Malapa ဂူ က တွေ့တဲ့ အရိုးစု
ကမ္ဘာပေါ်မှာ ဦးဆုံးအစ ပေါ်ထွန်း လာတဲ့ လူသား က အရှေ့ အာဖရိက က ဆိုတာမျိုး သတ်မှတ်ထား ခဲ့ ရာ ကနေ အခုတော့ တောင်အာဖရိ က မှာ လူသား စ ပေါ်ထွန်း ခဲ့တာ လို့ ပြောင်းလဲ သတ်မှတ် ရမလို ဖြစ်နေပါပြီ။
Science Journal မှာ ပါလာတဲ့ သုတေ သန ဖော်ပြချက် တခု က တောင်အာဖရိက ဘက်မှာ တွေ့ရှိခဲ့တဲ့ အမျိုးသမီး တဦး နဲ့ ကလေး တဦး တို့ ရဲ့ အရိုးစု တွေက နှစ်ပေါင်း ၂ သန်း သက်တမ်းရှိပြီ ဖြစ်တယ်လို့ ဆိုထားတဲ့ အတွက် အခုလို လူသား အစ ပေါ်ထွန်း နေထိုင်ခဲ့ ရာ အရပ် ကို ပြောင်းလဲ သတ်မှတ် ရမယ့် ပုံ ဖြစ်နေတာ ပါ။လူသား အဖြစ် ဆင့်ကဲဖြစ်စဉ် ပြောင်းလဲမှု မှာ ဘယ်အချိန်မှာ လူသား ရယ်လို့ စဖြစ် ခဲ့ပြီ ဆိုတာနဲ့ ဘယ်နေရာ မှာ သူ ပေါ်ထွန်းခဲ့တယ် ဆိုတာ က တကယ့်ကို မေးခွန်း ကြီး အဖြစ် ဖြစ်နေ ကြဆဲပါ။
သိပ္ပံပညာရှင် အများ အပြား နှစ်သက်လှ တဲ့ သီအိုရီ တခု ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သန်း မှာ လူသား ပေါ်ထွန်းခဲ့ပြီး အာဖရိက အရှေ့ပိုင်း မှာ ပေါ်ထွန်း ခဲ့တာ လို့ ဆိုတဲ့ သီအိုရီ ပါ။
အခုတော့ တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက် စ္စဘတ် မြို့ နား မှာ ရှိတဲ့ မာလာပါ ဆိုတဲ့ ဂူထဲ က တွေ့ရှိလာခဲ့တဲ့ အရိုးစုတွေ ကို လေ့လာချက် တွေ က အခုန သီအိုရီ ကို စိမ်ခေါ် နေပါပြီ။
အရင် တွေ့ဘူး သမျှ လူသားရုပ်ကြွင်း တွေနဲ့ နှိုင်းစာ ရင် ဒီဂူထဲ ကတွေ့ရှိခဲ့ တဲ့ အမျိုးသမီး နဲ့ ကလေးငယ် တို့ ရဲ့ ရုပ်ကြွင်း တွေ က ဦးနှောက်ပိုင်း ဖွံ့ဖြိုးမှု ပိုများတာ၊ လက်တို့၊ သွား တို့ ကို ကြည့်မယ်ဆိုရင်လည်း လူသား နဲ့ ပိုတူတာ၊ တင်ပဆုံ ရိုးခွေ က လည်း တခြား လူသား မဖြစ်ခင် အဆင့် သတ္တဝါထက် လူသားလို လမ်းလျှောက် နိုင်တဲ့ အနေအထား မျိုး ဖြစ်နေ တာ ကို လေ့လာကြတဲ့ အခါမှာ တွေ့ခဲ့ ကြရ ပါတယ်။
အခုတွေ့ရှိတဲ့ ရုပ်ကြွင်းတွေ က လူသား အသွင်အပြင် လက္ခဏာ နဲ့ ပိုတူလာတယ် လို့ ဆိုပေမယ့် ဒါဟာ အစဦးဆုံး လူသား လား ဆိုတဲ့ အပေါ်မှာ တော့ ပညာရှင် တွေ ကြား သဘောမတူ ကြသေးပါဘူး။
လူသား မဖြစ်ခင် အရှေ့ပိုင်း အဆင့် လူသားတူ သတ္တဝါတွေ လို့ တချို့ ပညာရှင် တွေက သတ်မှတ် ပါတယ်။
လန်ဒန် မှာရှိတဲ့ သဘာဝသမိုင်း ပြတိုက် က လူသားဆင့်ကဲဖြစ်စဉ် ကို လေ့လာတဲ့ ဌာန က ဌာနမှုး ပရော်ဖက်ဆာ Chris Stringer ကလည်း အခု တွေ့ရှိတဲ့ ရုပ်ကြွင်း တွေ ဟာ လူသား တူသတ္တဝါရဲ့ ရုပ်ကြွင်း တွေ လို့ ပဲ မြင်ပါတယ်။
ပညာရှင်တွေထဲ က အခုလိုပဲ အရှေ့အာဖရိက မှာ သာ လူသား စတင်ပေါ် ထွန်းခဲ့တာ ဆိုတဲ့ အမြင် ကို ဆက်လက် ကိုင်စွဲ ထားသူတွေ ရှိမှာ ပါ။
အခုတွေ့ရှိချက် အရ တခုတော့ အသေအချာ ပြော နိုင်တာ တခု ရှိတယ် လို့ ဆိုပါတယ်။
အဲဒါကတော့ လူသားဆင့်ကဲဖြစ်စဉ်မှာ မျောက် ကနေ မျောက်ဝံ ၊ မျောက်ဝံ က နေ တဖြည်းဖြည်း လူသား အဖြစ် ကို ပြောင်းလာတဲ့ တဖြောင့်တည်း ဖြစ်စဉ် ထက်စာ ရင် ဇာတ်လမ်း ကို ပိုပြီး ရှုတ်ထွေးတဲ့ ဖြစ်စဉ် မျိုး ဖြစ်ဖို့ ပိုများ တယ် ဆိုတဲ့ အချက် ပါ။
လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ မှာ လူသား ရယ်လို့ မဖြစ်ခင် လူသား တူ သတ္တဝါတွေ အများအပြား ပေါ်ထွန်းခဲ့ပြီး အကြောင်း အမျိုးမျိုး ကြောင့် တဖြည်းဖြည်း လျော့နည်း လာပြီး လူသား တွေ ပဲ ကမ္ဘာမြေမယ် ကျန်ရစ် တယ် လို့ ဆိုရ မှာပါ။
No comments:
Post a Comment