၁၂၂ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့အပေါ် သုံးသပ်ချက်

ကမ္ဘာပေါ်ရှိ ကွန်မြူနစ်နိုင်ငံအချို့၏ အလံအချို့နှင့် ယခင် ( မဆလ ) တပါတီ အာဏာရှင်၏ အလံတွင်  အလုပ်သမားလူတန်းစားနှင့်
တောင်သူလယ်သမားလူတန်းစားတွေကို    ကိုယ်စားပြုထားသော်ငြားလည်း၊ အခြေခံအလုပ်သမားလူတန်းစားများနှင့်     ဆင်းရဲသား
တောင်သူလယ်သမားများ၏ ဘဝများသည် ကမ္ဘာ့အလုပ်သမားနေ့ ၁၂၂ ကြိမ်မြောက် ရောက်ခဲ့သည့်တိုင် ဆင်းရဲတွင်း ဒုက္ခနွံ့ထဲကနေ ကနေ့တိုင်ရုန်းမထွက်နိုင်သေးသည့်အပြင်-  အလုပ်သမား၊ တောင်သူလယ်သမားများ၏   ရသင့်ရထိုက်သည့်      အခြေခံရပိုင်ခွင့်များ
ယနေ့ထက်တိုင်   လက်လွတ်ဆုံးရှုံးနေကြရဆဲဖြစ်သည်။  ထို-  အလုပ်သမားများ၏  ရပိုင်ခွင့်များဆုံးရှုံးနေခဲ့ရခြင်းသည်    အုပ်ချုပ်သူ
လူတန်းစားများ၏ ခပ်ညံ့ညံ့အုပ်ချုပ်မှုစနစ်ဆိုးကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုလိုနီလက်ထက်မှအစပြု၍ ကနေ့ထိတိုင် နှစ်ပေါင်းများစွာ အခြေခံအလုပ်သမားများနှင့် တောင်သူလယ်သမားများ၏
အခွင့်အရေးများ လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။ အုပ်ချုပ်သူလူတန်းစားများနှင့် ဓနရှင်စီးပွါးရေးသမားများကြောင့်သာ ရသင့်ရထိုက်- ရှိသင့်ရှိထိုက်သော  အလုပ်သမားများ၏ ရပိုင်ခွင့်များဖြစ်ကြသည့် အလုပ်သမားများ၏လစာ အပြည့်ဝခံစားရရှိရေး၊ အချိန်ပို လုပ်အားခ
ပြည့်ဝစွာခံစားရရှိရေး၊ အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာများရရှိပါက ဆေးဝါးကုသခွင့်ရရှိရေးနှင့် နစ်နာကြေးရရှိရေး၊ နာမကျမ်းဖြစ်
သည့်အခါ ခွင့်တိုတိုင်ကြားပိုင်ခွင့်ရရှိရေး၊ ရေရှည်နာမကျမ်းဖြစ်သည့်အခါ ဆရာဝန်များ၏ ထောက်ခံချက်ဖြင့် အနားယူခွင့်ရရှိရေး၊ ခရီးဝေးမှ   လာရောက်အလုပ်လုပ်ကိုင်သူများအား   ထိုက်သင့်တဲ့   ခရီးစရိတ်များ ထောက်ပံရေး၊  အလုပ်လုပ်ချိန်    သတ်မှတ်ရေး၊ အလုပ်သမားများနှင့်ပတ်သက်သည့် အသက်အာမခံများရရှိရေး၊ ဥပဒေနဲ့အညီ ဆန်စပါးများကို လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့် ရရှိရေး၊ လယ်ယာမြေပိုင်ဆိုင်ခွင့်နှင့်   လွတ်လပ်စွာစိုက်ပျိုးပိုင်ခွင့်ရရှိရေး၊ လွတ်လပ်စွာ အလုပ်သမား- တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ရရှိရေး စတဲ့အလုပ်သမားများရဲ့   ရသင့်ရထိုက်-  ရှိသင့်ရှိထိုက်သော အလုပ်သမား   တောင်သူလယ်သမားများ၏ အခွင့် အရေးများဆုံးရှုံးခဲ့ရသည်။ အဓိကကတော့ အလုပ်သမားများသည် ထိုက်သင့်ထိုက်တန်သည့် လုပ်အားခမရရှိခြင်းကြောင့် ဆင်းရဲတွင်း နက်သထက်နက်ခဲ့ကြရသည်။ မည်သူမဆို မိမိ၏ လုပ်အားခများကို ခေါင်ပုံဖြတ်အမြတ်ထုတ်တာကို လက်ခံနိုင်ကြမည်မဟုတ်ပါ။
ပထမဆုံးလုပ်ငန်းစဉ်အဖြင့် အလုပ်သမားများအနေနဲ့ မိမိတို့ လုပ်အားခအပြည့်အဝရရှိရေးအတွက် ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြ တိုက်ပွဲဝင်ရန်လိုပါသည်။ ထိုမှတဆင့် အလုပ်သမားသမဂမှတဆင့် အလုပ်သမားများ၏ ရပိုင်ခွင့်တွေကို တောင်းဆိုဆန္ဒပြ တိုင်ပွဲဝင်
သွားကြရန်လိုပါသည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရှိ/မရှိ ခြင်းကိုတိုင်းသာလျှင် အခြေခံအလုပ်သမားများ၏ တနေ့လုပ်အားခဝင်ငွေပမ်းမျှ ဘယ်လောက်
ရရှိသာနဲ့  တိုင်းထွာသလို၊ လူနေမှုအဆင့်တန်း မြင့်/ မမြင့် ပေတံနဲ့လဲတိုင်းထွာကြပါတယ်။ လူတစ်ယောက်ရဲ့    လုပ်အားခဝင်ငွေ နိမ့်ကျလျှင် နိုင်ငံတစ်နိုင်ငံ၏ လူနေမှုအဆင့်တန်း နိမ့်ကျနေမည်ဖြစ်သည်။ ယနေ့ကမ္ဘာကြီးသည် စက်မှုခေတ်သို့ရောက်ရှိနေပြီးဖြစ်
သော်လည်း  မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးထွန်ယက် ရိတ်သိမ်းတဲ့အခါ နွားများနှင့် လူအများ၏ လုပ်အားများကို အသုံးပြုနေရ စဲဖြစ်သလို၊ အခြေခံအလုပ်သမားများသည်လည်း နဖူးကချွေး ခြေမထိရောက်အောင် ဝမ်းတထွာအရေးအတွက် တနေကုန်ရုန်းကန် လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းကို လုပ်ကိုင်နေကြရစဲဖြစ်သည်။ စက်မှုဖွံ့ဖြိုးတိုးတက်မှု အထိုက်အလျှောက်ရှိသည့် နိုင်ငံ
များတွင် အခြေခံအလုပ်သမားများသည် အလုပ်အားခအပြည့်အဝမခံစားခဲ့ရသည့်တိုင်အောင် အလုပ်သမားများ၏ ရပိုင်ခွင့်များ
အထိုက်အလျှောက်ရရှိထားသည့်အတွက် အလုပ်သမားတို့၏ ဘဝသည် စားဝတ်နေရေးပြေလည်မှုရှိသည်။ မြန်မာနိုင်ငံတွင်
နှစ်ပေါင်းများစွာ အာဏာရှင်စနစ်လွှမ်းမိုးအုပ်ချုပ်ထားသည့်အတွက် အလုပ်သမားများ၏ ရပိုင်ခွင့်များအားလုံးနီးပါးဆုံးရှုံးခဲ့ရသည်။       (( သည်နေရာမှာ စာရေးရင်းနဲ့ ( နအဖ ) ခေတ်က အာဏာပိုင်တွေရဲ့ ကြောင်တောင်တောင်လုပ်ရပ်ကို အနည်းငယ်တင်ပြလိုပါတယ်))   ( နအဖ ) ခေတ်က ဗိုလ်သန်းရွှေအလိုကျ ရုပ်ရှင်ရိုက်ရင် ဆင်းရဲသားများနှင့်ပတ်သက်သည့် ရုပ်ရှင်ဇတ်လမ်းတွေကိုမရိုက်ဖို့ 
အာဏာပိုင်တွေ တားမြစ်ချက်တွေထုတ်တာကို မီဒီယာကနေတဆင့်ကြားဖူးပါသည်။ ထိုတားမြစ်ချက်ကိုကြားရတော့ စာရေးသူ
အနေနဲ့ မြန်မာနိုင်ငံရှိ အာဏာပိုင်တွေရဲ့ လုပ်ရပ်ကိုကြည့်ပြီး စိတ်တော်တော်လေသွားပါတယ်၊ အတွေးခေါ်စဉ်းစာဥာဏ်မရှိတဲ့
အာဏာပိုင်တွေရဲ့ လုပ်ရပ်ကိုကြည့်ပြီး သြော်- ဖြစ်မှဖြစ်ရလေဆိုတဲ့သက်ပြင်းကိုလေးတွဲစွာချမိလိုက်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့
လူနေမှုဘဝကိုထင်ဟတ်စေတဲ့ အနုပညာနဲ့ ရုပ်ရှင်ဇတ်လမ်းတွေဟာ ဘယ်ခေတ်ကိုမဆို မီးမောင်းထိုးပြနေမှာပဲ၊ တိုးတက်ရင် တိုးတက်တဲ့အလျှောက် တိုးတက်တဲ့ လူနေမှုဘဝတွေကို ထင်ဟတ်စေတဲ့ အနုပညာရုပ်ရှင်ဇတ်ကားတွေ ရိုက်ကူးပြီးလက်ရှိ- လူနေမှု
ဘဝတွေကို မီးမောင်းထိုးပြနေမှာဖြစ်သလို၊ ဆုတ်ယုတ်ပြီး မတိုးတက်တဲ့ ခေတ်စနစ်တွေကိုလည်း မီးမောင်းထိုးပြရိုက်ကူးနေမှာပဲ
အဲဒီအပေါ် တားဆီးမှုတွေဘယ်လိုလုပ်လုပ်- လုပ်လို့မရဘူးဆိုတာကို မြန်မာနိုင်ငံက အတွေးခေါ်ရေညိတက်နေတဲ့ခပ်ညံ့ညံ့
အာဏာပိုင်တွေကိုသိစေချင်ပါတယ်။
ကနေ့ဆိုလျှင် မေဒေးနေ့ ( သို့ ) ကမ္ဘာ့အလုပ်သမားနေ့ ပြုလုပ်ကျင်းပခဲ့သည်မှာ ၁၂၂ ကြိမ်မြောက်ပြည့်ခဲ့ပြီးဖြစ်သည်။ ကမ္ဘာ့
အလုပ်သမားများနေ့ သက်တမ်း ၁၂၂ နှစ်ပြည့်ခဲ့သော်ငြားလည်း၊ ဆင်းရဲတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အလုပ်သမားများ၏ ရသင့်
ရထိုက်- ရှိသင့်ရှိထိုက်တဲ့ အခြေခံရပိုင်ခွင့်များ ဆုံးရှုံးနေရသည်ကို ဝမ်းနည်းကြေကွဲစွာတွေ့မြင်နေရသည်။ ထိုအခွင့်အရေးတွေ
ရရှိဖို့အတွက်၊ ထို- ဆင်းရဲသည့်နိုင်ငံများတွင် အလုပ်သမားတွေကိုယ်တိုင် လွတ်လွတ်လပ်လပ် ဖွဲ့စည်းတည်ထောင်ခွင့်ရရှိတဲ့
စစ်မှန်တဲ့ အလုပ် သမားသမဂ္ဂများပေါ်ပေါက်လာဖို့အရေးကြီးပါတယ်။ အလုပ်သမား အခွင့်အရေးများရရှိရေးအတွက် အလုပ် သမားတွေကိုယ်တိုင်  ပြည်သူလူထုနဲ့ လက်တွဲပြီး အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများကိုတောင်းဆိုတိုက်ပွဲ
ဝင်ကြရမှာဖြစ်ပါတယ်။
ဒီနေရာမှာ အလုပ်သမားများက  တိုင်ရီအလုပ်စက်ရုံက အလုပ်သမားများအခွင့်အရေးတောင်းဆိုမှုတွေကို နမူနာယူပြီး၊  မိမိတို့
အလုပ်သမားထုရဲ့ ရပိုင်ခွင့်တွေကို   ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသပြီး၊  မိမိတို့အခွင့်အရေးတွေကို   ညီညီညာညာနဲ့  စုပေါင်း
တောင်းဆိုကြပါရန် အလေးအနက်တိုက်တွန်းရင်း....၁၂၂ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှသည် အလုပ်သမားများအားလုံး ကိုယ်၏ ကျမ္မာခြင်း၊စိတ်၏ ချမ်းသာခြင်းတို့နဲ့ ပြည့်စုံစေပြီး  အလုပ်သမားများအားလုံး   ရသင့်ရထိုက်-  ရှိသင့်ရှိထိုက်တဲ့ အခွင့်
အရေးတွေအမြန်ဆုံးရနိုင်ကြပါစေလို့ ကျနော့်အနေနဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
( ကိုဗလိုင် )