်ရှိနေသေးတယ်။  အမေရိကန်က ကျနော်တို့နဲ့ ဆက်ဆံရေး တစုံတရာ  ကောင်းမယ်ဆိုခဲ့လို့ရှိရင် ဘာပဲပြောပြောပေါ့ အနောက်နိုင်ငံဘက်က  ကျနော်တို့က ရင်းနှီးမြှုပ်နှံမှုတွေပေါ့ဗျာ။ ကျနော်တို့  ရနိုင်တယ်ပေါ့။ အဲဒီမှာ ကျနော်တို့က ဘာပြောမလဲဆိုရင် ရင်းမြှုပ်နှံမှု  တခုတည်းကိုပဲ ကျနော်တို့က သိပ်ပြီးတော့ အားမပြုချင်ဘူးဗျ။  investment (ရင်းနှီးမြှုပ်နှံမှု) နဲ့အတူ ဘာလာမလဲဆိုတော့ နည်းပညာတွေ  လာမယ်ဗျ။ innovation (ဆန်းသစ်ပြောင်းလဲခြင်း) တွေရှိလာမယ်။ နောက်တခါ  management (စီမံအုပ်ချုပ်မှု) တွေပါလာမယ်၊ market တွေ ရှိလာမယ်ဗျ။  အဲဒါတွေကို ကျနော်က ပိုပြီး အားရတယ်ပေါ့။ ကျနော်တို့က  ကိုယ့်ကိုယ်ကိုယ် ရုန်းနေကြရတယ်ဗျ။ အစိုးရဆီမှာလည်း အစီမံကောင်းတွေ  မရှိဘူးလားလို့ မေးလို့ရှိရင် ရှိပါတယ်။ အခုလောလောဆယ် သူ့ရဲ့  တနိုင်တပိုင်နဲ့ လုပ်ဆောင်နေပါပြီ။ ကျနော်တို့က မရှိမဲ့ ရှိမဲ့နဲ့  ကိုယ့်ဟာကိုယ် ရုန်းနေရသေးတဲ့ အဆင့်ပေါ့ဗျာ။ ခရီးက လိုသလောက်  သိပ်မရောက်သေးဘူးပေါ့။ အနောက်ဘက်ကနေပြီး ကျနော်တို့ ဆက်ဆံရေးတွေ  ကောင်းလာခဲ့ပြီ။ အနောက်ဘက်က အကူအညီတွေ ရခဲ့ပြီ ဆိုခဲ့ရင်  ကျနော်တို့က အဲဒါကို အပံ့ပိုး တစုံတရာနဲ့ အဆင့်တခုကို ရောက်တဲ့  ပုံစံမျိုးကို ရောက်သွားမယ်ဗျ။ အဲ့ဒီအတွက်ကြောင့်မို့လို့  ကျနော်တို့ သန်း ၆၀ ရှိတဲ့ နိုင်ငံသားတွေအတွက်ကို  အခွင့်လမ်းကောင်းတွေက ရှေ့လျှောက်မှာ အများကြီး ကောင်းကောင်းနဲ့  ရလာပါလိမ့်မယ်လို့ ကျနော်က ပြောချင်ပါတယ်။”
လက်ရှိ  မြန်မာပြည် အကူးအပြောင်းကာလမှာ ဒီလို အမေရိကန်နဲ့ နီးလာတဲ့အတွက်  အပြောင်းအလဲတွေအပေါ်မှာ ဘယ်လိုများ အကျိုးသက်ရောက်မှု  ရှိလာနိုင်ပါသလဲ။“အပံ့ပိုး တခုဖြစ်တယ်လို့တော့ ကျနော် ပြောနိုင်တယ်ပေါ့။ အခုဆိုရင် ဒါ  ကျနော်ပြောချင်တဲ့ ဥစ္စာက နောက်ကြောင်း ပြန်နိုင် မပြန်နိုင်ကို  သုံးသပ်ပြတာပေါ့နော်။ law (ဥပဒေ) ဆယ်စုနှစ်တခုလောက်ကို လုံးဝ  ထိတွေ့လို့ မရပါဘူး၊ ပြင်ဆင်လို့ မရပါဘူး ဆိုတဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လသားအနည်းငယ်မှာ ပြင်လိုက်ပြီဗျာ။  ပြင်ပြီးတော့ အန်အယ်လ်ဒီကို ကျနော်တို့က ပါလီမန်ထဲမှာ  ပါဝင်ခွင့်ပေးလိုက်ပြီ။ အန်အယ်လ်ဒီသည် မကြာခင်မှာ  လအနည်းငယ်အတွင်းမှာပေါ့ဗျာ သူတို့ စည်းရုံးရေးဆင်းပြီးတော့  ရွေးကောက်ပွဲဝင်ကြမယ်။ အဲဒါဆိုရင်တော့ ကျနော်တို့ တကမ္ဘာလုံးလည်း  သိသွားပြီဗျ။ ဆိုတော့ အမေရိကန် ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ  ဒီအဆင့်မှာကိုက နောက်ကြောင်းကို မပြန်နိုင်တော့ဘူးဆိုတာကို ပြထားတာ  ဖြစ်သွားပြီ။ အဲဒီတော့ နောက်ကြောင်းပြန်ဖို့ မပြန်ဖို့မှာကတော့  ကျနော်က အမြဲတမ်း သံတမန်တွေကိုလည်းပြောတယ်။ လုံးဝမစိုးရိမ်ပါနဲ့  ဘာကြောင့်လဲဆိုတော့ သမ္မတကြီးနဲ့ ကျနော်တို့က စကားပြောခွင့်  ရှိတဲ့အချိန်မှာ ကျနော်တို့က ဘာကောင်းကောင်းသတိထားမိလဲဆိုရင်  သမ္မတကြီးက မဟာဗျူဟာ အမြင် ကောင်းကောင်းကြီး သူ့မှာ ရှိပါတယ်။  ဒီနေ့ကမ္ဘာမှာ သွားဖို့ အကောင်းဆုံး နည်းစနစ်ကတော့ ဒီမိုကရေစီ  နိုင်ငံရေးဘက် မှာပေါ့နော်။ စီးပွားရေးဘက်မှာဆိုရင်တော့  အရင်းရှင်စနစ်ကို အခြေခံတဲ့ ဈေးကွက်စီးပွားရေးပေါ့။ ဒီနှစ်ခုရဲ့  combination (ပေါင်းစပ်ခြင်း) ကတော့ ကျနော်တို့ မသွားလို့ကို  မရတဲ့ဟာပဲဗျ။ အဲဒါက သူ့စိတ်ထဲမှာ  ကောင်းကောင်းရှိတဲ့အတွက်ကြောင့်မို့လို့ အပြောင်းအလဲ  နောက်ကြောင်းပြန်ဖို့ကတော့ သူကိုယ်တိုင်ကတော့  မလုပ်တော့ဘူးသေချာတယ်။ အစိုးရဘက်က လုံးဝမပြောင်းဘူး သေချာတယ်။  အန်အယ်လ်ဒီကလည်း အခုဝင်ပြီ။ အဲဒီ နှစ်ခုအတွက်ကြောင့်မို့ ကျနော်တို့  မပြောင်းတော့ဘူး။ သို့သော်လည်း တတိယ အင်အားစုလို့ပဲပြောပြော၊  ပြင်ပအင်အားစုလို့ပဲ ပြောပြောပေါ့ အဲဒီလူတွေရဲ့  အနှောင့်အယှက်ကြောင့် နည်းနည်းလေး Delay (နှောင့်နှေး)  ဖြစ်သွားမှာတောင် ကျနော်က ပြန်စိုးရိမ်နေပါတယ်ခင်ဗျ။”
အ မေရိကန်နဲ့ တရုတ်နဲ့ အားပြိုင်တဲ့နေရာဟာ မြန်မာပြည်  လာဖြစ်နေတယ်ဆိုတာမျိုး တွက်ကြပါတယ်ဆရာ။ အတွေးခေါင်တဲ့ ကိစ္စလို့  ပြောမလား။ ဖြစ်နိုင်ခြေ မဖြစ်နိုင်ခြေ ဆရာတို့ ဘယ်လို ယူဆပါသလဲ။“ကျနော့်အ နေနဲ့ ပြောရင်တော့ နည်းနည်းလေးပေါ့ အစိုးရိမ်လွန်တယ်လို့ပဲ  ကျနော်က သုံးသပ်ချင်တယ်လေ။ မြန်မာအနေနဲ့ကတော့ တရုတ်ရဲ့  ဖင်ပိုင်းမှာ လာရှိတဲ့အတွက်ကြောင့် လူတွေက သုံးသပ်တယ်လို့ ကျနော်က  ယူဆတယ်ပေါ့။ ပထဝီနိုင်ငံရေးအရ အားပြိုင်မယ့်နေရာဟာ ကျနော်တို့ဆီမှာ  ဖြစ်မယ်ဆိုရင် ထိုင်းကရော မဖြစ်နိုင်ဘူးလား။ သူလည်း  ဖြစ်လာနိုင်တာပေါ့။ ဒါက နည်းနည်းလေး  စိုးရိမ်စိတ်များသွားတယ်လို့ပဲ ကျနော်က ယူဆပါတယ်။”
မြန်မာပြည်က  နိုင်ငံကြီးတွေ ကြားထဲမှာ ရောက်နေတဲ့ဟာပေါ့။ တရုတ်နဲ့လည်း  နီးနေတယ်၊ အိန္ဒိယ စသည်ဖြင့်ပေါ့လေ။ အခု အမေရိကန်လည်း ဝင်လာတော့  အကောင်းနဲ့ အဆိုးမှာဆိုရင် ဆရာကတော့ အကောင်းဘက်ကို  ပြောသွားတာပေါ့။ အဆိုးတွေအတွက် ဘာတွေများ ပြင်ထားဖို့ လိုတယ်လို့  ယူဆပါသလဲ။“အဲဒါတော့  ကျနော်ကလေ မဟာဗျူဟာကောင်းရင်၊ plan (အစီအစဉ်) ကောင်းမယ်  ဆိုလို့ရှိရင်တော့ အဲဒီနိုင်ငံက အကောင်းဘက်ကို ပိုပြီး ရတတ်တယ်ဗျ။  ပထဝီနိုင်ငံရေးအရပဲပြောပြော။ ဘယ်လောက်ပဲ အားသာသာ planning  (အစီအစဉ်ရေးဆွဲတာ) မကောင်းဘူးဆိုရင်တော့ အဲဒီနိုင်ငံက ရလဒ်ကတော့  နည်းတယ်ပေါ့ဗျာ။ ကျနော်တို့က ဒီဘက်မှာ တရုတ်ကဆိုရင် ၁.၃ ဘီလီယံ  လူဦးရေအရရောဗျာ။ စီးပွားရေးအရရော အကြီးကြီးပေါ့နော်။ အနောက်ဘက်က  အိန္ဒိယဆိုလည်း ၁.၁။ ဆိုတော့ ကျနော်တို့ stress က ဘာလဲဗျာ။  သာမန်အားဖြင့် နယ်စပ်တွေ ထိဆက်ပြီးတော့ ကျနော်တို့ ထိစပ်နေတယ်။  အကြောက်ဆုံး ကျုးကျော်တိုက်ခိုက်မှု (Physical Invasion) ကို  ကျနော်တို့က နည်းနည်းလေး ပိုကြောက်ကြတယ်ပေါ့။ Physical Invasion  ကလည်း ကျနော်တို့က သံတမန်ဆက်ဆံရေး (diplomatic tie) တွေ  ကောင်းကောင်းထားမယ်ဆိုလို့ရှိရင်တော့ ဒီခေတ်မှာ ဖြစ်နိုင်ခြေက  အလွန်နည်းသွားပြီးဗျ။ သို့သော်လည်းပေါ့ဗျာ စဉ်းစားထားရမယ့်  အချက်ထဲမှာတော့ တခုရှိတယ်ပေါ့နော် ကျနော်တို့မှာ ရှိတဲ့  ဥပမာအားဖြင့် ပင်လယ်ဆိပ်ကမ်းတွေ နောက် ကျနော်တို့ရဲ့  မဟာဗျူဟာကျတဲ့နေရာမှာရှိတာတွေ ဒါတွေကို ကျနော်တို့က  အသုံးချခဲ့မယ်ဆိုခဲ့ရင် ကျနော်တို့ရဲ့ အခွင့်အရေးများတယ်လို့ပဲ  ကျနော် ယူဆပါတယ်။”
လော လောဆယ် နိုင်ငံတကာအခင်းအကျင်းထဲမှာ ဗမာပြည်က နိုင်ငံတကာ ဆက်ဆံရေးမှာ  ပြည်သူတွေအတွက် အကျိုးရှိမယ့် လမ်းကြောင်းဘက်ကို ရွေ့နေတယ်လို့  ပြောလို့ ရမှာပေါ့ဆရာ။“သေချာပေါက်  ရသွားပြီ။ မနက်က ကျနော်နဲ့ Wall Street က လူနဲ့ ကျနော်နဲ့  အင်တာဗျူးလုပ်တော့ အဲဒါပေါ့ဗျာ။ ကျနော်တို့က အလျင်နှုန်းပိုမြန်တယ်။  ဆယ်စုနှစ် တခုကျော်လောက်မှာ ကျနော်တို့က တကယ့် တန်းဝင်နိုင်ငံ တခု  ဖြစ်လာမယ်လို့ ကျနော်က ရဲရဲပြောထုတ်လိုက်တယ်ဗျ။”     (DBV)
No comments:
Post a Comment