ဦးခင်ညွန့် ဆောင်းပါး အကြောင်း

ဦးခင်ညွန့် ဆောင်းပါး အကြောင်း ဦးမြင့်ရွှေ ပြန်ရှင်းပြီ

ဦးခင်ညွန့်ဆောင်းပါးအကြောင်း ဦးမြင့်ရွှေပြန်ရှင်းပြီBangkok Post သတင်းစာ တွင် ပါရှိခဲ့သော ဦးခင် ညွန့်နှင့် တွေ့ ဆုံခြင်း ဆောင်း ပါး နှင့် ပတ်သက်၍ မူရင်း စာရေးသူ ဦးမြင့်ရွှေက သူ၏ facbook စာမျက်နှာတွင် ပြန်လည် ရှင်းလင်း ရေးသားထားပြီ ဖြစ်ကြောင်း တွေ့ရသည်။
ဦးခင်ညွန့်နှင့် သူသည် ၂၀၁၂ ခုနှစ် မတ်လလယ်ခန့်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး သူ့အနေနှင့် အသံ ဖမ်းယူထားခြင်း မရှိပဲ ဦးခင်ညွန့်တို့ ဖက်ကသာလျှင် အသံ ဖမ်းယူထားခြင်း ရှိကြောင်း၊ မှတ်တမ်း ဓာတ်ပုံကိုပင်လျှင် ဦးခင်ညွန့်၏ မိတ်ဆွေ တစ်ဦးက သူ့ကို ရိုက်ပေးထားခြင်း ဖြစ်ကြောင်း၊ ဦးခင်ညွန့်သည် သူ့အား ပြည်ပ မီဒီယာသမား တစ်ဦးအဖြစ် လက်ခံ တွေ့ဆုံခြင်း မဟုတ်ပဲ၊ မြန်မာလူမျိုး တစ်ဦး အဖြစ်သာ လက်ခံ တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း ဦးမြင့်ရွှေက ရေးသားထားသည်။
"မည်သို့ပင်ဖြစ်စေ ကျွန်တော်သည် အလျဉ်းသင့်သလို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဆောင်းပါးများ ရေးသားလေ့ရှိပြီး၊ ယခု သူနှင့် တွေ့ဆုံခြင်းကိုလည်း ပြန်လည်ရေးသားမည့် ရည်ရွယ်ချက် ကျွန်တော့်တွင် ရှိကြောင်းကိုတော့ ဦးခင်ညွန့် သိပြီးသား ဖြစ်မည်ဟု ကျွန်တော် နားလည်ပါသည်"ဟု ဦးမြင့်ရွှေကဆိုသည်။
သို့ရာတွင် ယခု Bangkok Post သတင်းစာတွင် ပါလာသော သူ့ဆောင်းပါးမှာ မူလ သူရေးသား ပေးပို့ထားသည်နှင့် ကွဲလွဲချက်များ ပါရှိကြောင်း ဦးမြင့်ရွှေက ရှင်းပြထားသည်။
သူ သတင်းစာတိုက်သို့ ပေးပို့စဉ်က ဆောင်းပါး၏ ခေါင်းစဉ်ကို "ပြုပြင် ပြောင်းလဲရေးသမား တစ်ဦးဖြစ်ခဲ့သည့် မြန်မာ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း (Burma-ex-spyboss is a reformed man.)" ဟု ရေးသား ထားသော်လည်း သတင်းစာတွင် ပါလာသော အခါတွင်မူ ယင်းခေါင်းစဉ် မဟုတ်တော့ကြောင်း၊ စာသား အထားအသိုများနှင့် အရေး အသားဟန်ပါ မတူတော့သည့်အပြင် သူမရေးသားခဲ့သည်တို့လည်း ပါလာကြောင်းကိုလည်း ဦးမြင့်ရွှေက ရှင်းပြထားသည်။
အဓိကကျသော အချက်ဖြစ်သည့် ဦးခင်ညွန့်နှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း စာပိုဒ်တွင်မူ အတော်လေး ခြားနားသွားသဖြင့် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ကြောင်း ဦးမြင့်ရွှေက ရေးသား ရှင်းလင်းထားသည်။
ဦးမြင့်ရွှေ Bangkok Post သတင်းစာဆီသို့ ရေးသားပေးပို့ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ခဲ့သည်ဟု ဦးခင်ညွန့်က ပြောကြားကြောင်း လုံးဝ မရေးသားခဲ့။ သူ၏ လေ့လာ သုတေသန ပြုချက်များအပေါ် အခြေခံ၍သာလျှင် အမှန်ဟု သူယုံကြည်သည်တို့ကို ရေးသားခဲ့ခြင်း ဖြစ်ကြောင်း သူက ရှင်းထားသည်။
ထိုသို့ ရေးသားခဲ့သော်လည်း သတင်းစာထဲဝယ် ပါလာသည်တွင်မူ သူရေးသား ပေးပို့ခဲ့သည်နှင့် မတူတော့ပဲ ဦးခင်ညွန့်က ပြောပြသည့် ဟန်ဖြစ်နေကြောင်း ဦးမြင့်ရွှေက ရှင်းပြထားသည်။
Bangkok Post သတင်းစာမှ စာပြင်များသည် ဦးမြင့်ရွှေ ရေးသားသည့် စာသားများထဲမှ ဝေါဟာရ တစ်ခုဖြစ်သည့် "အလျှင်အမြန် (snap)" ကိုလည်း "လုယူသည် (snatch)" ဟု မှားယွင်း ခဲ့ကြကြောင်း သူက ထောက်ပြထားသည်။
အမှန်အားဖြင့်မူ သူသည် ယင်းဆောင်းပါးကို အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေ့ရှု၍ စေတနာကောင်းဖြင့် ရေးသားခဲ့ခြင်းသာဖြစ်ကြောင်း ဦးမြင့်ရွှေကဆိုသည်။
"ကျွန်တော့် ဆောင်းပါးနှင့် ပတ်သက်၍ ပြည်သူ့ရဲရုံးဌာန၀ယ် စာနယ်ဇင်း ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့သည် ဆိုသောကြောင့် ကျွန်တော်အပါအ၀င် လူအများ နားလည်ရ ခက်ကာ ဇဝေဇ၀ါတွေ ဖြစ်ကုန်ကြပါသည်" ဟု ဦးမြင့်ရွှေက ဆိုထားပါသည်။
ဦးမြင့်ရွှေ