စစ်ထောက်လှန်းရေးဟောင်းများပြန်လွတ်

 သျှမ်းသံတော်ဆင့်

မန္တလေးနှင့်လားရှိုးအကျဉ်းထောင်များတွင် လာဘ်စား မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော ယခင် ဗိုလ်ချုပ်ခင်ညွှန့် ဦးဆောင် သည့်စစ်ထောက်လှမ်းရေးအဖွဲ့ဝင်ဟောင်း များကိုလွန်ခဲ့သည့်လကုန်ပိုင်း က ထောင်များမှ ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းစစ် ထောက်လှမ်းရေးနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

ယခင် လားရိူးမြို့ အခြေစိုက် အမှတ် စစ်ထောက်လှမ်းရေးတပ်ဖွဲ့မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်တင်စိန် ဒုတပ် ရင်းမှူး မင်းစံကြည် အမှတ် တပ်ဖွဲ့မှ ရင်းမှူး ဒုဗိုလ်မှူးကြီး ထိုက်ရွေမောင် ကွတ်ခိုင်တပ်ဖွဲ့မှူး ဆန်းနိုင်ထွန်းတို့ ဦးသည် မန္တလေးထောင်မှ လွတ်လာပြီး သိန္ဒီတပ်ဆွယ်မှူး တပ်ကြပ်ကြီး စိုင်းအောင်မြင့် တန့်ယန်းဆွယ်မှူး တပ်ကြပ် ကြီး ဝင်းနိုင်နှင့် လားရှိုး ဆွယ်မှူး တပ်ကြပ်ကြီး ခင်မောင်ကြီးတို့ ဦးသည် လားရှိုးထောင် မှ လွှတ်လာကြောင်း သိရသည်။

၂၀၀၄ ခုနှစ်အတွင်း စစ်ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းခံရစဉ်က ၎င်းတို့အား  လာဘ်စားမှုဖြင့် ထောင်ဒဏ် နှစ်စီချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခုထောင်ထွက်လာချိန်တွင် အနီးကပ်စောင့်ကြည့်ခံနေရကြောင်း အဆိုပါနီးစပ်သူက ဆိုသည်။

No comments: