Published on September 14, 2011 by နေသွင်
မြန်မာအစိုး ရနဲ့ နိုင်ငံခြားကုမ္ပဏီတွေ စာချုပ်ချုပ်လုပ်ကိုင်နေတဲ့ ရေကာတာ  စီမံကိန်းတွေဆီက မြန်မာလူထု အကျိုးမရှိသလောက်ဘဲလို့ တရုတ်၊  ထိုင်း၊ ဂျပန်နှင့် အိန္ဒိယ ကုမ္ပဏီတွေနဲ့ စာချုပ်တွေအရ စီမံကိန်းကနေ  လျှပ်စစ်ဓာတ်အား အများဆုံး ၂၅ရာခိုင်နှုန်းသာ မြန်မာပြည်က  ရမှာဖြစ်ပြီး ကျန်တဲ့ဓာတ်အားကို ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့  နိုင်ငံခြားကို ရောင်းစားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၀၈  အောက်တိုဘာလ ၂၀ နေ့စွဲနဲ့ ဝီကီလိခ်ကတဆင့် ပေါက်ကြားတဲ့  ကြေးနန်းစာထဲမှာ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းမြစ်ကြီးတွေပေါ်မှာ  ၂၀၀၈ ခုနှစ်တုန်းက ပြည်တွင်းပြည်ပကုမ္ပဏီတွေနဲ့  ရေအားလျှပ်စစ်စက်ရုံပေါင်း ၁၉ခု ဆောက်လုပ်နေပြီး နေ့စဉ် မဂ္ဂါဝပ်  ၃၀ မှ ၇၀၀၀ အထိ ထုတ်လုပ်မယ့် ရေကာတွေလို့ ဆိုပါတယ်။
နောက်ထပ် စီမံကိန်းပေါင်း ၂၀ ကိုလည်း နိုင်ငံခြားကုမ္ပဏီတွေနဲ့ နားလည်မှု စာချုပ်ချုပ်ထားတယ်လို့ ဆိုပါတယ်။
လာမယ့် နှစ်  ၂၀ အတွင်းမှာ ရေကာပေါင်း ၂၅၀ ခန့်ဆောက်ဖို့ အစိုးရက  မျှော်မှန်းထားပြီး နေ့စဉ် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်ပေါင်း ၄  သောင်းလောက် ထုတ်လုပ်ဖို့ လျာထားတယ်လို့ ကြေးနန်းစာထဲမှာ  ဖော်ပြထားပါတယ်။
၂၀၀၈  ခုနှစ်တုန်းက မြန်မာတနိုင်ငံလုံး လိုအပ်ချက်က မဂ္ဂါဝပ် ၁၅၀၀၀ ရှိပေမယ့်  နေ့စဉ် ၆၂၀၀ မဂ္ဂါဝပ်ပဲ ပေးနိုင်တယ်လို့ အမှတ် ၁  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ အချက်အလက်တွေကိုလည်း  ဖော်ပြထားပါတယ်။
ဓာတ်အားမလုံ လောက်တဲ့ အတွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး တို့မှာတော့ တရက် ၆  နာရီကနေ ၈ နာရီအထိပဲရ မီးရရှိကြပေမယ့် နေပြည်တော်ကိုတော့ ၂၄  နာရီမီးရအောင် အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနက စီစဉ်ပေးထားတယ်လို့လည်း  ဖော်ပြထားပါတယ်။
မြန်မာပြည်မှာ  လျှပ်စစ်ဓာတ်အားပေးစက်ရုံပေါင်း ရေအားလျှပ်စစ်စက်ရုံ ၉ ရုံ၊  ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ ၈ ရုံ၊ ရေနွေးငွေစက်ရုံ ၆ ရုံနဲ့  ဓာတ်အားခွဲစက်ရုံ ၅၂ ရုံ ရှိနေပေမယ့် အများစု ဆင်းရဲသားတွေကတော့  ဖယောင်းတိုင်နဲ့ ဘက်ထရီကိုပဲ အားကိုးနေရတယ်လို့ ဖော်ပြထားပါတယ်။ 
No comments:
Post a Comment