တိုင်းရင်းသားတွေကို ခွဲခြား ဆက်ဆံနေတယ်လို့ ENC စွပ်စွဲ
အစိုးရဝန်ထမ်း အလုပ်မျိုးမှာ အလုပ်ခန့်တာ၊ ရာထူးတိုးတာက အစ တိုင်းရင်းသားတွေကို ခွဲခြား ဆက်ဆံတယ်လို့ ENC ရဲ့ အတွင်းရေး မှူးချုပ် ဒေါက်တာ ရွှေခါးက ပြောပါတယ်။
အစိုးရသစ် လက်ထက်မှာ အပြောင်းအလဲတွေ ဖြစ်လာတယ်ဆိုပေမဲ့ အပေါ်ပိုင်း နိုင်ငံရေး သမားတွေ ကြားမှာ ပြောင်းတဲ့ အပြောင်းအလဲသာ ဖြစ်ပြီး အောက်ခြေ လူထု အတွက်တော့ ဘာမှ အပြောင်းအလဲ မဖြစ်ဘူးလို့ ဆိုပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲ တွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ယာယီ အပစ်အခတ် ရပ်စဲရေးကိုသာ လိုလားပြီး ငြိမ်းချမ်းရေး တည်တန့်ဖို့ နိုင်ငံရေး ဆွေးနွေးတာမျိုးကို ဆောင်ရွက်ချင်စိတ် မရှိဘူးလို့ လည်း သူက ဆိုပါတယ်။
ကချင်နဲ့ ဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားရတာကလည်း ကချင်ဘက်က အပစ်အခတ်ရပ်စဲပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လုပ်ဖို့တောင်းဆိုတာကို အစိုးရကိုယ် စားလှယ်တွေက လက်မခံလို့ ရပ်ဆိုင်းသွားရတာလို့ သူက ဆိုပါတယ်။
ခွဲခြား ဖိနှိပ်မှုနဲ့ အကျင့်ပျက် လာဘ်စားမှု ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်တွေကို လက်မှတ် ရေးထိုးဖို့လည်း သူက တိုက်တွန်းသွားပါတယ်။ (BBC)
No comments:
Post a Comment