လူသားတွေကို အမြဲခြိမ်းခြောက်နေတဲ့ ကိုလက်စထရော (ကျန်းမာရေး ဆောင်းပါး)



 ကိုလက်စထရော (Cholestrol) အလွန်မြင့်မားမှု၊ ကိုလက်စထရော များပြားမှု သည် ခန္ဓာကိုယ်တွင်း အစာချေ ဖျက်မှု သို့မဟုတ် ဓာတ်ပြောင်း လဲမှုဖြစ်စဉ် မူမမှန်ခြင်းဖြစ် ပါတယ်။ ၄င်းသည်လူကြီး ပိုင်း ၃ဝ ရာခိုင်နှုန်းလောက်ကို ဒုက္ခပေး ပါတယ်။  ခန္ဓာကိုယ် အစိတ် အပိုင်းများ မှ သွေးများကို နှလုံးအိမ်ဆီသို့ သယ် ဆောင်ပေးတဲ့ သွေးကြောကို ရောဂါဖြစ် စေတဲ့အဓိက အန္တရာယ်ပြုတဲ့ အကြောင်း ရင်းခံ တစ်ရပ်ဖြစ်ပါတယ်။

အဓိက အုပ်စုကြီး နှစ်ခုရှိပါတယ်။

ပထမအုပ်စု
ပထမ အမျိုးအစားက မျိုးရိုး စဉ်ဆက် ဆင်းသက်လာတဲ့  အသည်းက အစာ ချေဖျက်မှု ဖြစ်စဉ် အားနည်းမှု တစ်ခုဖြစ်ပါ တယ်။  ယင်းဖြစ်ရပ်သည်  ကလေး အရွယ်မှာ ကိုလက်စထရော အလွန်မြင့် မားမှုကိုဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် ဘဝ တစ်လျှောက်လုံး မျက်ခြည်မပြတ် ကုသမှု ပြုလုပ်ရန် လိုအပ်ပါတယ်။ 

ဒုတိယအုပ်စု
ဒုတိယ အမျိုးအစားက  လူကြီးပိုင်း    တွေမှာဖြစ် တတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်း အရင်းက ကျန်းမာရေးနဲ့ ညီ ညွတ်မှုမရှိတဲ့ နေထိုင် စားသောက်မှု ပုံစံ ကြောင့်ဖြစ် ပါတယ်။ အထူးသဖြင့် အစားအစာကို အလွန်အကျွံ စားသောက် ခြင်း သို့မဟုတ် မတည့်တဲ့ အစားအစာ မျိုးများကို စားသုံးခြင်း ကြောင့် ဖြစ်ပါ တယ်။ 

ကိုလက်စထရော သည် အဆီ ဓာတ်ပါသော ဓာတ်ပစ္စည်း တစ်ခုဖြစ်ပါတယ်။ တစ်နည်း အားဖြင့် အဆီ မော်လီကျူးများ ဖြစ်ပါတယ်။  ၄င်းဓာတ်သည် ကျွန်ုပ်တို့ Cells တွေထဲမှာ  မပါမဖြစ်ပါတဲ့ ဓာတ် တစ်ခုဖြစ်ပါတယ်။   ၄င်းဓာတ်သည် Cells များဖြင့် ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ် အမှေးပါး များထဲမှာ  ရှိပြီး သားဖြစ်ပြီး အစာချေဖျက်မှု  လမ်းကြောင်း ထဲမှာ အများကြီးပါ ဝင်ပါတယ်။ 

ကိုလက်စထရော လေးပုံမှာ သုံးပုံ က အသည်းမှ လာပြီး ကျန်တာ ကိုအစာ မှလာပါတယ်။  သွေးထဲမှာ ပါဝင်တဲ့  ကိုလက်စထရော သည် ခန္ဓာကိုယ်ထဲက Cells များအားလုံး ဆီကို ရောက်ဖို့ အဆီ ပါတဲ့ ပရိုတိန်း (Lipoproteins) အဖြစ် ပြောင်းလဲ လိုက်ပါတယ်။   အဓိကပရို တိန်း အမျိုးအစား တစ်ခုဖြစ်တဲ့ (LDL) အဆီ ပါဝင်မှု ရာနှုန်းနည်းတဲ့  ကိုလက် စထရောသည်   အသည်းမှ လာသည့်  အဆီဓာတ် များကို   ပို့ဆောင်ပါတယ်။  သို့သော် သွေးကြော နံရံမှာလည်း တစ် နည်းနည်းနဲ့ အဆီဓာတ် များပြားမှု ဖြစ်နိုင်ဖွယ် ရှိပါတယ်။ ယင်းဖြစ်စဉ်သည် ဗက်တီးရီးယား များပေါက်ပွား နိုင်တဲ့ ကိုလက်စထရော အညှိအနယ် အနှစ်များကိုဖြစ် ပေါ် စေနိုင်ပါတယ်။     (Atheroma  အညှိအနယ် အနှစ်လို့လည်း ခေါ်ပါတယ်)

၎င်းအနယ် အနှစ်များသည် ခန္ဓာကိုယ် အစိတ်အပိုင်း များဆီသို့ စီးဆင်းတဲ့သွေး များကို နှေးကွေးစွာ စီးဆင်းစေလျက် သွေးကြော တဖြည်းဖြည်း ကျဉ်းမြောင်း သွားနိုင်ပါတယ်။ အနယ်အနှစ် များသည် သွေးကြောကို အနာ လည်းဖြစ်စေ နိုင်ပြီး သွေးပျစ် ခဲမှုဖြစ်စဉ်ရဲ့ အစလည်း ဖြစ်ပါ တယ်။ သွေးပျစ်ခဲ လာပြီဆိုရင် သွေးစီး ဆင်းမှု ရုတ်တရက် ရပ်တန့် သွားစေနိုင်ပါ တယ်။ ဤနည်း အတိုင်းဘဲ Cells တွေ ဆီပို့ပေးရတဲ့ အောက်ဆီဂျင်နဲ့သြဇာ ဓာတ်တွေလည်း ပို့ မပေးနိုင်တော့ ပါဘူး။ နှလုံးသို့ သွေးပို့ပေးရတဲ့ သွေးကြောထဲ မှာ သွေးပျစ်ခဲ မှုဖြစ်ရင် နှလုံးရောဂါဖြစ် နိုင်ပါတယ်။ ဦးနှောက်သွေးကြောသွေး ပျစ်ခဲမှုဖြစ်ရင်နဲ့ သိပ်အရေး မကြီးသော သွေးကြောသွေး ပျစ်ခဲမှုရောဂါ၊  ခြေ ထောက် မှာဖြစ်ရင် လေသင် တုန်းဖြတ် နိုင်ပါတယ်။ 

အဆီဓာတ်ပါဝင်မှုရာနှုန်းနည်းသော ကိုလက်စထရောအစုအပုံ (VLDL)က အဆီဓာတ်ထုတ်လွှတ်နေစဉ်ကို (Triglycerides) သကြား ဓာတ်များများ ပါဝင် တဲ့အဆီ တစ်မျိုးဖြစ်တည်မှု လို့လည်းခေါ် ပါတယ်။    ယင်းသကြား ဓာတ်များများ ပါဝင်တဲ့  အဆီဓာတ် မျိုးဖြစ် တည်မှုများ ခြင်းသည်  သွေးကြော ကျဉ်းမှု ကိုလည်း ဖြစ်စေ ပါတယ်။ 

ကိုလက်စထရော အတက် အကျ မမှန် ခြင်းနှင့် သွေးထဲမှာ အဆီဓာတ် ရာနှုန်းပို ခြင်းသည် ရောဂါ လက္ခဏာကို မပြပါဘူး။ သင့်မှာ အန္တရာယ် ရှိနေပြီ ဆိုတာ အချက် ပြလိုက် တာဖြစ်ပါတယ်။  ''သွေးထဲမှာ အဆီဓာတ် ပါဝင်မှု အခြေအနေကို စစ်ဆေး ''ကြည့်ဖို့ လိုအပ်ပါတယ်။ ကိုလက် စထရော ပါဝင်မှု ရာနှုန်းကို 200 mg/dl ထက်လျော့ နည်းလျှင် အကောင်း ဆုံးလို့ မှတ်ယူ ပါတယ်။ 200 နဲ့ 235 ကြားမှာ ရှိပြီး 240  ထက်ကျော်လျှင် ကိုလက် စထရော အလွန်မြင့်မား တယ်လို့ မှတ်ယူ ပါတယ်။

အကောင်းဆုံး LDL ဟာ 130 mg/dl အောက်မှာ ရှိသင့်ပါတယ်။ သို့သော် နှလုံး သွေးကြော ရောဂါ ဆိုးရွားသည့် အခြေအနေမှာ ရှိတဲ့ပုဂ္ဂိုလ် တွေသည် ထို ထက်ပိုနည်းတဲ့ အခြေအနေ ရှိအောင် လုပ်သင့်ပါတယ်။ လက်တွေ့ စမ်းသပ်မှု အရ HDL အဆီဓာတ် ပါဝင်မှုမြင့်မား သည့်   ကိုလက်စထရော  နည်းလေ ကောင်းလေပါပဲ။   ထိန်းထား ရမည့် အဆင့် ကတော့   60  mg/dl ကျော် ကျော် လောက်မှာ ထားရှိ ရပါတယ်။ 

အထူးသဖြင့် အခြားသောကြီးမား သည့် နှလုံးရောဂါ ကိုဖြစ်စေတဲ့ သွေးတိုး ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆီးချိုရော ဂါရှိခြင်း သို့မဟုတ် မျိုးရိုးစဉ်ဆက် နှလုံး ရောဂါပြဿနာ တို့ကဲ့သို့သော အကြောင်း ရင်းတစ်ခုခု ဖြစ်ခဲ့ရင် အဆီဓာတ် ပါဝင်မှု အနည်း အများ မမှန်ကန်မှုကို ပြင်းပြင်း ထန်ထန် ရရှိနိုင် ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှု ပုံစံကို ပြန်လည် ရယူရန် မလုပ် မဖြစ်လုပ် ပါ။ ရှိသင့်တဲ့ ရာနှုန်းထက် အဆီဓာတ် ကြိမ်ဖန်များစွာ များပြား နေမယ်ဆိုရင် ဆေးလိပ် သောက်ခြင်း ကိုဖြတ် လိုက်ပါ။ အရက်သောက် ခြင်းကို  ဖြတ်လိုက်ပါ။ ကိုလက်စထရော နည်းတဲ့ အစားအစာ တွေကို ရွေးချယ်ပြီး ချင့်ချိန် စားသုံးပါ။ ထို့ပြင် လေ့ကျင့်ခန်း လည်း မှန်မှန်လုပ် ရန်လို အပ်ကြောင်း     တင်ပြ လိုက်ပါ တယ်။  

No comments: