နှစ် ၂၀ ကြာ အထွန်းခံနိုင်မည့် မီးသီးကို အမေရိကတွင် စတင်ရောင်းချ
- 27 Apr 2012 |
- By itTimes

နယ်သာလန် အခြေစိုက်အီလက် ထရွန်နစ်ကုမ္ပဏီ Philips ထုတ်လုပ် လိုက်သည့် ၄င်းမီးသီးသည် Earth Day ဟုလည်း နာမည်ကျော်ပြီး LED နည်းပညာကို အသုံးပြု ထားကာ အလင်းတောက်ပမှုကို ကောင်းမွန်စွာ ကမ္ဘာပေါ်တွင် ပေါ်ထွက် ခဲ့ပြီး သမျှ မီးသီးအားလုံးထက် အသုံးပြုနိုင်မည့် သက်တမ်းကြာရှည်မည်လည်းဖြစ် သည်။
ယခုပထမအဆုံးအကြိမ်ဈေး ကွက်တင်လိုက်သည့် မီးသီးအမျိုးအ စားအား ဒေါ်လာ ၆၀ ခန့်ဈေးနှုန်း Philips ကုမ္ပဏီက ဒေါ်လာ ၂၀ ခန့် ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ပေး သွားမည်ဖြစ်သည်။
ယခုအခါ အမေရိကနှင့် ဥရော ပနိုင်ငံများတွင် 60 W ရှိသည့် မီးသီးများထုတ် လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး 100W ရှိသည့်မီးသီးများကိုသာ ဆက်လက် ထုတ်လုပ်လျက် ရှိသည်။ သို့ရာတွင် စွမ်းအင် သုံးစွဲမှုဆိုင်ရာ ပညာရှင်များ က ထိုကဲ့သို့ စွမ်းအင်း သုံးစွဲမှုမြင့်မား သည့် မီးသီးများကို ထုတ်လုပ်ခြင်း ကို ကန့်ကွက်ခဲ့ပြီး ၂၀၁၄ ခုနှစ် အရောက်တွင် ကမ္ဘာပေါ်၌ 40W နှင့် အထက်ရှိသည့်မီးသီးများကို မသုံးစွဲ ရန် စီစဉ်သွားမည်ဟု သိရသည်။ Yoyarlay.com