အလုပ်သမားဝန်ကြီးဌာန အသိအမှတ်ပြု သဘောတူစာချုပ်ကို အလုပ်ရှင် ဘက်မှ ဖျက်သိမ်းထား

  04 Jun 2012  |By ENVOY
အခြေခံ လုပ်ခ လစာ အပါအဝင်၊ အခြား အလုပ်သမား အခွင့် အရေးများကို အလုပ်သမားများ ဘက်မှ တောင်းဆိုသည့် ဆန္ဒပြပွဲများ ပြုလုပ် ပြီးနောက် အလုပ်ရှင်နှင့် အလုပ် သမားကြား သဘောတူ စာချုပ်ချုပ် ဆိုနိုင်ခဲ့သော်လည်း အလုပ်ရှင်ဘက်မှ ယင်းစာချုပ်ကို တရားမဝင်ဟုဆိုကာ တစ်ဖက်သတ် ဖျက်သိမ်းသွားခဲ့ ကြောင်း စာချုပ် ဖျက်သိမ်း ခံရသည့် အလုပ်သမားများထံမှ စုံစမ်းသိရ သည်။

“မြန်မာမန်နေဂျာက မပေးတာ မဟုတ်ဘူး၊ ကိုရီးယားလုပ်ငန်းရှင်က မပေးတာ”ဟု စာချုပ်ပါ အခြေခံလစာ ကိုမပေးနိုင်ဟု စက်ရုံဘက်မှ အကြောင်းပြခြင်းနှင့် ပတ်သက်ပြီး အ လုပ်သမား အရေးဆောင်ရွက်သူ ဟိုင် မိုဆံပင်တုစက်ရုံမှ မသီတာထွန်း(၂၂ နှစ်)ကပြောသည်။
“ဒီစာချုပ်ကြီး တစ်ခုလုံးက ဟောဒီ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ဂျာနယ်လစ် တွေလည်း သိတယ်။ အဲဒီ ဟာကိုတောင်မှ သူတို့ကတရားမဝင် ဘူးတဲ့။ ဒါပေမယ့် ဟောဒီ ၃ သောင်း ကို စာချုပ်ထဲမှာ ဖော်ပြထားတဲ့ အတိုင်း မရရင်ရတဲ့နေရာထိ ဆက် တက်မယ်။ အလုပ်သမားဝန်ကြီး ဌာနက လူကိုယ်တိုင် လက်မှတ်ထိုး တာတာလေ”ဟု အလုပ်သမားအရေး ဆောင်ရွက်သူ မယမင်းလွင်က အ လုပ်ရှင်နှင့်အလုပ်သမား သဘောတူစာချုပ်နှင့်ပတ်သက်ပြီး ပြောကြား သည်။ အလုပ်သမားများကို စက်ရုံ ဘက်မှ ပေးနိုင်သောအခြေခံလစာ မှာ ကျပ် ၁၆၀ဝ၀ သာဖြစ်ပြီး၊ တောင်းဆိုထားသည့် အခြေခံလစာ ၃ သောင်းမရမချင်း ဆက်လက် တောင်းဆိုသွားမည်သာဖြစ်ကြောင်း အလုပ်သမား အရေးဆောင်ရွက်သူ မယမင်းလွင်ကပြောသည်။
အခြေခံလစာတိုးမြှင့်ရန် အလုပ် သမားများဘက်မှ တောင်းဆိုမှု နှင့်ပတ်သက်ပြီး လစာတောင်းဆိုဆန္ဒ ထုတ်ဖော်မှုကို အလုပ်သမားညွှန် ကြားမှုဦးစီးဌာနအနေဖြင့် အလုပ် သမားဥပဒေအရ ညှိနှိုင်းပေးနိုင်သော် လည်း “လစာတိုးပေးပါလို့တော့အလုပ်ရှင်ဘက်ကို ပြောပိုင်ခွင့်မရှိဘူး ပေါ့”ဟု မြို့နယ်အလုပ်သမားညွှန် ကြားမှုဦးစီးဌာနမှ အရာထမ်းတစ် ဦးကပြောသည်။
အစိုးရသစ်လက်ထက်ပြဌာန်း ခဲ့သော အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး အက်ဥပ ဒေတွင် အနည်းဆုံးလစာ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အချိန်ပိုခံစားခွင့် များနှင့်ပတ်သက်ပြီး ပြဌာန်းချက် များမပါရှိသေးပဲ ထပ်မံပြဌာန်းရန် လိုအပ်နေသည့် ဥပဒေများဖြစ် ကြောင်း ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
ထူးလွင်မျိုး (ရိုးရာလေးမှ)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: