အစိုးရ ကမ်းလှမ်းချက်တွေ မရိုးသားဘူးလို့ ဗကပ ဝေဖန်
မြန်မာနိုင်ငံရဲ့ မျက်မှောက် နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ ဗမာပြည် ကွန်မြူနစ် ပါတီ ပြောရေး ဆိုခွင့် ရှိသူ က စနေနေ့က ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ပြီး ဝေဖန် ပြောဆိုလိုက်ပါတယ်။
မျက်မှောက်နိုင်ငံရေးကို သမ္မတ ဦးသိန်းစိန် ထက် အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ စစ်အုပ်စုက နောက်ကွယ်ကနေ ကြိုးကိုင်နေပြီး စစ်အုပ်စုအနေနဲ့ နှစ်၅၀ကျော် ကြာ စုဆောင်း ရထားတဲ့ စည်းစိမ် ဥစ္စာတွေကို လွယ်လွယ်နဲ့ စွန့်လွှတ်ပေးမဲ့ပုံ မရှိဘူးလို့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဝေဖန် ဖေါ်ပြထား ပါတယ်။နိုင်ငံရေး၊ စီးပွားရေး အကြပ်အတည်းတွေ မြန်မာနိုင်ငံကို ကူးစက်လာလို့ ဖြေရှင်းရာမှာ တကယ်တမ်း အကျပ်တွေ့လာရင် အကြမ်းဖက် ဖြေရှင်းမဲ့ အခြေအနေမျိုး ရှိနေပြီး လက်ရှိ အစိုးရဟာ ပွင့်လင်း မြင်သာပြီး တာဝန်ခံတဲ့ အစိုးရမျိုး ဖြစ်လာမလား ဆိုတာကို မေးခွန်း ထုတ်ထားပါတယ်။
ပြည်ပက မြန်မာတွေ မြန်မာပြည်ထဲ ပြန်လာကြဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ကမ်းလှမ်းချက် ဟာလည်း ရိုးသားမှု မရှိပဲ ၂၀၀၈ အခြေခံ ဥပဒေဘောင်ထဲ တဖြည်းဖြည်း ဆွဲခေါ်နေတာလို့ ယူဆလို့ ရကြောင်း ဗမာပြည် ကွန်မြူနစ် ပါတီ ပြောရေး ဆိုခွင့် ရှိသူ ရဲဘော် ဖိုးသံချောင်းက ဘီဘီစီကို ပြောပါတယ်။
နိုင်ငံရေးအရ ချိုးနှိမ်တာမျိုး၊ လက်နက်ချခိုင်းတဲ့ သဘောမျိုး မဟုတ်ပဲ မိမိရဲ့ နိုင်ငံရေး အယူဝါဒကို စွဲကိုင်ခွင့်ပြုမှသာ မြန်မာပြည်ထဲ ပြန်လာသင့်တယ်လို့လည်း သူက ပြောသွား ပါတယ်။
No comments:
Post a Comment