မြန်မာ့နိုင်ငံရေးအကျဉ်းသားသမဂ္ဂ၏ သဘောထားထုတ်ပြန်ကြေငြာချက်

                                မြန်မာနိင်ငံတွင်းဖြစ်ပွားနေသောမငြိမ်သက်မှုများ
အပေါ်မြန်မာ့နိုင်ငံရေးအကျဉ်းသားသမဂ္ဂ၏
သဘောထားထုတ်ပြန်ကြေငြာချက် 
                                    ကြေငြာချက်အမှတ်၃/၂၀၁၂
                       ပြီးခဲ့ သောမေလ၂၈ရက်နေ့ကရခိုင်ပြည်နယ်တွင်ရခိုင်အမျိုးသမီးငယ်
မသီတာထွေးအားလူသုံးဦးမှအလိုမတူအနိင်အထက်ပြုကျင့် ပြီးရက်စက်
စွာသတ်ဖြတ်ခဲ့သည်။

                      ထိုအမှုဖြစ်ပွားသည်မှအစပြုလျှက်ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးအချို့
သည်မခံမရပ်နိင်အောင်ဖြစ်ပြီးတရားခံအစစ်အမှန်ချက်ခြင်းဖေါ်ထုတ်ပေး
ရန်သက်ဆိုင်ရာအာဏာပိုင်များထံချက်ခြင်းအကြောင်းကြားတောင်းဆိုခဲ့ ကြသည်မည်သည့်အကြမ်းဖက်မှုမျိုးမှပေါ်ပေါက်ခြင်းမရှိခဲ့ပါ၊သို့ ရာတွင်
ထိုအမှုအခင်း၏ကွင်းဆက်ပြဿနာဟုယူဆရသောရခိုင်ပြည်နယ်တောင်
ကုတ်မြို့ နယ်တွင်မူဆလင်ဘာသာရေးတက်ကြွသူရှစ်ဦးနှင့် အခြား
မူဆလင်နှစ်ဦးတို့အားရက်စက်စွာဝိုင်းဝန်းသတ်ဖြတ်မှုကြီးပေါ်ပေါက်
လာခဲ့ သည်။
            ထိုသတ်ဖြတ်မှုကြီးအပေါ်မူတည်လျှက်ရန်ကုန်မြို့ အပါအ၀င်မြို့ ကြီးများ
တွင်ဘာသာအယူကွဲပြားသူအချင်းချင်းအကြားနှင့် ပြည်သူနှင့်တည်ဆဲ
အစိုးရတို့အတွင်းမပြေလည်မှုများရန်လိုမင်းထက်ပြုလိုမှုများပေါ်ပေါက်
လျှက်ရှိသည်ကိုစိတ်မချမ်းမြေ့ ဘွယ်အထူးစိုးရိမ်ဘွယ်မငြိမ်သက်မှုများ
အဖြစ်ကြုံတွေ့ လျှက်ရှိကြပါသည်၊မည်သည့်ဘာသာတရားကိုကိုးကွယ်
ကြသည်ဖြစ်စေပြည်ထောင်စုမြန်မာနိင်ငံဘွားလူများစုကြီးမှာငြိမ်းချမ်းရေး တရားမျှတရေးအချင်းချင်းချစ်ကြည်ရေးကိုသာအစဉ်ရှေ့ ရှုလျှက်အေးအတူပူ
အမျှလက်တွဲနေထိုင်ခဲ့ ကြသည်မှာထောင်
စုနှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။
             လက်ရှိတိုင်းပြည်၏အခြေအနေမှာအဖက်ဖက်မှစိတ်ချရသောအခြေအနေမ
ရှိသေးသည်ကိုတွေ့ရှိနေကြ
မည်ဖြစ်ပါသည် ဒီမိုကရေစီနိင်ငံသစ်သို့ ငြိမ်းချမ်းစွာကူးပြောင်းနေသည်ဟု အစိုးရကရောနိင်ငံရေးပါတီအသီးသီးနှင့်
လူမှုအဖွဲ့ အစည်းအသီးသီးမှဇောင်းပေးဖေါ်ပြပြောဆိုနေကြပါသော်လည်းပြည်
သူလူထုထံသို့မူ မည်သည့်ထင်ရှား
သောတိုးတက်သည့် ပြောင်းလဲချက်တစုံတရာရောက်ရှိလာခြင်းမရှိသေးပါ
 ပြည်သူလူထုအပေါင်းမှာဆင်းရဲတွင်းနက်
ဆဲ အဂတိလိုက်စားခံရဆဲ တရားမျှတမှုကင်းဝေးနေဆဲဖြစ်ပါသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှအပ ရှမ်းပြည်
နယ် ကချင်ပြည်နယ်တွင်လက်နက်ကိုင်တိုက်ပွဲများရှိနေဆဲဖြစ်ပါသည်။
      တဖက်တွင်လည်းအလုပ်သမားများ၏အခြေခံရပိုင်ခွင့်တောင်းဆိုမှုများလည်းစဉ်
ဆက်မပြတ်ဖြစ်ပေါ်လျှက်ရှိနေ
ပါသည်ယခုလိုအခြေအနေမျိုးတွင်အလွန်စိတ်မချမ်းမြေ့ ဘွယ်ရာရခိုင်ပြည်နယ်
အရေးအခင်းများပေါ်ပေါက်လာရပါ
၏ သက်ဆိုင်ရာဘာသာအသီးသီးမှ လူအချို့ ကလည်းနာကျည်းမှုများ မကျေနပ်မှုများကိုထုတ်ဖေါ်လျှက်ရန်ဘက်အသွင်ဆောင်သောပြောဆို
မှုများရေးသားမှုများတုံ့ ပြန်မှုများကိုလုပ်ဆောင်လျက်ရှိသည်ကိုစိုးရိမ်
ပူပန်ဘွယ်စိတ်မချမ်းမြေ့ဘွယ် တွေ့ ကြံနေရပါသည်။
               ယခုဖြစ်ပေါ်နေသောပြသနာသည်ဗူးလေးရာဖရုံဆင့်ဆိုသကဲ့ သို့ ဆင်းရဲ
တွင်းနက်နေသောပြည်သူများအတွက်ပိုမိုဆိုးဝါးသောအခြေအနေသို့ 
အချိန်မရွေးကူးပြောင်းသွားနိင်သောအခြေအနေဆိုးတရပ်ဖြစ်သည်
ဟုမြန်မာနိင်ငံရေးအကျဉ်းသားသမဂ္ဂမှရှုမြင်ပါသည်၊မည်သို့ သော
အကြောင်းကြောင့်ဖြစ်စေယခုအခါတွင်လူမျိုးရေးပြဿနာ ဘာသာရေးအဓိကရုဏ်းတို့ ဖြစ်ပေါ်လာရန်လုံးဝမသင့်လျှော်သောာ
အခြေအနေဖြစ်သည်ဟုလည်းရှုမြင်သုံးသပ်ပါသည်၊မြန်မာတို့ တန်ဘိုး
ထားစွာယုံကြည်လက်ခံကျင့်သုံးခဲ့ကြသောရန်လိုလို့ ရန်မပြိုရန်မလိုမှ
ရန်ပြိုသည်ဟူသောခံယူချက်အတိုင်းစိတ်သဘောထားကြီးစွာထား
လျက်နှစ်ဦးနှစ်ဖက်ပြေလည်အောင်ဖြေရှင်းကြမှသာလျှင်ရန်မီးငြိမ်းလိမ့် 
မည်ဟုသုံးသပ်ရှုမြင်ပါသည်။
           သို့ ဖြစ်ပါသောကြောင့် မြန်မာနိင်ငံတည်ဆဲအစိုးရအပါအ၀င် နိင်ငံရေးခေါင်းဆောင်များနိင်ငံရေးပါတီများရှစ်ဆယ့်ရှစ်ကျောင်း
သားခေါင်းဆောင်များရပ်မိရပ်ဖများနှင့် ကိုးကွယ်ရာဘာသာအသီးသီး
မှဆရာတော်အရှင်သူမြတ်များ မူဆလင်ဆရာကြီးများ ခရစ်ယာန်သင်းအုပ်/သင်းချုပ်အမှုတော်ဆောင်များ ဟိန္ဒူဘာသာရေး
ခေါင်းဆေါင်ကြီးများစုစည်းလျှက် ဘာသာသာသနာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေးကော်မတီတရပ်အလျှင်အမြန်
ဖွဲ့ စည်းလျှက် ဖြစ်ပွားနေသောပြဿနာရန်ခိုက်သတ်ဖြတ်မှုများကိုအမြန်
ဆုံးထိန်းသိမ်းကာကွယ်ပေးကြပါရန် မြန်မာ့နိင်ငံရေးအကျဉ်းသားသမဂ္ဂမှ အလေးအနက်တိုက်တွန်းလျှက် ယခုသဘောထားထုတ်ပြန်ကြေငြာချက်ကို
ထုတ်ပြန်အပ်ပါသည်။



  လေးစားစွာဖြင့် 
                                                                                      ဗတိုအလုပ်အမှုဆောင်ကော်မတီ

           ဆက်သွယ်ရန်
ဦးဇော်ငြိမ်းလတ်(ဥက္ကဋ္ဌ)0805079745-မဲဆောက်
ဦးဇော်ဝင်း(ဒု-ဥက္ကဋ္ဌ)47+99402149-နော်ဝေး





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: