အရှင်ဂမ္ဘီရ ၊ ကိုမင်းကိုနိုင် နှင့် နိုင်ငံရေးအကျင်းသားအချို့  အင်းစိန်ထောင်မှ နယ်ထောင်များသို့  ထပ်မံရွှေ့ ပြောင်း ကြောင်း VOA မှ သတင်းရရှိပါတယ် ။
ထောင်ပြောင်းခံရသူ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေး
2011-11-18
ထောင်ပြောင်းခံကြရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို မိသားစုတွေက ဒီကနေ့ တွေ့ဖို့ ကြိုးစားပေမဲ့ တွေ့ခွင့်မပေးတဲ့ အပြင် ထောင်ပြောင်းကြောင်း အတည်ပြု ပြောကြားတာ မရှိဘူးလို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
      မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များ  တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ နာမည်ဆိုးဖြင့် ကမ္ဘာကျော်သော အင်းစိန်ထောင်ကို  အနီရောင် အမှတ်အသား ပြထားပါသည်။ (Map: AAPP)
မနေ့က ကျိုင်းတုံ အကျဉ်းထောင် ကနေ ရန်ကုန်ကို ပို့လိုက်တယ် ဆိုတဲ့ ၈၈  မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို တွေ့ဆုံဖို့ မိသားစုက  ဒီကနေ့ အင်းစိန် အကျဉ်းထောင်ကို သွားစုံစမ်းတဲ့ အခါမှာ  ထောင်အာဏာပိုင်တွေကသာ သတင်းမရှိဘူးလို့ ဆိုပေမဲ့ အပြင်မှာ  သတင်းတွေထွက်နေကြောင်း၊ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိရတဲ့အတွက်  ခံစားရကြောင်း  နှမတစ်ဝမ်းကွဲတော်သူက ပြောပါတယ်။  အလားတူပဲ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ  ဦးခွန်ထွန်းဦးကို ပူတာအိုထောင် ကနေ တောင်ငူထောင် ရွှေ့ပြောင်းလိုက်တဲ့  သတင်း ထွက်နေပေမဲ့ ထောင်ပြောင်းတာကို မိသားစုကိုလည်း အကြောင်း မကြား၊  စာနယ်ဇင်းတွေ ကိုလည်း ရေးခွင့် မပေးတာကြောင့် မျှော်လင့်ချက် မရှိသလောက်  ဖြစ်နေကြောင်း SNLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလိတ်က အာရ်အက်ဖ်အေကို  ပြောပါတယ်။  ဒါ့အပြင် X2O သင်္ကြန် မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စွပ်စွဲ ဖမ်းဆီး  ထိန်းသိမ်းခံထားရတဲ့ ကိုစည်သူဇေယျကို အင်းစိန်ကနေ ဟင်္သာတထောင်ကို  ပြောင်းရွှေ့လိုက်တဲ့ အတွက် ထောင်ဝင်စာ သွားတွေ့ရတာ အခက်အခဲတွေ  များသွားကြောင်း မိခင်ဖြစ်သူ ဒေါ်ရီရီတင့်က ပြောပါတယ်။              
No comments:
Post a Comment