၂၀၀၈ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရေးဆွဲရေးနှင့် ပတ်သက်ပြီး ကျနော့်အမြင်


 

၂၀၀၈ နိုင်ငံတော်ဖွဲ့စည်ပုံအခြေခံဥပဒေဟာ ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များနဲ့ ရေးဆွဲအတည်ပြုပြဌါန်းထားသာမဟုတ်ဘူး
ဆိုတာ ပြည်သူအများသိပြီးဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ဗိုလ်သန်းရွှေက အချိန်များစွာယူပြီး သူ့စိတ်ကြိုက်ရေးဆွဲခိုင်းကာ
အတည်ပြုပြဌါန်းထားသော နာဂစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ။ ဒီ- နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဗိုလ်သန်းရွှေနဲ့
သူအသိုင်းအဝိုင်းကျူးလွန်ထားတဲ့အပြစ်တွေကို တရားစွဲဆိုခြင်းမပြုရန် ကာကွယ်စောင့်ရှောက်ထားတဲ့အခြေခံဥပဒေဆိုရင်လည်း
မမှားပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်သား တစ်မတ်သားက ရွေးကောက်ပွဲမှာ ဝင်ရောက်ရှင်ပြိုင်စရာမလိုပဲ အော်တို
မစ်တစ် လွှတ်တော်မှာနေရာရယူထားကာ၊ အနာဂတ်မြန်မာနိုင်ငံရေးမှာ စစ်တပ်က အဓိကအခန်းကဏ္ဍကနေ ပါဝင်ပတ်သက်သွား
မယ်ဟုဆိုကာ အချိန်အခါမရွေး စစ်တပ်ကအာဏာပြန်သိမ်းလို့ရသည့်အတွက် ကာကွယ်ရေးဝန်ကြီးနေရာမှာ အရပ်သားကို
မခန့်အပ်ထားပဲ စစ်တပ်ကတိုက်ရိုက်ချုပ်ကိုင်ထားပါတယ်။
ဒီ- ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ တချို့ဒီမိုကရေစီအင်အားစုတွေက လွှတ်တော်ထဲကနေ ပြင်ဆင်နိုင်မယ်လို့ ယုံကြည်ယူဆ
ထားကြတဲ့သူတွေဟာ ရွေးကောက်ပွဲဝင်ကာ လွှတ်တော်ထဲကနေပြင်ဆင်ဖို့ ကြိုးပမ်းကြမယ့် သူတွေရှိသလို....တချို့ ဒီမိုကရေစီ
အင်အားစုများကလည်း လူထုအင်အားနဲ့ ပြင်ဆင်ကြိုးပမ်းချင်ကြတဲ့ သူတွေလည်းရှိနေပါတယ်။ ဖွဲ့စည်းပုံကိုပြင်ဆင်ချင်ကြတဲ့ အဓိကရည်ရွယ်ချက်တူညီသော်လည်း ပြင်ဆင်ဖို့အတွက် တိုက်ပွဲသဏ္ဍန်က ကွဲလွဲနေပါတယ်။ ဒါကလည်း နှစ်ရှည်အပြောင်းအလဲကို
မလုပ်နိုင်ခဲ့တဲ့ ရလဒ်ကြောင့် တိုက်ပွဲသဏ္ဍန်ပြောင်းလဲသွားရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့တတွေဟာ ဖွဲ့စည်းပုံ ပြင်ဆင်
ရေးဆွဲရမယ့် အဓိကမူလရည်ရွယ်ချက်ကတော့ တူညီနေကြပါတယ်။ ဒါဆို- ကျနော်တို့တတွေ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့
မတိုက်ခိုက်ကြပဲ မိမိယုံကြည်ရာလမ်းကြောင်းကို ဒီမိုကရေစီကျင့်စဉ်နဲ့အညီ လျှောက်လှမ်းကြရပါလိမ့်မယ်။ တူညီတဲ့လူတွေနဲ့
မိမိဖြစ်ချင်တဲ့လမ်းကြောင်းကို မိမိ အကောင်အထည်ဖော်လုပ်ဆောင်သွားတဲ့နေရာမှာ ရည်ရွယ်တူပေမယ့် ကွဲပြားတဲ့တိုက်ပွဲသဏ္ဍန် အပေါ်မှာ အပြုသဘောဆောင်တဲ့ဝေဖန်မှုတွေသာလုပ်သင့်ပြီး၊ အပျက်သဘောနဲ့ ဝေဖန်ဆွေးနွေးမှုတွေ မဖြစ်ပေါ်လာဖို့ကို သတိ
ချပ်ကြဖို့လည်းအရေးကြီးပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲကနေပြင်ဆင်လို့ရမယ်လို့ ယုံကြည်ယူဆထားကြတဲ့ ဒီမိုကရေစီအင်အားစုတွေဟာ၊
ရွေးကောက်ခံပြီး လွှတ်တော်ထဲဝင်ရပါလိမ့်မယ်။ လွှတ်တော်စည်းဝိုင်းထဲမဝင်ပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့မရ
ပါဘူး။ ဘာကြောင့်လို့လဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ရာ ၂၀ ရာခိုင်နှုန်းသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ထောက်ခံမှုကို အရင်ရယူရပါလိမ့်မယ်လို့ ကျမ်းကျိန်ကတိသစ္စာဆိုရာမှာ ပြဌါန်းထားတဲ့ ဥပဒေပုဒ်မ ၁၂၅ ကပြ
ဌါန်းထားလို့ပါပဲ။ နောက်ပြီး- ပြည်ထောင်စုလွှတ်တော်က ရ၅ ရာခိုင်နှုန်းကျော်ထောကခံမှုရရှိမှသာလျှင် ဖွဲ့စည်းပုံကိုပြင်ဆင်ခွင့်ရှိ
တယ်လို့ ပြဌါန်းထားပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ရွေးကောက်ခံအမတ်တွေက
လွှတ်တော်ထဲ သွားရပါ့မယ်။
တကယ်တော့ လွှတ်တော်အတွင်းကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ဆိုတာ အချိန်တခုကိုရယူပြီး ကိုယ့်အင်အားကို လွှတ်တော်အတွင်းမှာ အရင်တည်ဆောက်ရယူရပါ့မယ်။ အဲဒီအင်အားတွေရယူဖို့ အခက်ခဲတွေကြားကပဲ ဝိုင်းဝန်းကြိုးပမ်းပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲဖို့ လုပ်ဆောင်သွားရပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်နိုင်သေးမှီ စပ်ကြားမှာ နိုင်င်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို လုပ်ကိုင်သွားရင်း၊ တူညီတဲ့လုပ်ငန်းစဉ်တွေကို
ပထမဦးစားပေးအဆင့်အနေနဲ့ အကောင်အထည်ဖော်လုပ်ဆောင်သွားကာ မတူညီတဲ့ နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းစဉ်တွေကိုလည်း
သဘောထားကြီးကြီးနဲ့ ညှိ့နိုင်းတိုင်ပင်လုပ်ဆောင်သွားဖို့လိုပါတယ်။
၂၀၀ ဖွဲ့စည်းပုံကို လွှတ်တော်ထဲကနေ ပြင်ဆင်လို့မရနိုင်ဘူးလို့ ခံယူထားကြတဲ့ ဒီမိုကရေစီအင်အားစုအနေနဲ့လည်း၊ လူထုအင်
အားတစ် ရပ်ကိုတည်ဆောက်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုအင်အားနဲ့ ပြင်ဆင်ကြိုးပမ်းလုပ်ဆောင် သွားရပါ့မယ်။
လွှတ်တော်ပြင်ပနဲ့ လွှတ်တော်အတွင်း ကျနော်တို့တတွေ ဟန်ချက်ညီညီနဲ့ နိုင်ငံရေးကစားသွားနိုင်ရင် ကျနော်တို့ ပြန်လည်ပြင်ဆင်
ရေးဆွဲချင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း ကျနော်တို့တတွေရဲ့ ပေါင်းစည်းအားကြောင့် မလွဲအသွေ ပြန်လည်ပြင်
ဆင်ရေးဆွဲပြဌါန်းသွားနိုင်လိမ့်မယ်ဆိုတာကို ယုံကြည်ရင်း....၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးနှင့် ပတ်သက်တဲ့ ကျနော့်အမြင်ကို
ရေးသားလိုက်ပါတယ်။
ကျနော်ဒီနေရာမှာ မှတ်ချက်တစ်ခုအနေနဲ့ ရေးသားလိုတာက၊ ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တစ်ဦးတစ်ယောက်က
စိတ်တိုင်းကျရေးဆွဲခိုင်းပြီး အတည်ပြုရေးဆွဲပြဌါန်းထားတဲ့ ဖွဲ့စည်းပုံအခြေဥပဒေဖြစ်တဲ့အတွက်၊ ထို- ဖွဲ့စည်းပုံအခြေခံဥပဒေကို
ကာကွယ်စောင့်ရှောက်ရန်မလိုပါ၊ လေးစားလိုက်နာပါမည်ဆိုတာတောင် အမှန်တကယ်မှာဆို လွန်နေပါပြီ။ ကာကွယ်စောင့်ရှောက်ရမှာက နိုင်ငံနဲ့ လူမျိုးကိုပါ။ ဒါကြောင့် ကြံခိုင်ရေးပါတီကို ဒီနေရာကတိုက်တွန်းလိုတာက အဓိကနဲ့ သာမညကို ခွဲခြမ်းစိတ်ဖြာပြီးမြင်ပေးစေလိုပါသည်။
ကွန်ဗလိုင် (ဒိန်းမတ်)