မြေသိမ်းခံ လှိုင်သာယာ လယ်သမားများ အတွက် အိုးအိမ်ရုံးရှေ့ ဆန္ဒပြ

Sunday, Jun 3, 2012

လှိုင်သာယာ လယ်သိမ်းခံလယ်သမားများအရေး အိုးအိမ်ဦးစီးဌာနရုံးရှေ့မှ ဆန္ဒထုတ်ဖော်နေစဉ်
လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ တဦးဖြစ်တဲ့ ဦးဝင်းချို ဦးဆောင်ပြီး ဇွန်လ ၁ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာ ရှိတဲ့ အိုးအိမ်ဦးစီးဌာနရုံးရှေ့မှာ ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။ လှိုင်သာယာမြို့နယ် အနော်ရထာ စက်မှုဇုန်မြေနေရာအတွက် အတွင်းပဒံ၊ အပြင်ပဒံ ကျေးရွာတွေက လယ်သမား ၆၁ ဦးရဲ့ လယ်မြေဧက ၆၀၀ ကျော်ကို ၁၉၉၈ ခုနှစ်ကတည်းက သိမ်းယူခဲ့တာ ဖြစ်တဲ့အတွက် အခု အဲ့ဒီလယ်မြေနေရာတွေကို ပြန်လည်ပိုင်ဆိုင်ခွင့်ရဖို့ တောင်းဆိုမှု ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။
ပထမအကြိမ်တုန်းကလဲ မေလ ၁၅ ရက်နေ့ကတည်းက တောင်းဆိုမှု ပြုလုပ်ခဲ့တာဖြစ်ပြီး တစုံတရာ အကြောင်းပြန်ကြားမှု မရှိတဲ့အတွက် အခု ထပ်မံပြီး မေလအကုန်မှာ ဆန္ဒပြ တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဥပဒေဘောင်အတွင်းကနေ ငါးယောက်အထက် ပိုမစုဘဲ တောင်းဆိုနေတာဖြစ်ပြီး တကယ်လို့ အကြောင်းပြန်ကြားမှု မရှိဘူးဆိုရင်တော့ ရုံးဖွင့်ရက်တိုင်း မနက် ၉း၃၀ ကနေ ညနေ ၄း၃၀ အထိ ဆက်လက်တောင်းဆိုမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့လဲ သိရှိရပါတယ်။

Burma VJ


ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: