ပွင့်လင်းလွပ်လပ်သောလူ့ အဖွဲ့ အစည်းတွေ တည်ထောင်စို့ - - -


ဧပြီလ ၅ ရက်နေ့  ၂၀၁၂

လွပ်လပ်ပြီးပွင့်လင်းစွာပြောဆိုဆွေးနွေးကြမဲ့ အသင်းအဖွဲ့ များဖွဲ့ စည်းကြရန် ၈၈မျိုးဆက်ကျောင်းသားများ မအူပင်လူထုကို ဟောပြောတိုက်တွန်း ။

လွပ်လပ်ပြီးပွင့်လင်းစွာပြောဆိုဆွေးနွေးကြမဲ့ အသင်းအဖွဲ့ များဖွဲ့ စည်းကြရန် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုမင်းဇေယျာ တို့ နဲ့ အတူ ကိုကျော်ကိုကို ကိုဒီညိမ်းလင်း ကိုစည်သူမောင် စတဲ့ဗကသများအဖွဲ့ ချုပ်ခေါင်းဆောင်များပါဝင်ပါတယ်။ ဆွေးနွေးပွဲကို မအူပင်တက္ကသိုလ်အနီးလယ်ကွင်းတခုမှာပြုလုပ်ခဲ့ပါတယ်။

တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတွေကိုလွှင့်ထူခဲ့ပြီး လာရောက်နားထောင်ဆွေးနွေးသူ တရာ့ငါးဆယ်ကျော်နှစ်ရာနီးပါးရှိပါတယ် ။ အထူးဘဲ တက်ကြွစွာဆွေးနွေးကြပါတယ် ။ ဆွေးနွေးပွဲမှာ ကိုဂျင်မီက ပွင်းလင်းတဲ့လူ့ အဖွဲ့ အစည်းရဲ့အဓိကလိုအပ်ချက်တွေက ၁- အဖွဲ့ အစည်းတွေရှိရမယ်။ ၂) အဲဒီ့အဖွဲ့ တွေအချင်းချင်း ကွန်ယက်သဖွယ် ချိတ်ဆက်မှုတွေရှိရမယ် ။ ၃) အဆက်မပြတ်လှုပ်ရှားမှုတွေရှိရမယ် ။ ၄) သတင်းဌာနတွေနဲ့ ချိတ်ဆက်မှုရှိရမယ်။ ဒီအချက်လေးချက်ကို အခိုင်အမာကိုင်ဆွဲတည်ဆောက်နိုင်မယ်ဆိုရင် မတရားမှုမှန်သမျှပပြောက်ပြီး ဒီမိုကရေစီဆိုတာလည်း ခိုင်မာလာမှာဖြစ်ကြောင်း အစရှိတဲ့အချက်အလက်တွေကိုတင်ပြဆွေးနွေးခဲ့ပါတယ် ။      တကြိမ်မှာ ဆွေးနွေးသူ အဒေါ်ကြီးတယောက်က - ကိုလိုနီခေတ်က ကျွန်ပညာရေး ယနေ့ ခေတ်မှာ သူခိုးပညာရေး ခိုးချမှ စာမေးပွဲအောင်တာ - ဟု ပွင့်လင်းစွာ ဆွေးနွေးသွားခဲ့သည်။

ကိုမင်းကိုနိုင်ဆွေးနွေးနေစဉ်မှာ စစ်ဂျက်လေယဉ်တစင်းက ဆူညံစွာနဲ့  ကောင်းကင်ပေါ်မှာ အခေါက်ခေါက် အခါခါ ဖြတ်သန်းသွားကြောင်း ယခင်ကထိုသို့  တခါမှ စစ်လေယဉ်မဖြတ်သွားဖူးကြောင်းကိုလည်း မြို့ ခံများက ပြောဆိုပါသည် ။