ဒီမိုကရေစီနည်းကျတဲ့ ပြည်သူ့ကို ကိုယ်စားပြုတဲ့ လွှတ်တော် ဖြစ်ဖို့အတွက် လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တွေကို လွှတ်တော်တွေက တင်သွင်းနိုင်ရမယ်

နိုင်ငံရေးဆိုတာဟာ အနုပညာတရပ်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် အယောက် ၄၀ ကျော် လွှတ်တော်ထဲ ဝင်ရောက်ပြီး လက်တွေ့ကျတဲ့ အဆိုတွေ တင်သွင်းတဲ့အခါ ကျန်တဲ့ကိုယ်စားလှယ်တွေက တစိုက်မတ်မတ် လိုက်လံ ကန့်ကွက်နေမယ်ဆိုရင် အဲ့ဒီလွှတ်တော်ရဲ့ အရည်အသွေးကို ဖော်ပြနေတာပဲဖြစ်တယ်၊ ဒီမိုကရေစီနည်းကျတဲ့ ပြည်သူ့ကို ကိုယ်စားပြုတဲ့ လွှတ်တော် ဖြစ်ဖို့အတွက် လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တွေကို လွှတ်တော်တွေက တင်သွင်းနိုင်ရမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောဆိုလိုက်ပါတယ်။