နိုင်ငံရေးအကျဉ်းသား အသည်းကင်ဆာဖြစ်
2011-09-03
အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် အနှစ် ၂ဝ ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇော်လင်းထွန်း ကို ထောင်ဆေးရုံကနေ မနေ့က အင်းစိန်ဆေးရုံကြီးကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။ကိုဇော်လင်းထွန်းဟာ အသည်း ဘီပိုး၊ တီဘီ၊ ကျောက်ကပ် စတဲ့ ရောဂါတွေ ခံစားနေရတဲ့အတွက် ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ထောင်ဆေးရုံ တင်ခဲ့ရပါတယ်။ အဲဒီနောက် အင်းစိန်ဆေးရုံကြီးမှာ ပြောင်းရွှေ့ ဆေးကုသခွင့် ရရှိခဲ့တာပါ။
အခုအခါ အသည်းကင်ဆာ ဖြစ်နေတယ်လို့ ဆေးရုံက ပြောတဲ့အတွက် ဘယ်လို ကုသမှုတွေ ဆက်လက် လုပ်နိုင်မယ်ဆိုတာကို လာမယ့် တနင်္လာနေ့ ဆရာဝန်ကြီးတွေနဲ့ တွေ့မှပဲ သိရမှာဖြစ်ကြောင်း၊ လောလောဆယ် တီဘီရောဂါအတွက် ပေးထားတဲ့ ဆေးတွေကိုတော့ ရပ်နားထားလိုက်ကြောင်း ကိုသူရိန်က ပြောပါတယ်။
ကိုဇော်လင်းထွန်းဟာ၂ဝဝ၃ ခုနှစ်က “အမျိုးသားညီလာခံအား နှောက်ယှက်သူများမှ ကာကွယ်သည့်ဥပဒေ” နဲ့ ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။
No comments:
Post a Comment