ဧပြီလ ၆ရက် ၂၀၁၂
မြန်မာနိုင်ငံအပေါ် ပြစ်ဒါဏ်ချမှတထားတဲ့
ပိတ်ဆို့ အရေးယူမှုတွေကို အမေရိကန်ပြည်ထောင်စု အနေနဲ့ လျှောပေါ့ပေးဖို
့စောလွန်းသေးတယ် လို့  လူ့ အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ က ပြောလိုက်ပါတယ် ။
ကြားဖြတ်ရွေးကောက်ပွဲကို ကြိုဆိုတဲ့ အနေနဲ့ 
အမေရိကန်ပြည်ထောင်စုက မြန်မာအပေါ် ထားရှိတဲ့ ဗီဇာကန့် သတ်ချက် ငွေကြေးထိန်းချုပ်မှု
စတဲ့ ပိတ်ဆို့ မငအချို့ ရုပ်သိမ်းပေးမယ်ဆိုတဲ့ အပေါ်ကို လူ့ အခွင့်အရေးအဖွဲ့ က တုံ
့ပြန်ပြောဆိုတာဖြစ်ပါတယ် ။
အနိုင်ရပါတီ NLD ရဲ့
အမတ်အရေအတွက်ဟာ ၇ ရာခိုင်နှုံးလောက်ဖဲရှိနေပြီး လက်ရှိအစိုး၇ပေါ်
ပြုပြင်နိုင်လောက်တဲ့ အင်အားမရှိကြောင်း လူ့ အခွင့်အရေးသုသေသနမှုး စူနိုက်ဖာစုပ်ကထောက်ပြခဲ့ပါတယ်
။ လက်ရှိအခြေအနေမှာ စစ်တပ်ကဘဲ ဆက်လက်စိုးမိုးချုပ်ကိုင်ထားဆဲဖြစ်လို့ 
သိသိသာသာပြောင်းလဲသွားပြီလို့ မပြောနိုင်ကြောင်း အချိန်အတော်ကြာကြာ
စောင့်ကြည့်သင့်ကြောင်း သူကဆိုပါတယ် ။ အထူးသဖြင့် လူ
့အခွင့်အရေးချိုးဖောက်မှုတွေဆက်လက်ရှိနေကြောင်း နဲ့  လူ့ အခွင့်အရေးကိုလဲ
ထည့်သွင်းစဉ်းစားဖို့ လိုကြောင်း တိုက်တွန်း ပြောဆိုထားပါတယ် ။
တခါပြင်သစ်နိုင်ငံခြားရေးဝန်ကြီး
အလိန်းယူဝေ ကလည်း ဥရောပသမဂ္ဂဘက်ကချမှတ်ထားတဲ့ ပိတ်ဆို့ မှုကို လျှောချဖို့  ဧပြီလ၂၃
ရက်နေ့ မှာ ပြုလုပ်မဲ့ ဥရောပ နိုင်ငံခြားရေးဝန်ကြီးများရဲ့ ပုံမှန်အစဉ်းအဝေးမှာ
ဆွေးနွေးကြမယ်လို့ ပြောသွားပါတယ် ။ (BBC မှကောက်နှုတ်တင်ပြထားပါတယ်)