ဝမ်းတထွာရေးအတွက် ပျော်သည်ဖြစ်ဖြစ်
မပျော်သည်ဖြစ်ဖြစ် အလုပ်လုပ်နေကြရတဲ့
မွန်းကြပ်နေတဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝ
သူတို့တတွေဟာ မျှော်လင့်မထားကြပဲ
အမေ့ရဲ့မျက်နှာ အမေ့ရဲ့အသံ
အမေကိုယ်တိုင်လာရောက်အားပေးစကား လာပြောတော့
ဟော....ဟိုမှာကြည့်စမ်း သူတို့တတွေ
ဝမ်းသာအားရ
လက်ဆွဲနှုတ်ဆက် ပြုံးပျော်နေလိုက်ကြတာ....ဗျာ။
ဒါဟာ....အမေလိုချစ်ခင်ပြီး အမေတစ်ယောက်လိုအားကိုးတဲ့
သူတို့တတွေရဲ့ ခပ်ရိုးရိုးစိတ်ထားကို
ကျနော်....ခပ်အေးအေးလေးပဲတွေြး ကည့်လိုက်တယ်
သြော်....ဒီ- သားအမိတွေ လိုက်ဖက်လည်းညီပါပေ့။
အလွှာအသီးသီးရဲ့အပေါ် ထားရှိတဲ့
သူမရဲ့စိတ်ထား သူမရဲ့ ချစ်ခြင်းမေတ္တာတရားကြီးမားပုံကေ တာ့
အဖေတူလို့
ပြောလောက်ပါပေ့။
ယုံတယ်....ပြည်သူနဲ့တသားတည်းရှိ တဲ့ စိတ်ဓါတ်
သူမဆီမှာရှိတယ်ဆိုတာ....ယုံတယ်။
ပြည်ပခရီးစဉ်အစ မဟာချိုင်ဆီကကြားရတဲ့
ရွေ့ပြောင်းအလုပ်သမားတွေနဲ့ သူမ၏ အသံ
ဖောရမ်အစည်းဝေးက
ပွင့်လင်းမြင်သာတဲ့ သူမရဲ့ မိန့်ခွန်းများ၊
အကြောင်းအမျိုးမျိုးကြောင့် မတွေ့လိုက်ကြပေမယ့်
စစ်ဘေးဒုက္ခသည်တွေနဲ့ သူမ၏
သဘောထား
ဟော....အားလုံးကသိသွားကြပြီး၊
ဒါဟာ သူမရဲ့စွမ်းပကား ကမ္ဘာကိုလွှမ်းလိုက်တာပဲ။
ကမ္ဘာခေါင်းဆောင်တွေ လေးစား
မြန်မာ့တိုင်းရင်းသားခေါင်းဆော င်အများလည်း လေးစားပြီ
ပြည်သူအများ ချစ်ခင်လေးစားရတဲ့
သူမရဲ့ ကြိုးစားမှုအထ္တုပတ္တိ သမိုင်းတခုကအသိမှတ်ပြုနေပြီ။
( ကိုဗလိုင် )
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment