လူ့ခန္ဓာကိုယ်ထဲမှာ မောင်းနှင် သွားလာရင်း ရောဂါတွေ ရှာဖွေပေးမယ့် စက်ရုပ် တီထွင်နေ(ကုတ်ပါ)

10 Apr 2012  |By Health Care

လူ့ခန္ဓာကိုယ်ထဲမှာ မောင်းနှင် သွားလာရင်း ရောဂါတွေ ရှာဖွေပေးမယ့် စက်ရုပ် တီထွင်နေစာရေးသူ ငယ်စဉ်အခါ တုန်းက ကမ္ဘာကျော် ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘာ့ဂ် ရိုက်ကူး ခဲ့တဲ့ Innerspace အမည်ရ ဇာတ်ကား တစ်ကား ကြည့်ခဲ့ ဖူးပါတယ်။ ရိုက်ကူးခဲ့ တာက တော့ ၁၉၈၇ ခုနှစ်လောက်မှာ ဖြစ်ပြီး ကွန်ပျူတာ နည်းပညာ အကူအညီ အနည်းငယ် မျှနဲ့ အကောင်းဆုံး ရိုက်ကူး ခဲ့ရခြင်း ဆိုတာကို ဒီနေ့ ဒီအချိန် နည်းပညာတွေ တစ်ဟုန်ထိုး တတ်လာတဲ့ ခေတ်ကျ မှသိခဲ့ရပါတယ်။
အင်မတန်ကို ထူးချွန် ပြောင်မြောက်စွာ ရိုက်ကူးခဲ့တာ ဖြစ်သလို နောင်လာမယ့် နှစ်ပေါင်း(၂၅) နှစ် လောက်မှာ ပေါ်ပေါက်လာမယ့် ဆေး သိပ္ပံပညာ မှတ်တိုင်သစ် တစ်ခုကို ကြိုတင် ရိုက်ကူး ထားသလို နိမိတ်ပြဇာတ် ကားလဲ ဖြစ်နေတာကို မကြာသေးခင် ရက်ပိုင်းအတွင်းကမှ သိရှိခွင့်ရလိုက် ပါတယ်။
Innerspace ဇာတ်ကား ထဲကလို
Innerspace ရဲ့ ဇာတ်လမ်း သဘောက သိပ္ပံပညာရှင် တစ်စုဟာ သက်ရှိ သက်မဲ့ ပစ္စည်းတွေကို သေးမှုန် လွန်းတဲ့ အရွယ်အစား အထိ ရောက် အောင် ပြုလုပ်နိုင်တဲ့ နည်းပညာ တစ်ခုကို စမ်းသပ်ရာက စတင်ခဲ့တာပါပဲ။
တပ်ခ်ဆိုသူ သိပ္ပံ ပညာရှင်ကို ရေငုပ်သင်္ဘောငယ် တစ်စင်းနဲ့အတူ ဆေးထိုးအပ်ထဲမှာ သွားလာ မောင်းနှင်နိုင်တဲ့ အရွယ် အ စားအထိရောက်အောင် ဖန်တီးခဲ့ပြီးတဲ့ နောက် စမ်းသပ်ခန်းကို ဝင်ရောက်ပစ် ခတ်ခံခဲ့ရပါတယ်။
ဒီအခါမှာစမ်းသပ်မှု ကိုဦးဆောင်ခဲ့သူ အိုဇီဆိုသူက သေနတ် ဒဏ်ရာသေလုမြောပါးနဲ့ထွက် ပြေးရင်း အစောက သေးငယ်အောင်လုပ်ထားခဲ့ တဲ့ တပ်ခ်နဲ့ ရေငုပ်သင်္ဘောလေးကို ဆေးထိုးအပ်ထဲမှာ ထည့်ယူခဲ့ပါတယ်။ အနီးက စတိုးဆိုင်ထဲကို အိုဇီရောက် ခဲ့ချိန်မှာ မျက်လုံးတွေပြာနေခဲ့ပါပြီ။
ဒါကြောင့် အိုဇီဟာ ဆေးထိုးအပ်ထဲ ရောက်နေသူတပ်ခ်ကို ဒီအတိုင်းထား ခဲ့ရင်သေဖွယ်ရာသာရှိလို့ စတိုးဆိုင်က အူကြောင်ကြောင်စာရေး ဂျက်ပတ်တာ လက်မောင်းထဲထိုး ထည့်ပေးခဲ့ရာက ဇာတ်လမ်းစခဲ့တာပါ။
တပ်ခ်စီးနင်းလိုက်ပါနေခဲ့တဲ့ ရေငုပ် ယာဉ်လေး ထဲမှာ စမ်းသပ်ခန်းကို ဝင်ပြီး အကြမ်းဖက်ခဲ့သူတွေလိုချင တဲ့ မိုက်ခရိုချစ်ပြားလေး တစ်ခုကပါ သွားခဲ့တယ်။ ဒီပစ္စည်းလေးကို လိုချင် ကြသူတွေရဲ့ ရန်၊ ရေငုပ် ယာဉ်လေးထဲ အသက်ရှုစရာအောက် ဆီဂျင်နာရီ အနည်းငယ်စာသာ ရှိတော့တဲ့ အရေး တွေကြားက နောက်ဆုံးခန္ဓာကိုယ် ပြင်ပရောက်သွားပြီး လွတ်မြောက်သွား ခဲ့ပုံတွေကို ဒါရိုက်တာဂျွန်ဒန်တီက ရိုက်ကူးကာစတီဗင်စပီးလ်ဘာ့ဂ် က ကူညီပေးခဲ့တဲ့ Inner space ဇာတ် ကားထဲကလို လူ့ခန္ဓာကိုယ်အတွင်း ကူးသန်းသွားလာကာ ရောဂါတွေရှာဖွေ ကုနိုင်စွမ်းရှိတဲ့ စက်ရုပ်လေးတစ်ခုကို နယူးကာဆယ်တက္ကသိုလ်က သိပ္ပံပညာ ရှင်တွေစတင်ဖန်တီးနေကြပါပြီ။
Cyberplasm လို့ အမည်ပေး ထားတဲ့ ရောဂါရှာဖွေမယ့် စက်ရုပ်က လေးကို ပင်လယ်ရေအောက်မှာနေထိုင် တဲ့ ငါး လင်ပန်း တစ်မျိုးကို အခြေခံ ကာတီထွင်သွားမှာဖြစ်ပြီး ထူးခြားတဲ့ အာရုံကြောစနစ်ပါရှိတဲ့ ငါးရဲ့ ဖွဲ့စည်း ပုံကိုအတုယူကာ တည်ဆောက်သွား ဖို့စီစဉ်ထားကြောင်း နယူးကာဆယ် တက္ကသိုလ်က တာဝန်ရှိသူတစ်ဦးက ရှင်းပြလာပါတယ်။
"သက်ရှိတွေရဲ့ပတ် ဝန်းကျင်စူးစမ်းလေ့လာနိုင်မှုကို ဘယ် စက်ပစ္စည်းကမှ လိုက်မှီနိုင်ခြင်းမရှိ ပါဘူး။ သက်ရှိတွေကသာလျှင် ကိုယ့် ပတ်ဝန်းကျင်မှာ ဘယ်လိုအရာတွေ ဖြစ်ပျက် နေသလဲဆိုတာ အတိအ ကျသိရှိနိုင်ပါတယ်။
လက်ရှိ အချိန်မှာ ကျွန်တော်တို့ အနေနဲ့ Cyberplasm ရဲ့ အစိတ်အပိုင်း တစ်ချင်းစီကို အသားပေး တီထွင် သွားမှာဖြစ်ကာ နောင်လာ မယ့်(၅)နှစ်အတွင်း အပြီးသတ်ဖန်တီး သွားနိုင်ဖို့ ရည်မှန်းချက် ထားရှိနေပါ တယ်"လို့ နယူးကာဆယ်တက္ကသိုလ် က အဆိုပါတီထွင်မှုကိုဦးဆောင်နေသူ ဒေါက်တာဒန်နီရယ်ဖရန်ကယ်က ရှင်း လင်းပြောကြား ပေးခဲ့ ပါတယ်။
ဒီစက်ရုပ် အသေးစားလေးဟာ လူ့ကိုယ်ခန္ဓာနေရာအနှံ့ဆီ မောင်းနှင် သွားလာရင်း တွေ့ရှိသမျှအချက်အ လက်တွေကို ပြင်ပကဆက်သွယ်ထား တဲ့ပင်မဌာနဆီ ကိုပို့ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်ကိုယ် ခန္ဓာအတွင်းပိုင်းဆီက ယခင်လက်လှမ်းမမှီဘဲ နောက်ကျမှသာ လျှင်တွေ့ရှိနိုင်သော ရောဂါဝေဒနာ တွေကို ကနဦးအစောပိုင်းကာလထဲက သိရှိနိုင်စေမယ့် စက်ကိရိယာ ဘယ် အချိန်မှာ အမှန်တကယ်ပေါ်ထွက်လာ မလဲဆိုတာ အားလုံးကစိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကြပါတယ်။
အောင်မျိုးသန့်         (ရိုးရာလေးမှယူပါတယ်)