![]()  | 
| လုယက်ဖျက်ဆီးခံရပြီး အပျက်အဆီးများကိုတွေ့ ရစဉ် (ဓါတ်ပုံ-Myanmar News Now) | 
ပြီးခဲ့သည့်
 ဧပြီလ ၁၃ရက်နေ့ က မကွေးတိုင်း၊ ကံမတွင် ဖြစ်ပွားခဲ့သည့် အစ္စလမ်ဘာသာဝင် 
မှုဆလင်အိမ်များ လုယက်ဖျက်စီးခြင်းခံရသည့် အဓိ ကရုန်းတွင် ပြည်ထောင်စု 
ကြံ့ခိုင်ရေးပါတီဝင်များ ပါဝင်နေကြောင်း ဒေသခံများက စွပ်စွဲပြောကြားသည်။
ပြည်ထောင်စု
 ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက 
နှစ်စဉ်နီးပါးလုပ်ကိုင်ခွင့်ရရှိခဲ့သော ပြည်- ကံမ မော်တော်ပြေး ဆွဲခွင့်ကို
 လေလံကို ယခုနှစ်တွင် ကံမမြို့မှ အစ္စလမ်ဘာသာဝင် ဟာဂျီဒေါ်ဝါဆိုသူအမျိုသမီးက 
လေလံအောင်သွားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက မကျေနပ်သဖြင့် အဓိက 
ရုန်းဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။
နောက်ပိုင်းတွင်
 ဒေါ်ဝါက မော်တော်လေလံကို ပြန်လွဲပေးခဲ့သော်လည်း လေလံကိစ္စအငြင်းပွားစဉ် 
အစွန်းထွက်စကားများကို ပုံကြီးချဲ့ပြီး အစ္စမ် လမ်ဘာသာဝင်များ၏ 
 စီးပွားရေလုပ်ငန်းများ ဖျက်စီးခံရခြင်းဖြစ်ကြောင်း ကံမမြို့သားတစ်ဦးက 
ပြောကြားသည်။
အစၥလမ္ဘာသာ၀င္မ်ား
 အိမ်းများနှင့် စီးပွားရေးလုပ်ငန်းများကို ဖျက်ဆီးသူများကို 
ရဲကထိမ်းသိမ်းစဉ်  ဖျက်ဆီးသူများကို အသံမထွက် စကား မပြောရန်၊ 
ခေါင်းငုံသွားရန် ရဲတစ်ချို့က ပြောဆိုသတိပေးသည်ကို ကြားရကြောင်း 
သရက်မြို့သို့တိမ်းရှောင်လာသူ အသက်၂၅နှစ်အရွယ် အမျိုးသမီး တစ်ဦးက 
ပြောကြားသည်။"ကြံ့ခိုင်ရေး မပါရင် ဘယ်သူမှ မလုပ်ရဲဘူး စီးပွားရေးလောဘအတွက် 
ဘာသာရေး ခုတုံးလုပ်တာသူများ စီးပွားရေး ဖျက်စီးတာ ” ဟု 
မျက်ရည်များစီးကျလျှက် ပြောဆိုသည်။
ပြည်ခိုင်ဖြိုးပါတီက
 လွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်နဲ့ ကုလားစီးပွားရေးလုပ်ငန်းရှင် 
အီဆာခေါ် အောင်မိုးလွင်နဲ့ စကားပြော အဆင်မပြေ ရာကနေဖြစ်ခြင်းဖြစ်ကြောင်း 
အခင်းဖြစ်သည့်နေ့တွင် ဦးဝင်နိင်သည် သရက်မြို့က 
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေဆီ အလီဘိုင် ပြရန် 
ရောက်နေပုံရကြောင်း ပြည်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူ 
အစ္စလမ်ဘာသာဝင်တစ်ဦးက ပြောကြားသည်။
ပြည်မြို့မှ
 ကြံ့ခိုင်ရေးစည်းရုံးမှူးတစ်ဦးက ယခုဖြစ်ရပ်သည် ပါတီနှင့်မဆိုင်ကြောင်း 
ပါတီ၏မူဝါဒလည်းမဟုတ်ကြောင်း ယခုကဲ့သို့ ကမ္ဘာ ရွာခေတ်တွင်  လူမျိုးရေး၊ 
ဘာသာဆရး အဓိကရုန်းသည် ခေတ်နောက်ပြန်ဆွဲအတွေးအခေါ်သာဖြစ်ကြောင်း 
အမြင်းကျဉ်းသည့် မျိုးချစ်မျက် ကန်းများ၏ လုပ် ဟန်သာဖြစ်ကြောင်း 
မီဒီယာများက အဖြစ်မှန်ကို ဖော်ထုတ်စေချင်ကြောင်း မှတ်ချက်ပြုပြောဆိုသည်။
ကံမ
 ရေနံသာရှိဓါတ်ဆီဆိုင်များ၊ သားသတ်ရုံများ၊ စတိုးဆိုင်များ၊ 
ဖုန်းအရောင်ဆိုင်များ ဖျက်စီးခြင်းခံရပြီး အစ္စလမ်ဘာသာဝင်များသည် သရက်၊ 
မကွေး၊ ပြည်မြို့များသို့ တိမ်းရှောင်နေကြောင်း ဒေသခံ 
ဗုဒ္ဒဘာသာဘုန်းကြီးများနှင့် ဒေသခံများက စာနာဖေးမကြောင်း စုံစမ်းသိရှိရသည်။
MP( yangonchronicle)
