ကဲ စောင့်ကြည့်ကြစို့ 

လယ်သမား ၂၀၀ကျော်ချီတက် ဆန္ဒပြ

ဧရာသတီတိုင်း ဒေသကြီး ပုသိမ် မြို့နယ် ငွေဆောင်မြို့နယ်ခွဲ သဇင်ကျေးရွာအုပ်စု ဖုန်းမောင်ကြိုင်ရွာတွေက နေ ယုဇန ကုမ္ပဏီ အပါအဝင်တခြား ကုမ္ပဏီတွေက ဥယျာဉ်ခြံ မြေဧက ၂၀ဝ၀ထောင်ကျော် အဓမ္မသိမ်းယူ ခဲ့တဲ့အတွက် လယ်မြေ ပြန်ရဖို့ လယ်သမား(၂၀ဝ)နည်းပါက တိုင်းဒေသ ဝန်ကြီးရုံးရှေ့ ပုသိမ်မြို့ မှာ ငြိမ်းချမ်းစွာတောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဘိုးဘွား လက်ထက်ထဲက မြေရိုင်းတွေကိုရှင်းလင်းစိုက်ပျိုးစားသောက်ခဲ့ရာက ကုမ္ပဏီနဲ့စစ်တပ်က အဓမ္မ ခြိမ်း ခြောက်သိမ်းယူခဲ့တာဖြစ်သလို သီးပင်စားပင်အပါအဝင် တဲအိမ်နဲ့ နွားစား ကျက်မြေပါမကျန် ပြောဆို ဆွေနွေးခြင်းမရှိဘဲ သိမ်းယူသွားခဲ့တဲ့အတွက် ဝန်ကြီးရုံးရှေ့မှာငြိမ်း ချမ်းစွာဒီကနေ့တောင်း ဆိုတာဖြစ်ပါတယ်။
ဝန်ကြီးဦးသိန်းအောင် ခရီးသွားနေတဲ့အတွက် တိုင်းအုပ်ချုပ်ရေမှုး ဦးအေးကျော်က လယ်ယာမြေပိုင်ရှင် အားလုံး ကိုယ်စား ကိုယ်စားလှယ်(၄)ဦးကိုခေါ်ယူတွေ့ဆုံခဲ့ပြီး အမြန်ဆုံး ဆောင်ရွက်ပေးမယ်လို့ ပြောဆိုတဲ့အ ကြောင်း အုပ် ချုပ်ရေးမှူးနဲ့ ပြော ဆိုခွင့်ရခဲ့တဲ့ လယ်ယာ မြေပိုင်ရှင် ဦးချစ်အောင်ကဘီဘီစီကို ပြောပြပါတယ်။
လယ်မြေတွေကိုတော့ ၂၀ဝ၀ခုနှစ်နဲ့ ၂၀ဝ၁ခုနှစ်တွေက စသိမ်းယူပြီး အသိမ်း ခံရတဲ့နေရာတွေကတော့ ငွေဆောင်မြို့နယ်ခွဲ သဇင်မော် ဗောဓိကုန်းစတဲ့
ရွာတွေ ဖြစ်ကြပါတယ်။ အခုလယ်မြေတွေ ပေါ်မှာ ကုမ္ပဏီတွေက ပုဇွန်ကန် ငါးမွေးမြူရေး ကန်တွေ ရုံးအဆောက်အအုံတွေဆောက်ထားကြပါတယ်။
အဲဒီလို သိမ်းပိုက်တဲ့ အတွက် အချို့တွေကို မဖြစ်စလောက် လျော်ကြေးပေးပြီး အချို့တွေကိုတော့ ငွေလုံးဝ မရတဲ့အပြင် ခြိမ်းခြောက်ခံရလို့ မကြေနပ်တဲ့အတွက် အခုလိုတောင်းဆို ဆန္ဒပြ ကြတာဖြစ်ပါတယ်။

No comments: