08 May 2012 |By First Music News
ပေ(၂၇၀) ရှည်လျားတဲ့ Skylon အာကာသလေယာဉ် (Spaceplane) ဟာ သမားရိုးကျ လေယာဉ်ပြေးလမ်း ပေါ်ကနေ ထွက်ခွာပျံသန်းမှာဖြစ်ပေ မယ့် ကမ္ဘာ မြေပြင်နဲ့ အထက်(၁၈)မိုင် အကွာ ကမ္ဘာလေထုရဲ့ အပြင်ဘက်မှာ အသံထက် (၅)ဆပိုမြန်တဲ့ အမြန်နှုန်းနဲ့ ပျံသန်းမှာဖြစ်ပါတယ်။
အခု စမ်းသပ်မှုတွေ ပြုလုပ် နေတဲ့ Sabre အင်ဂျင်ဟာ သာမန်ဂျက် အင်ဂျင် တစ်လုံးလို အလုပ် လုပ်နိုင်ပေမယ့် ဒုံးကျည်ပုံစံလည်း ချက်ချင်း ပြောင်းလဲ ပစ်နိုင်ပါတယ်။ ဒီအင်ဂျင်ကို တီထွင်ခဲ့တာက အောက် စဖို့ဒ်ရှိုင်းယားဒေသ၊ ကားလ်တန်မြို့ အခြေစိုက် Reaction Engeines Limited (REL) ကုမ္ပဏီက Farnborough နိုင်ငံ လေကြောင်း ပြပွဲမှာ ပြသဖို့ ရှိနေပါ တယ်။
ဒီအင်ဂျင်ရဲ့ နောက်ထပ်ထူး ခြားချက်တစ်ရပ်က ဒုံးကျည်စွမ်းအင် အဖြစ် မပြောင်းလဲခင်မှာ လေယာဉ် ကို ကမ္ဘာ့လေထု အစွန်းဆုံးထိ ရောက် အောင်တွန်းကန် ပေးနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးအပြီးသတ် ဒီဇိုင်းပုံစံရောက်ရှိဖို့ ပေါင်သန်း (၂၅၀) လိုအပ်တာကြောင့် ကုမ္ပဏီက ရင်းနှီး မြှုပ်နှံသူတွေကို ချဉ်းကပ်ဖို့ ပြင်ဆင် နေပါပြီ။ From YOYARLAY