မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေသူများခင်ဗျာ--

မေတ္တာရပ်ခံပန်ကြားခြင်း(Burmese Community - DC Metro Area)

မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေသူများခင်ဗျာ--

ယခုလာမည့် စက်တင်ဘာ (၁၈)ရက်နေ့ သည် စစ်အာဏာသိမ်းမှု (၂၃)နှစ်မြောက်ဖြစ်သည်၊
၎င်းအပြင် ရွှေဝါရောင်တော်လှန်ရေး (၄)နှစ်မြောက်လည်းဖြစ်သည်။
သို့ ဖြစ်ပါ၍ စက်တင်ဘာ (၁၇)ရက်--( စနေနေ့ )၊ မြန်မာသံရုံးရှေ့ တွင် နေ့ လည် (၁)နာရီ စုစည်းပေးကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်၊

နေ့ ရက်။ စက်တင်ဘာ(၁၇)ရက်။ စနေနေ့ 
နေရာ ၊ မြန်မာသံရုံးရှေ့ --- 2300 S Street NW, Washington, DC 20008
အချိန်၊ နေ့ လည် (၁)နာရီမှ ညနေ(၃)နာရီ။

လှုပ်ရှားမှုအစီအစဉ်။

-နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ လွတ်မြောက်ရေး
-တိုင်းရင်းသားဒေသများအတွင်း တိုက်ပွဲများ ရပ်ဆိုင်းရေး
-ဧရာဝတီမြစ် ထာဝရ စီးဆင်းရှင်သန်ရေး....

စသည်တို့ အတွက် လက်မှတ်ထိုးခြင်းလှုပ်ရှားမှုနှင့်အတူ ဦးသိန်းစိန်ထံ ပန်ကြားစာ။
တရုတ်နိုင်ငံသို့ မေတ္တာရပ်ခံပန်ကြားလွှာနှင့် မစ္စတာကင်တားနားအား ပန်ကြားလွှာတို့ ကို လက်မှတ်ထိုး ပို့ ဆောင်ကြမည်ဖြစ်သည်။
ပြည်ပတွင် မည်သည့်အတွက် အောက်မေ့ ဖွယ်အခမ်းအနား။ ဆန္ဒပြခြင်းအမှုနှင့် လက်မှတ်ထိုး စာရေးသားပေးပို့ တောင်းဆိုခြင်းများကို အဘယ်ကြောင့် ပြုလုပ်ရပါသနည်း ဟုဆိုရလျှင်---

(၁) မြန်မာနိုင်ငံတွင် စစ်မှန်သည့် အစိုးရသစ်တရပ်ပေါ်ပေါက်ရေး
(၂) မြန်မာပြည်သူများ မပြောဆိုနိုင်သည့် အရေးကိစ္စများအား နိုင်ငံတကာသို့  သိရှိ။ ရောက်ရှိရန် တဆင့်ခံပြောကြားပေးခြင်း
(၃) မိမိတို့ ၏ စိတ်ဓါတ်များ။ ယုံကြည်ချက်များ ပိုမို ခိုင်မာ၍ မြန်မာပြည်သူတိုင်းရင်းသားအပေါင်းအတွက် ဦးထိပ်တင် လုပ်ဆောင်နိုင်ရေး
(၄) တာဝန်မဲ့ သူများ၏ ဖုံးဖိထားသော ဖြစ်ရပ်များကို မျိုးဆက်မပြတ် လက်ဆင့်ကမ်း သိရှိနိုင်ရေး
(၅) အင်အားနည်းနေသော်လည်း ယုံကြည်ချက်တူသူ အချင်းချင်း ချိတ်ဆက်နိုင်သည့် ကွန်ယက်များ ဆက်လက်ရှင်သန်နိုင်ရေး
စသည့် အခြေခံအကြောင်းတရားများဖြင့် ကျွန်ုပ်တို့  စုစည်းလုပ်ဆောင်နေခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့ သည် မည်သူ့ အတွက် လုပ်ဆောင်ပေးနေကြပါသနည်း။

-မြန်မာပြည်သူပြည်သား တိုင်းရင်းသား ညီအကိုမောင်နှမများ၏ အရေးကို မိမိတို့  မိသားစုအရေးကဲ့ သို့  ဦးထိပ်ပန်ဆင် ရွက်ဆောင်ကြမည့်သူများသာဖြစ်သည်။

-၎င်းအပြင် community အခြေခံဖြစ်သည့်အတွက် မည်သည့်အဖွဲ့ အစည်းကိုမျှ ကိုယ်စားပြုခြင်း မရှိပါ၊

ဝါသနာတူသူများ လုပ်ဆောင်နိုင်သည့်အတိုင်းအတာခြင်း တတ်စွမ်းသ၍ -လုပ်ဆောင်ပေးနေကြသူများသာဖြစ်သည့် အတွက် ၀ါသနာရှင်များ။ လမ်းကြောင်းတူသူများ မည်သူမဆို လက်တွဲနိုင်ကြောင်း ကမ်းလှမ်း ကြိုဆိုအပ်ပါသည်။

မြန်မာပြည် ငြိမ်းချမ်းသာယာရေး ဦးထိပ်ပန်ဆင်လျှက်-
စည်းရုံးလှုံ့ဆော်သူများ-
"Burmese Community - DC Metro Area"

-----------------------------------------------------

ဓါတ်ပုံများကို google search မှ ရယူပါသည်။

မြန်မာ့ နိုင်ငံရေး အခြေအနေနှင့်ယှဉ်တွဲ လေ့လာသုံးသပ်နိုင်ရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။
ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန်ဆောင်းပါးများကို
editor.hittai@gmail.com သို့ ရေးသားပေးပို့ လာပါက ပြန်လည်ဖော်ပြပေးပါမည်။


စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံများ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။
ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။


(ဟစ်တိုင်မှ ဆောင်းပါးများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် ရင်းမြစ်နေရာတွင် ဟစ်တိုင်နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

"ထင်ပေါ်လျှင်- စင်တော်က ကောက်မည်။"

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်-
အမှန်တရား ဘက်တော်သား-
ဟစ်တိုင် ၀ိုင်းတော်သားများ။
editor.hittai@gmail.com
www.hittai.net
www.hittai.org
www.hittaing.org
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ

No comments: