27 Apr 2012 |By Health Care

အရက်
သောက်ခြင်း သည် ကျန်း မာ ရေး ကို ထိခိုက် ဆုတ်ယုတ် စေသည် ဟု ကျွန်ုပ်
တို့ သိထား ကြသည်။ သို့သော် အလွန်အကြူးမဟုတ်ဘဲ အနည်းငယ်မျှ
ပမာဏသောက်သုံးခြင်းသည် နှလုံး ကျန်းမာရေးကို အထောက်အကူပြု
ကြောင်းလေ့လာတွေ့ရှိခဲ့သည်။ နှလုံးရောဂါရှိသော အမျိုးသား များ
တစ်နေ့လျှင်ဘီယာနှစ်ခွက်မျှ သောက်သုံးလျှင် မသောက်သူများ ထက်
နှလုံးရောဂါဖောက်သည့် အခွင့် အလမ်း သိသိသာသာ လျော့နည်း သွားကြောင်းသိရသည်။
ဘီယာ နှစ်ခွက်သည် နှလုံးရောဂါ ကြောင့် သေဆုံးခြင်းကို ၄၂ ရာခိုင်နှုန်းထိ ကာ
ကွယ်ပေးနိုင်ကြောင်း အံ့ဩဖွယ်တွေ့ရှိရ သည်။ နှလုံးရောဂါရှိ သော အမျိုးသား
၁၈၀ဝ ခန့်ကို နှစ် ၂၀ ကြာ သုတေသန ပြုပြီးနောက် ၂၀၁၁ တွင် အနည်းငယ်သော
အရက်ကို နေ့စဉ်မှီဝဲ ခြင်းက နှလုံးကျန်းမာရေး အတွက် ကောင်းမွန်သင့်
လျော်ကြောင်း ကနေဒီယန်နှင့် ဥရောပရှိ နှလုံးရောဂါဆရာဝန်များ အဖွဲ့အစည်းမှ
အတည်ပြုထုတ်ပြန် လိုက်သည်။ အမျိုးသားများ တစ်နေ့ဘီယာ နှစ်ခွက်နှင့်
အမျိုးသမီးများ တစ်နေ့ ဘီယာတစ်ခွက်ခန့် သောက်သုံးခြင်း သည် ခန္ဓာကိုယ်ကို
အကျိုးပြုသော သွေးတွင်း HDL ပမာဏကို တိုးမြှင့် စေ
နှလုံးရောဂါဖောက်ပြန်မှုကို ကာ ကွယ်ပေးသော်လည်း" တန်ဆေး၊ လွန်ဘေး"ကို
သတိပြုကြရန် ဖော်ပြ လိုက်ပါသည်။
စန္ဒီ(ဆေး-၂) Yoyarlay.com