မြန်မာ့ဒီမိုကရေစီ အောက်က ဘဝများ (ကုတ်ပါ)

ယာခင်း​ထဲအလုပ်လုပ်​နေသည့်​ ရှမ်း​တောင်သူ ပစ်သတ်ခံရ

Published on September 19, 2011 by ဒီဗွီဘီ
စစ်တပ်က ​သေနတ်နဲ့​ပစ်ခတ်လို့ ယာခင်း​ထဲမှာ အလုပ်လုပ်​နေတဲ့​ ရှမ်း​ပြည်နယ် တန့်​ယန်း​မြို့​နယ်က ရွာသား​တဦး​ သေဆုံး​သွား​တယ်လို့​ ​ဒေသခံရွာသား​တွေက ​ပြောပါတယ်။
သေဆုံး​သူ ​တောင်ဟျိုး​ရွာသား​ စိုင်း​ပန်တဝ (၃၆) နှစ်ဟာ စက်တင်ဘာ ၁၅ ရက်​နေ့​ မွန်း​လွဲ ၂ နာရီ​ကျော်​လောက်က ပစ်သတ်ခံခဲ့​ရတာလို့​ ​သေဆုံး​သူနဲ့​အတူ ထွက်​ပြေး​ပုန်း​အောင်း​ရင်း​ အသက်ရှင်ကျန်ရစ်တဲ့​ ရွာသား​က ​ပြောပါတယ်။
ယာခင်း​ထဲမှာ ​မြေပဲပင်​ ပေါင်း​သင်​နေတုန်း​ အစိုး​ရစစ်​ကြောင်း​လာလို့ ​ကြောက်ရွံ့​ပုန်း​အောင်း​နေရာမှ ပစ်သတ်ခံခဲ့​ရတာလို့​ ဆိုပါတယ်။
သေဆုံး​သူအ​ လောင်း​ကို စစ်တပ်က ​မြေမမြှုပ်ဘဲ ထား​ခဲ့​တဲ့​အတွက် ​ကျောဘက်က ကျည်ဆန်ဒဏ်ရာနဲ့​ အ​လောင်း​ကို ရွာသား​တွေက သင်္ဂြီုဟ်ခဲ့​ကြတယ်လို့​ ဆိုပါတယ်။
သေဆုံး​သူမှာ က​လေး​သုံး​ဦး​နဲ့​ ဇနီး​ကျန်ရစ်ခဲ့​တယ်လို့​ ရွာသား​က ​ပြောပါတယ်။
ပစ်ခတ်တဲ့​ စစ်တပ်ဟာ မိုင်း​အွတ်က​နေ ထွက်ခွာလာတဲ့​ အင်အား​တရာ​လောက်ရှိတဲ့​ တပ်မ​တော် ခလရ ၂၄၈ ဖြစ်တယ်လို့​ ဆိုပါတယ်။
အခုလို ပစ်ခတ်သတ်ဖြတ်ခံရမှုနဲ့​ပတ်သက်ပြီး​ ​ဒေသရွာသား​တွေက အစိုး​ရကိုတိုင်တန်း​ပေး​ဖို့​ ကျား​ဖြူပါတီကို အကူအညီ​တောင်း​ထား​တယ်လို့​ မိုင်း​ရယ်လွှတ်​တော်အမတ် ဦး​စိုင်း​စံ​ဖေက ​ပြောပါတယ်။

No comments: