2011-11-29      
မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေး  လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီကနေ့  ဆွေးနွေးနေကြောင်း  သိရပါတယ်။
      
      Kachin News Group
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာမြို့။ (Photo: Kachin News Group)
 အခု ညနေပိုင်းမှာ ဆွေးနွေးနေကြတာဖြစ်ပြီး နိုင်ငံရေး ပြဿနာတွေကို  အခြေခံပြီး ပြေလည်ရေးကို ဆွေးနွေးသွားလိုကြောင်း KIO အဖွဲ့ ပြောခွင့်ရသူ  KIA ဒု  စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က အာရ်အက်ဖ်အေကို ပြောပါတယ်။  ဒီကနေ့ဆွေးနွေးပွဲကို မြန်မာအစိုးရကိုယ်စားလှယ်တွေအဖြစ် စက်မှုဝန်ကြီးဟောင်း  ဦးအောင်သောင်းဦးဆောင်ကာ လက်ရှိ ကချင်ပြည်နယ်ဝန်ကြီးချုပ်  ဦးသိန်းဇော်နဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းတို့ တက်ရောက်ဆွေးနွေးပြီး KIO  အဖွဲ့ဘက်က ဥက္ကဋ္ဌ  ဦးဇောင်းခရားအပါအဝင် အဖွဲ့ဝင် ၆ ဦး တက်ရောက်ကြောင်း သိရပါတယ်။
 
No comments:
Post a Comment