ရုံးပိတ်ရက်မရှိ့  စီးပွါးရှာနေတဲ့ တပ်ရင်းမှုးကြီး
ရွှေဘိုမြို့ အမှတ် (၈) စခတက စစ်သည်ရဲမေတွေ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်မရှိ့ 
တပ်ရင်းမှုးကြီး ဗိုလ်မှုးကြီးဝင်း ဌေးရဲ မိသားစု စီးပွားရေးကို 
လုပ်ပေးနေရပါတယ်။
စစ်သည်မိသားစုများမှာ ဆင်းရဲငတ်ပြတ်နေပြီး တပ်ရင်းမှုးမှာတော့ 
တလလျှင်သိန်းပေါင်းများစွာ ၀င်ငွေကို ရရှိရန်အတွက် စစ်သည်ရဲမေတွေကို 
ခိုင်းစားနေကြပါတယ်။
သက်သာဆိုင်လုပ်ငန်းမွေးမြူရေး(ငါး၊၀က်၊ကြက်၊နွား၊ဆိတ်)၊လယ်လုပ်ငန်း၊အုတ်ဖုတ်လုပ်ငန်း၊တပ်ထောက်၊မော်တော်ယဉ်၊သင်တန်းတပ်ခွဲတွေမှ
 ရရှိတဲငွေကြေးတွေကို တပ်ရင်းရန်ပုံငွေအတွက် နည်းနည်းပြပြီး ကျန်တာတွေကို 
တပ်ရင်းမှုးကြီးမှ ကိုယ်ပိုင်ငွေအဖြစ်အသုံးပြုနေပါတယ်။
အခုဆိုရင် တပ်မှစစ်ကားများကို အသုံးပြုပြီး သစ်မျှောဝါးကို စစ်သည်များကို 
သုံးပြီးကိုယ်ကျိုးအတွက် အသုံးပြုနေပါတယ်။ခွင့်မဲစစ်သည်များအား 
အထက်သို့တင်ပြချင်းမရှိ့ဘဲ လစာ/ရိက္ခာများကို ဗိုလ်မှုးကြီးဝင်း ဌေးမှ 
ထုတ်ယူသုံးစွဲနေကြောင်း
အမှတ်(၈) စခတက မှ တပ်သားတဦးက သတင်းပေးပို့ ထားပါတယ်။
Myanmar News Now
