သွားကျန်းမာရေး


နေ့ လည်စာစားပြီးတိုင်းသွားတိုက်ပါက သွားပိုးစားခြင်းမှ ကာကွယ်နိုင် ကြောင်းဆွီဒင်နိုင်ငံ ရိုသန်ဘတ်တက္ကသိုလ်မှ သုသေသန ပညာရှင်များက ထုတ်ဖေါ်ပြောကြားခဲ့သည်။ (SODIUM FLUORIDE) ဖလိုရိုက်ဒ်ဒြပ်ပေါင်းများစွာပါဝင်သောသွားတိုက်ဆေးကိုသုံးခြင်းဖြင့် သွားပိုးစားခြင်း သွားကိုက်ဝေဒနာ တို့ ကို ကာကွယ်နိုင်မည် ဖြစ်သည်။
နေ့ စဉ် အစာစားပြီးတိုင်း ပုံမှန် သွားတိုက်ပေးခြင်းဖြင့် သွားရောဂါကိုကာကွယ်နိုင်မည်ဖြစ်သော်လည်း သွားတိုက်လျှင် အတင်းဖိပွတ်မတိုက်ရန်နှင့် SODIUM FLUORIDE) ဖလိုရိုက် အမြုတ်တို့  ကုန်သည်အထိ ပလုပ်ကြင်း၍ ထပ်ခါထပ်ခါညင်သာစွာသွားတိုက်ပေးခြင်းဖြင့် သွားကျန်းမာရေးကို ကာကွယ်နိုင်ကြောင်းဆွီဒင်နိုင်ငံ ရိုသန်ဘတ်တက္ကသိုလ်မှ သုသေသန ပညာရှင်များက ပြောကြားသည်။