ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစည်းအဝေးမှ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်...
 (ဓာတ်ပုံ Getty Images)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကို သပိတ်မမှောက်ပါ..
   တချို့အင်တာနက် 
စာမျက်နှာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကို သပိတ်မှောက်တယ်
 ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်...။ အဆိုပါသတင်းအတွက် ဆက်သွယ်မေးမြန်း 
ကြည့်ရာမှာတော့ ၂၃ရက်နေ့ မှာ ပြန်လည် စတင်မယ့် လွှတ်တော်ကို 
အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ မသေချာသေးတာပဲ ဖြစ်ပါတယ်..။  
သဘောတူညီချက် ရတာနဲ့ လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆို တက်ရောက်မှာ  
ဖြစ်ကြောင်း သိရှိရပါတယ်..။ အဆိုပါကိစ္စအတွက် အဆင်ပြေနိုင်ဘို့ 
ရှိတယ်လို့လည်း သိရှိရပါတယ်..။  ဒီကြားထဲမှာလည်း သဘောတူညီချက် ရကောင်း 
ရနိုင်ပါသေးတယ်လို့လည်း ပြောဆိုပါတယ်...။
အခြေခံဥပဒကို ထိန်းသိမ်း 
ကာကွယ်စောင့်ရှောက် ပါမည်ဆိုတဲ့ နေရာမှာ  အခြေခံဥပဒေကို လေးစားလိုက်နာပါမည်
 ဆိုတဲ့စကားလုံးအတွက် လောလောဆယ်  သဘောတူညီချက် မရသေးတဲ့အတွက် လာမယ့် 
(၂၃)ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်မှာ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ   
လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ အတွက် လောလောဆယ်မှာ 
လွှတ်တော်သို့ တက်ရောက်နိုင်မှာ မဟုတ်သေးပါဘူး။ 
နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဇွန်လအလယ်မှာ ပြည်ပခရီးစဉ် သွားရောက်မယ်လို့ ကြားသိရပါတယ်..။
