Google မှ အသစ်တီထွင်ထုတ်လုပ်တော့မည့် Gadget တစ်မျိုးကတော့ မျက်မှန်ပဲဖြစ်ပါတယ်။ 
Google
 မျက်မှန်ဆိုလို့ ထူးဆန်းသွားမယ်ထင်ပါတယ်။ အမှန်တကယ်ပဲ ထူးခြားဆန်းကျယ်တဲ့ 
မျက်မှန်တွေကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ကနဦး အသုံးပြုနိုင်မည့် 
Function ကတော့ မြေပုံလမ်းညွန်၊ ဓာတ်ပုံရိုက်ကူး၊ ဗီဒီယိုရိုက်ကူး၊ Message
 ပို့ခြင်း၊ ဖုန်းပြောခြင်း၊ အင်တာနက်သုံးခြင်း တို့ကို ပြုလုပ်နိုင်မှာ 
ဖြစ်ပါတယ်။ အင်တာနက်သုံးတယ်ဆိုတာကတော့ မိမိရိုက်ကူးထားတဲ့ ပုံတွေနဲ့ 
ဗီဒီယို ဖိုင်တွေကို Share လို့ရရုံလေးပဲဖြစ်ပါ တယ်။ 
Google
 မျက်မှန်ကို တပ်ဆင်လိုက်တဲ့အခါမှာ icon လေးတွေတွေ့ရပါမယ်။ ယင်း icon 
တွေထဲက နှစ်သက်ရာ function တွေကို အသုံးပြုနိုင်စေမှာပါ။ MP4, Radio နဲ့ 
Game စတဲ့ function တွေပါ ပါဝင်အုံးမှာ ဖြစ်ပါတယ်။ တစ်ခုအားသာချက်ကတော့ 
Google Earth နဲ့ Google Search Engine တို့နဲ့ တိုက်ရိုက်ချိတ်ဆက်ထားခြင်း
 ဖြစ်ပါတယ်။ မြေပုံလမ်းညွန်အနေနဲ့ အသုံးပြုဖို့ပိုမိုကောင်းမွန်မှာ 
ဖြစ်ပါတယ်။ ပြီးတော့ ပတ်ဝန်းကျင် ရာသီဥတုအခြေအနေကိုပါ အချိန်နဲ့တစ်ပြေးညီ 
တင်ပြပေးအုံးမှာ ဖြစ်ပါတယ်။ ဒီလောက်ဆို Google glass ဘယ်လောက်အထိ 
ထူးခြားမလဲ ဆိုတာကို ခန့်မှန်းမိမှာ ဖြစ်ပါတယ်။ 
ဘယ်တော့ထွက်ရှိမယ်ဆိုတာကို
 အရိပ်အယောင်လေးတောင် မပြသခဲ့ပါဘူး ယင်းမျက်မှန် simple ကိုတော့ 
ဆန်းသပ်ထုတ်လုပ်ထားပြီး အသုံးပြုပုံ ဗီဒီယို သုံးမိနစ်စာကို You Tube မှာ 
တင်တာ လူကြိုက်များခဲ့ပါတယ်။ သူ့ရဲ့လုပ်ဆောင်ပုံ အသေးစိတ်ကို 
လေ့လာနိုင်အောင် link လေး ပေးလိုက်ပါတယ်။