ယနေ့  ကချင်ပြည်နယ် မှာ ဘာတွေဖြစ်နေလဲ (ဒီမှာ ကုတ်ပါ)


အဲဒီဒေသတွေမှာ တိုက်ပွဲဖြစ်ပွားနေတာ နှစ်ရက် ကြာနေပြီ ဖြစ်ပါတယ်
ကချင်ပြည်နယ် နယ်ဆန်ယန်ရွာ ဒေသ တွေမှာ ကချင်လွတ်လပ်ရေးတပ် KIA နဲ့ တိုက်ပွဲတွေ ဖြစ်ပြီး၊ ပြန်ဆုတ်လာတဲ့ အစိုးရတပ်ဖွဲ့တွေက သောကြာနေ့ ညနေ ပိုင်းမှာ နမ်ဆန်ယန်ရွာစျေးကို မီးတင်ရှို့ ခဲ့ ပါတယ်။
ရွာထဲက လူနေအိမ်တချို့ကိုလည်း မီးရှို့ခဲ့တဲ့ အတွက် ရွားသားတွေ ထွက်ပြေးခဲ့ကြရ တယ်လို့လည်း သိရပါတယ်။
ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ နမ်ဆန်ယန်နောက်ကျောပိုင်းနဲ့ နမ်ဆန်ယန်ရွာအနီးမှာ သောကြာ နေ့က တနေကုန် တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
ကြာသပတေးနေ့ ညနေ ပိုင်းကတော့ မိုးမောက်မြို့နယ် နမ့်ဖတ်ချောင်းဖျားမှာ KIA တပ်ရင်း (၁၅) တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရစစ်တပ် ခမရ (၃၈၇) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
KIA နဲ့ အစိုးရစစ်တပ်အကြား အဲဒီဒေသတွေမှာ နှစ်ရက်ကြာတိုက် ပွဲတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်ပြီး၊ တိုက်ပွဲတွေမှာ အစိုးရစစ်တပ်ဘက်က ထိခိုက်ကျဆုံးများနေတယ်လို့ KIA စစ်ဖက် ရပ်ကွက်က ပြောပါတယ်။
အောင်ဂျာရွာ အနီးမှာလည်း လက်နက်ကြီးကျည် ကျတဲ့အတွက် အရပ်သားခရီးသွား (၃) ဦး လည်း ဒဏ်ရာရရှိသွားပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရယူနိုင်ဖို့ကတော့ အခက်အခဲ ရှိနေ ပါတယ်။

အစိုးရဘက်က စစ်မှန်တဲ့ ဆွေးနွေးမှုလုပ်ဖို့လို

ပြည်တွင်းစစ်ဟာ သေချာပေါက် ပြင်းထန် လာနိုင် တယ်လို့ ကိုငွေလင်းကပြောပါတယ်
အခုလို ပြည်တွင်းစစ်တွေ ဖြစ်ပွားနေတာကို ရပ်တန့်နိုင်ဖို့ဟာ အစိုးရဘက်က ဦးဆောင်ပြီး စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်မှသာ ဖြစ်နိုင်မယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS က စက်တင်ဘာ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်မယ့် အစီရင်ခံစာ တစောင်မှာ ဖေါ်ပြထားပါတယ်။
အခုလက်ရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကို လေ့လာကြည့်မယ်ဆိုရင် ပြည်တွင်းစစ်ဟာ သေချာပေါက် ပြင်းထန် လာနိုင်ကြောင်းကို လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုငွေလင်း ဘီဘီစီကို ပြောပါတယ်။
နောက်ပြီး အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တဖက်သက် ဆုပ်ကိုင်ထားပြီး တိုင်းရင်းသား လက်နက်ကိုင်သူပုန်တွေကို နယ်ခြားစောင့်တပ် ဖွဲ့စည်းခိုင်း နေမယ်ဆိုရင် ပြည်တွင်းစစ်ကို တားဆီးနိုင်မှာ မဟုတ်ကြောင်း သူက ဆက်ပြောပါတယ်။
အပစ်ရပ်ရေးအတွက် အစိုးရက ကြိုးစားလုပ်ဆောင်နေတဲ့ ကိစ္စတွေကိုတော့ ကိုငွေလင်းက - စကားပြောတဲ့နေရာမှာ တန်းတူညီတူ သဘောမထားပဲ ဆွေးနွေးနေရင် တော့ အောင်မြင်မှာ မဟုတ်ကြောင်းပြောပါတယ်။
ဒါပေမယ့်လည်း တိုင်းရင်သားတွေဖက်ကတော့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားနေတာကို လေ့လာသိရှိရကြောင်း ကိုလည်း ပြောဆို သွားပါတယ်။
လူ့ဘောင်သစ် ဒီမိုကရစ်တစ်ပါတီဟာ '' အစိုးရသစ်နဲ့ တိုင်းရင်းသားအင်အားစုများ အကြား အကျပ်အတည်း '' ဆိုတဲ့ စာမျက်နှာ ၁၄၀ ကျော်ပါ အစီရင်ခံစာကို စက်တင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

No comments: