ဒို ့အေရး တကယ္ေအာ္လို ့ရျပီလား (ကလစ္ပါ)

အလုပ်သမားတွေ ဆန္ဒပြခွင့် ရတော့မှာ ဖြစ်ပေမယ့် နိုင်ငံရေး အကြောင်းပြုမှု မဖြစ်စေရ

အလုပ်သမား ဥပဒေ မူကြမ်း အတည်ပြုပြီ (BBC)

အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းရေး ဆိုင်ရာ ဥပဒေ မူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ပြီးခဲ့တဲ့သောကြာနေ့တုန်းကအတည်ပြုပေးလိုက်ပါတယ်။
အမျိုးသား လွှတ်တော် ကလည်း အတည်ပြုထားပြီးပြီ ဖြစ်လို့ သမ္မတက လက်မှတ် ထိုးပြီး ဥပဒေ အဖြစ် ထုတ်ပြန်ဖို့ဘဲ ရှိတော့တယ်လို့ သိရပါတယ်။
အလုပ်သမားလို့ ဆိုရာမှာ လက်နက်ကိုင် အဖွဲ့ဝင်တွေ ကလွဲပြီး အိမ်အကူ ၊ နေ့စား ၊ ယာယီ ၊ စိုက်ပျိုးရေး ၊ အစိုးရ ဝန်ထမ်း တွေနဲ့ လုပ်အားကို အားကိုး အားထား ပြု လုပ်ကိုင် နေသူတွေကို ရည်ညွန်းတယ်လို့ ဆိုပါတယ်။
ဒီဥပဒေနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းကို ဘန်ကောက်က ဘီဘီစီ ဝိုင်းတော်သား ဦးဝင်းမြင့်က ဆက်သွယ် မေးမြန်းထားပါတယ်။
ပထမဆုံး အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းရေး စည်းမျဉ်းစည်းကမ်းတွေ အနက် အရေးကြီးတဲ့ အချက်တွေက ဘာတွေဆိုတော့
ဥပဒေနဲ့ ဆန့်ကျင်တဲ့ သပိတ်မှောက်မှုတွေကို တည်ဆဲ ဥပဒေ အရ အရေးယူမယ်လို့ ဆိုပါတယ်။
ဥပဒေ ချိုးဖောက်တဲ့ အလုပ်သမားရော အလုပ်ရှင်ရော ပြစ်ဒဏ်ပေးတဲ့ အခါ အမြင့်ဆုံး ဒဏ်ငွေ ကျပ်တစ်သိန်းနဲ့ ထောင်ဒဏ် တစ်နှစ် အထိ ဖြစ်ပါတယ်။
အလုပ်သမားတွေဟာ ဆန္ဒပြပိုင်ခွင့် ရှိတယ်လို့ ဆိုထားပေမယ့် အဲလို ဆန္ဒပြဖို့ ကြိုတင် ခွင့်တောင်းရမှာ ဖြစ်ပြီး နိုင်ငံရေးကို အကြောင်းပြုတဲ့ ဆန္ဒပြမှု မဖြစ်စေရဘူးလို့ အတိအလင်း ဆိုထားကြောင်း သိရပါတယ်။

No comments: