(ဗကသ) ဥက္ကဌ ကျော်ကိုကို
တာဝန်ရှိသူတွေက ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဗကသများ အဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို၊ ကိုအောင်ကျော် ၊ ကိုမင်းသွေးသစ် ၊ မဖြိုးဖြိုးအောင်နဲ့ ကျောင်းသား
သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ (ကသဖ) မှ ဒုဥက္ကဌ ကိုစည်သူမောင် တို့အပါအဝင် ကျောင်းသား ၈ ဦးကို ရန်ကုန်မြို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှာပဲ ခေါ်ယူပြီး
သတိပေး ပြောဆို ခဲ့ပါတယ်။ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း မပြုရသေးပဲ စည်းရုံး လှုံ့ဆော်တာတွေ ရှိနေတာကြောင့် အခုလို ခေါ်ယူ သတိပေး ခဲ့တာလို့ သိရပါတယ်။
(ဗကသ) များ အဖွဲ့ချုပ် အနေနဲ့ကတော့ အရင်က မှတ်ပုံတင်ခဲ့တဲ့ အစဉ်အလာ မရှိခဲ့တာကြောင့် အခုလည်း မှတ်ပုံမတင်ပဲ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း အဖြစ်
ရပ်တည်ချင်တယ် ဆိုတာကို ဗကသ ဥက္ကဌ ကိုကျော်ကိုကိုက တာဝန်ရှိသူတွေကို ပြောဆို ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြေရှာနိုင်ဖို့ အတွက် (ဗကသ) များ
အဖွဲ့ချုပ် အနေနဲ့ ကျောင်းသားထု ညီလာခံ ခေါ်ယူနိုင်အောင် စီစဉ်သွားမယ်လို့လည်း သိရပါတယ်။
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment