သုံးခွမြို့နယ် မယက ဥက္ကဌ၏သိမ်းယူခြင်းကို ခံရသော လယ်မြေများ

တိုင်းညွှန်ကြားချက်အရ ပုဇွန်ကန် တူးဖော်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၀၅ ခုနစ်က အဓမ္မ သိမ်းယူ ခဲ့ပါတယ်။ လယ်သမား ၁၉ ဦးတို့ရဲ့လယ်ယာမြေ စုစုပေါင်း ၁၃၈.၃၅ ဧကကို
လျော်ကြေးနဲ့ လယ်ယာမြေ ပြည်လည် အစားထိုးပေးမှု တစ်စုံတစ်ရာမရှိပဲ သိမ်းယူခဲ့တာပါ။ အဲ့ဒီလို လျော်ကြေးနဲ့ လယ်ယာမြေတွေ အစား ပြန်မပေးတဲ့ အတွက် ဒီ လယ်ယာမြေတွေနဲ့ပဲ
လုပ်ကိုင် စားသောက် နေရတဲ့ လယ်သမားနဲ့ သူတို့ မိသားစုတွေဟာ စားဝတ်နေရေး ဒုက္ခတွေနဲ့ ရင်ဆိုင် ကြုံတွေ့ နေရပါတယ်။ ဘားမားဗီဂျေမှ