မိသားစုနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်း

သျှမ်းသံတော်ဆင့်မှ ဦးစိန်ကြည် ကွယ်လွန်
ဦးစိန်ကြည် (ဓါတ်ပုံ သျှမ်းသံတော်ဆင့်)

ပြည်ပ အခြေစိုက် တိုင်းရင်းသား သတင်းဌာန တခု ဖြစ်တဲ့ သျှမ်းသံတော်ဆင့် သတင်းစဉ်ရဲ့ လက်ထောက် အယ်ဒီတာလည်းဖြစ်၊ ရှမ်းလူထုကြားမှာ အဆိုတော် ဆခဟ အဖြစ်လည်း လူသိများတဲ့ ဦးစိန်ကြည် ခေါ် စိုင်းဆိုင်ဇင့်ဟာ ဒီကနေ့ မနက် ၉နာရီ ကျော်မှာ အသဲကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကွယ်လွန်သွားပါပြီ။
သူဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ စာပေဘက်မှာ အလွန် ဝါသနာထုံခဲ့သူ တဦးဖြစ်ပြီး၁၉၇၃ ခုနှစ်မှာ စိုင်းဆိုင်မောဝ်နဲ့တွဲပြီး ပင်လုံစာချုပ် သီချင်းခွေ ထုတ်ခဲ့ပါတယ်။
၁၉၇၄ ခုနှစ်မှာတော့ သျှမ်းပြည်တပ်မတော် SSA ထဲ ဝင်ရောက်ပြီး သတင်းနဲ့ ပြန်ကြားရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၉၁ခုနှစ်မှာ လွတ်လပ်သော သျှမ်းသံတော်ဆင့် သတင်းဌာန ကို ပြန်လည် ဖွဲ့စည်း ထူထောင်ပြီး ကွယ်လွန်ချိန်ထိ လက်ထောက်အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
သူနဲ့ အတူ လက်တွဲ ဆောင်ရွက်ခဲ့တဲ့ သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးခွန်ဆိုင်းက ဦးစိန်ကြည်ဟာ ပေါင်းသင်း ဆက်ဆံရေး အလွန်ကောင်းပြီး ဘယ်သတင်း မျိုးမဆို သူ့ကိုပြောပြမယ့်သူ များကြောင်း စာစောင်မှာ ၄၀ ရာခိုင်နှုန်းလောက် တာဝန်ယူထားလို့ အလွန်အားကိုးရသူ အလွန် အလုပ်လုပ်သူ ဖြစ်ကြောင်း ဘီဘီစီကို ပြောပြပါတယ်။
ဦးစိန်ကြည်ဟာ ကွယ်လွန်ချိန်မှာ အသက် ၅၈ နှစ်ရှိပြီ ဖြစ်ပြီး ဇနီးဖြစ်သူနဲ့ သားသမီး ၃ဦး ကျန်ရစ်ခဲ့ပါတယ်။

No comments: