တူမောင်ညို ။ ဧပြီ ၂၃ ၊ ၂၀၁၂
၂၃
 ဧပြီ အစိုးရသတင်းစာထဲမှာ လွှတ်တော်တွေထဲမှာရှိနေတဲ့ စစ်သားအမတ်တွေကို 
ကာကွယ်ရေးဦးစီးချုပ်က လဲလှယ် အစားထိုးလိုက်တဲ့ အကြောင်း 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်နှစ်ခု ထုတ်ပြန်ပြီး 
ဖေါ်ပြထားတယ်။
ကြေညာချက်
 နှစ်ခုထဲမှာ ပြည်သူ့လွှတ်တော်က စစ်သားအမတ် (၃၉ ) ဦး၊ အမျိုးသားလွှတ်တော်က 
စစ်သားအမတ် (၂၀) ဦး စုစုပေါင်း စစ်သားအမတ် (၅၉) ဦး ပါရှိပါတယ်။ 
အချက်အလက်တွေဘက်ကပြောရမယ်ဆိုရင်
 ဒီလိုလဲလှယ်တာဟာ ၂၀၁၁ ခုနှစ်ထဲမှာ (၅) ကြိမ်ရှိခဲ့ပြီး၊ ၂၀၁၂ ခုနှစ်ထဲမှာ 
ပဉ္စအကြိမ်မြောက်ဖြစ်ကာ အရေအတွက်အားဖြင့် အများဆုံးဖြစ်ပါတယ်။
 ပြည်ထောင်စုလွှတ်တော်
 (ပြည်သူလွှတ်တော်+အမျိုးသားလွှတ်တော်) ထဲမှာ စစ်သားအမတ် စုစုပေါင်း (၁၆၆) 
ဦးရှိပါတယ်။ အခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
စိတ်ကြိုက်လဲလှည် အစားထိုးတဲ့ အရေ အတွက်စုစုပေါင်းက (၅၉) ဦး ဆိုတော့ ပြည်ထောင်စု လွှတ်တော်ထဲ စစ်သားအမတ်ဦးရေ စုစုပေါင်းရဲ့ထက်ဝက်ကျော်ပမာဏဖြစ်ပါတယ်။
စိတ်ကြိုက်လဲလှည် အစားထိုးတဲ့ အရေ အတွက်စုစုပေါင်းက (၅၉) ဦး ဆိုတော့ ပြည်ထောင်စု လွှတ်တော်ထဲ စစ်သားအမတ်ဦးရေ စုစုပေါင်းရဲ့ထက်ဝက်ကျော်ပမာဏဖြစ်ပါတယ်။
ဒီတခါလဲလှယ်မှုမှာယခင်အခါတွေနဲ့မတူဘဲ၊
 ထူးခြားတဲ့ချက်ကလွှတ်တော်၂ ရပ်(ပြည်သူလွှတ်တော်+ အမျိုးသားလွှတ်တော်) 
ထဲမှာရှိတဲ့ စစ်သားအမတ် (ဗိုလ်မှူးအဆင့်တွေ) ကို ဗိုလ်မှူးချုပ်၊ 
ဗိုလ်မှူးကြီး၊ ဒုတိယဗိုလ်မှူးကြီး အဆင့်တွေနဲ့ အစားထိုးလဲ လှယ်လိုက် 
တဲ့အချက်ဖြစ်ပါတယ်။ ယခင်က လွှတ်တော် ၂ ရပ်ထဲမှာ 
အမြင့်ဆုံးအဆင့်အနေဖြင့်ဗိုလ်မှူးကြီးအဆင့် (၅) ဦး၊ ဗိုလ်မှူးအဆင့် (၁၀၀) 
ဦး ၊ ဗိုလ်မှူး/ဗိုလ်ကြီးအဆင့်( ၅၈) ဦးနှင့် ဗိုလ်ကြီး အဆင့် (၃) 
ဦးသာပါရှိပါတယ်။ ဇယားကိုကြည့်ပါ။ 
၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်
| 
 
စဉ်  
 | 
 
လွှတ်တော်အမည် 
 | 
 
ဗမခ 
 | 
 
ဗမက 
 | 
 
ဗမ 
 | 
 
ဗမ/ဗက 
 | 
 
ဗက 
 | 
 
စုစုပေါင်း 
 | 
| 
 
၁။  
 | 
 
ပြည်သူ့လွှတ်တော်  
 | 
 
- 
 | 
 
၃ 
 | 
 
၆၅ 
 | 
 
၃၉ 
 | 
 
၃ 
 | 
 
၁၁၀ 
 | 
| 
 
၂။  
 | 
 
အမျိုးသားလွှတ်တော်  
 | 
 
- 
 | 
 
၂ 
 | 
 
၃၅ 
 | 
 
၁၉ 
 | 
 
- 
 | 
 
၅၆ 
 | 
| 
 
စုစုပေါင်း  
 | 
 
၅ 
 | 
 
၁၀၀ 
 | 
 
၅၈ 
 | 
 
၃ 
 | 
 
၁၆၆ 
 | 
ယခု
 ဧပြီလ ၂၃ ရက်ထုတ်ပြန်တဲ့ လွှတ်တော် ၂ခုပေါင်း စစ်သားအမတ်စာရင်းထဲမှာ ယခင်က 
မရှိခဲ့တဲ့ ဗိုလ်မှူးချုပ်အဆင့်  ( ၈) ဦး ပါဝင်လာပြီး 
ဗိုလ်မှူးကြီးအဆင့်လည်း (၁၄) ဦးနဲ့ ဒုတိယဗိုလ်မှူးကြီးအဆင့် (၃၇) 
ဦးအားဖြည့်ထားတာကို တွေ့ရပါတယ်။ အရည် အချင်းအရပါအားဖြည့်လိုက်တဲ့သဘောလို့ 
ယူဆရပါမယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ထဲက စစ်သားအမတ်စုစုပေါင်း (၁၆၆) 
ထဲ မှာ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ (၅၉) 
ဦးပါဝင်လာတာဖြစ်ပါတယ်။ ဇယားကိုကြည့်ပါ။ 
၂၀၁၂ ခုနှစ်၊ ဧပြီ၂၃ ရက်
| 
 
စဉ်  
 | 
 
လွှတ်တော်အမည် 
 | 
 
ဗမခ 
 | 
 
ဗမက 
 | 
 
ဒုဗမက  
 | 
 
စုစုပေါင်း 
 | 
| 
 
၁။  
 | 
 
ပြည်သူ့လွှတ်တော်  
 | 
 
၎ 
 | 
 
၉ 
 | 
 
၂၆ 
 | 
 
၃၉ 
 | 
| 
 
၂။  
 | 
 
အမျိုးသားလွှတ်တော်  
 | 
 
၎ 
 | 
 
၅ 
 | 
 
၁၁ 
 | 
 
၂၀ 
 | 
| 
 
စုစုပေါင်း  
 | 
 
၈ 
 | 
 
၁၄ 
 | 
 
၃၇ 
 | 
 
၅၉ 
 | 
         အရေအတွက်တွေဘက်ကလိုအပ်သလောက်ကြည့်ပြီးကြတဲ့နောက်မှာ နိုင်ငံရေးဘက်က စဉ်းစားသုံးသပ်ကြည့်ကြပါစို့။ 
           
 “ဇယား ၄” ပါ စကားလုံးပြင်ဆင်ပေးရန် တောင်းဆိုထားပြီး၊ ပြင်မပေးသေးတဲ့အတွက်
 NLD ပါတီရွေးချယ်ခံကိုယ်စားလှယ်တွေက လွှတ်တော်မတက်သေးဘူးလို့ 
ဆုံးဖြတ်ထားချိန်မှာ အခုလို စစ်သားအမတ်တွေ အစားထိုးလဲလှယ်မှု ပေါ်ထွက်လာတာဟာ 
အကြောင်းမဲ့ တိုက်ဆိုင်မှုတော့ မဟုတ်တန်ရာပါဘူး။
           
 အသစ်အစားထိုးလဲလှယ်တဲ့ စစ်သားအမတ်တွေလည်း လွှတ်တော်စတင်မယ့် ၂၃ ဧပြီမှာ 
လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်မှာ ကတိသစ္စာပြုပြီးမှ လွှတ်တော်ထဲဝင်ရမှာပါ။
           
 ၂၃ ဧပြီ လွှတ်တော်အစည်းအဝေးတွေ ပြန်စတဲ့ရက်မှာ အသစ်အစားထိုးလဲလှယ်တဲ့ 
စစ်သားအမတ်တွေက “ဇယား ၄ ” ပါ စကားလုံးအတိုင်း (ထိန်းသိမ်းကာကွယ်
စောင့်ရှောက်) ကတိသစ္စာပြုတယ်ဆိုတဲ့အချက်ကို တမင်ပြသဖို့ ရည်ရွယ်လေသလား။
စောင့်ရှောက်) ကတိသစ္စာပြုတယ်ဆိုတဲ့အချက်ကို တမင်ပြသဖို့ ရည်ရွယ်လေသလား။
           
 တကယ်တော့စစ်သားအမတ်တွေအဖို့ (ထိန်းသိမ်းကာကွယ်စောင့်ရှောက်) ဆိုတဲ့ 
စကားလုံးနဲ့ပတ်သက်ပြီး ဘာပြဿနာမျှမရှိ ပါ။ 
“တပ်မတော်သည်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် 
အဓိကတာဝန်ရှိတယ်” ဆိုတာကို (၆၇)နှစ်မြောက် “တပ်မတော်နေ့” မှာ 
ဗိုလ်မင်းအောင်လှိုင်က သတိပေးပြောသွားပါတယ်။ ဒီအချက်ဟာ 
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၊ ပုဒ်မ ၂၀ (စ) ဖြစ်ပါတယ်။ 
            လူထုကဆန္ဒမဲပေးရွေးချယ်ခံရသူ လွှတ်တော်ကိုယ်စားလှယ်နဲ့အမိန့်ပေးလို့ လွှတ်တော်ထဲလာရတဲ့ စစ်သားအမတ် မတူညီနိုင် ပါဘူး။
 လူထုကဆန္ဒမဲပေးရွေးချယ်လိုက်သူဟာ
 လူထုအကျိုးစီးပွားနဲ့ လူထုတစ်မျက်နှာထဲသာ ကြည့်ရမယ်။ 
တခြားကြည့်စရာမရှိဘူး။ ရွေးကောက်ပွဲမတိုင်ခင် လူထုထံကနေ
သူတို့မဲတောင်းစဉ်ကတည်းက လူထုအကျိုးသယ်ပိုးဆောင်ရွက်ပါ့မယ်ဆိုတဲ့ ကတိစကားနဲ့ပါဝင် ယှဉ်ပြိုင်အရွေးခံကြတာမဟုတ်ပါလား။
သူတို့မဲတောင်းစဉ်ကတည်းက လူထုအကျိုးသယ်ပိုးဆောင်ရွက်ပါ့မယ်ဆိုတဲ့ ကတိစကားနဲ့ပါဝင် ယှဉ်ပြိုင်အရွေးခံကြတာမဟုတ်ပါလား။
           
 စစ်သားအမတ်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် 
စိတ်ကြိုက်စေလွှတ်တာဖြစ်တယ်။  ဒီတော့ စစ်သားအမတ်တွေဟာ  တပ်မတော် ကာကွယ်ရေး 
ဦးစီးချုပ် ရဲ့အမိန့်နဲ့ညွန်ကြားချက်ကို 
မြေဝယ်မကျနားထောင်ရမယ်။လိုက်ပါလုပ်ဆောင်ရမယ်။ လူထုမျက်နှာ 
ကြည့်ဖို့မလိုဘူး။ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်မျက်နှာကိုပဲကြည့်ဖို့လိုတယ်။
            တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆိုတာ စစ်တပ်မှာ သူ့ထက်ကြီးတာမရှိတော့ဘူး။ 
           
 ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၊ ပုဒ်မ ၂၀ (ခ) မှာ “တပ်မတော်သည် 
တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံ 
ခန့်ခွဲစီရင်ပိုင်ခွင့်ရှိသည်” လို့ ပြဋ္ဌာန်းထားပါတယ်။ 
ဒဲ့ဒိုးတိုက်ရိုက်မဖြစ်စေဖို့နဲ့ မြင်ကောင်းကြားကောင်းအောင် “တပ်မတော်” 
လို့ ရေးထားတာပါ။ တကယ့်တကယ်မှာတော့ “တပ်ပိုင်းဆိုင်ရာကိစ္စအားလုံး” ကို 
“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်” ကသာ “လွတ်လပ်စွာ 
စီမံခန့်ခွဲစီရင်ပိုင်ခွင့်ရှိ”တာပါ။
 ဒုတိယဗိုလ်ချုပ်ကြီး
 မင်းအောင်လှိုင် ဘယ်လောက်ထိ “လွတ်လပ်စွာ စီမံခန့်ခွဲစီရင်ပိုင်ခွင့်ရှိ” 
ရှိသလဲ ဆိုတာကိုတော့ “စစ်ရေး လေ့လာအကဲခပ်သူများ” က 
ဆက်လက်သုံးသပ်စိစစ်ပေးကြပါလိမ့်မယ်။ 
            အခု စစ်သားအမတ်တွေအစားထိုးလဲလှယ်တဲ့ဖြစ်ရပ်ကိုပဲကြည့်ကြရအောင်။ 
ပထမအချက်
 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဘာမှ အထွန့်မတက်ဝံ့ဘဲ၊ 
တံဆိပ်တုံးရှောရှောရှူရှူ ထုပေးပြီး၊ သတင်းစာထဲမှာ 
ကြေညာပေးခဲ့တာချည်းပဲဖြစ်ပါတယ်။
ဒုတိယအချက်
 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ကလည်း လွှတ်တော်တွေထဲသို့ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စေလွှတ်လိုက်တဲ့ စစ်သားအမတ်တွေဟာ ဂျိုလိမ်တယ်၊
 နားရွက်ပဲ့တယ်ဆိုပြီး လက်မခံနိုင်ဘူး၊ ပြန်ပို့ပေးပါလို့ တပ်မတော် 
ကာကွယ်ရေး ဦးစီးချုပ်ထံ စောဒကတက်သံလည်း ဘုရားစူး မိုးကြိုးပစ် 
တစ်ခါမျှမကြားခဲ့ဖူးသေး တာလဲအမှန်ပါ။ 
တတိယအချက် လွှတ်တော်ထဲမှာ စစ်သားအမတ်တွေ ပိုမိုလှုပ်ရှားလာတော့မယ့် အရိပ်လက္ခဏာချက်လို့ မှတ်ယူရမှာပါ။
စတုတ္တအချက်
 ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် (ပြည်သူလွှတ်တော်+ 
အမျိုးသားလွှတ်တော်)ထဲက စစ်သားအမတ်တွေကို 
ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ချယ်လှယ်နိုင် (စိတ်ကြိုက်ရွေးပြီး 
စေလွှတ်နိုင်သလို/ လဲချင်တဲ့အချိန်မှာ လဲချင်တဲ့သူနဲ့ စိတ်ကြိုက် 
အစားထိုးလဲလှယ်နိုင်တယ်)တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ 
အခွင့်အာဏာပဲဖြစ်ပါတယ်။
ဒီအချက်ဟာ
 ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ထဲမှာ 
ဒီမိုကရေစီနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့ အထင်ကရ အချက်ဖြစ်ပါ တယ်။ 
ပြင်ဆင်ရမယ့်အချက်တွေထဲက ထင်ရှားပေါ်လွင်အချက်တစ်ခုလည်းဖြစ်ပါတယ်။
 ဥပဒေပြုလွှတ်တော်တိုင်းကို
 သက်ဆိုင်ရာရွေးကောက်ပွဲတွေမှာ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် 
ပြည်သူလူထုကတိုက်ရိုက် ဆန္ဒမဲပေးရွေးချယ်ထားတဲ့ 
လွှတ်တော်ကိုယ်စားလှယ်များနဲ့သာ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ 
 ညွန်း – မြန်မာ့အလင်းသတင်းစာ (၂၃ ဧပြီ ၂၀၁၂) 
- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) 
မိုးမခမှ ယူပါတယ် 
